
collage-63.jpg

 


 


Thu Riya Vs Hsu Eaint San

Thu Riya Vs Hsu Eaint San Challenge – Blindfold Makeup 😎If you want to play … Mention your lover or friends 😂

Posted by Thu Riya & Hsu Eaint San on Monday, November 19, 2018

Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

မျက်လုံးမှိတ်ပြီး ဂျိုကာ မိတ်ကပ်လိမ်းပြလိုက်တဲ့ သူရိယ နဲ့ ဆုအိမ့်စံ

မြန်မာနိုင်ငံရဲ့ ကြင်နာတတ်ကြလွန်းတဲ့ ချစ်သူစုံတွဲ တွေထဲမှာ သူရိယ နဲ့ ဆုဆု တို့ စုံတွဲလည်းပါဝင်ပါတယ်။ လတ်တလောခေတ်စားနေတဲ့ မျက်စိမှိတ် မိတ်ကပ်လိမ်းတဲ့ စိန်ခေါ်မှု လေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အရင်တစ်ခေါက်က သူရိယက ဆုဆု ကိုလိမ်းခဲ့တာဖြစ်ပေမယ့် အခုတစ်ခေါက်မှာတော့ ဆုဆု က သူရိယကို ပြန်လိမ်းပေးခဲ့တာပါ ။ ဂျိုကာရုပ် နဲ့သူရိယ ရဲ့ ရုပ်လေး ကိုရှုစားလိုက်ကြပါနော်.

Source – Thu Riya & Hsu Eaint San
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကျောင်းဆောင်ကြီးတခုလုံး ကို မဖျက်ဘဲ ပြိုင်တူတွန်းရွှေ့ခဲ့တဲ့ ရွာသားတွေရဲ့စုပေါင်းအား

ပြိုင်တူတွန်းရင် ရွေ့တယ်ဆိုတာ ငယ်ငယ်လေးကတည်းက ကျောင်းသင်ခန်းစာတွေမှာ သင်ကြားခဲ့ရပြီး အခု အချိန်အထိအသုံးဝင်နေတဲ့ ဆိုရိုးတစ်ခုပါ။ ပြိုင်တူတွန်းပြီး ကျောင်းဆောင်ကြီးတစ်ခုလုံးကို ရွေ့ခဲ့တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ၁၇.၁၁.၁၈ရက်နေ့ စုန်းချောင်း အ.ထ.က ကျောင်းဆောင်ဟောင်း ရွာသူရွာသားများစုပေါင်းအားဖြင့်ရွေ့ခဲ့တဲ့ ဗီဒီယိုလေးဟာ လူမှုကွန်ရက်ပေါ်မှာ ခေတ်စားနေပါတယ်။ စုန်းချောင်းရွာသားတွေဟာ မူလ ရှိနေခဲ့တဲ့ ကျောင်းဆောင်ဟောင်း ကို တစ်စစီ ဖျက်ပြီး သယ်ဆောင်တာမဟုတ်ပဲ လူအများအားနဲ့ တွန်းပြီး အခြားတစ်နေရာကိုရောက်အောင် တွန်းရွှေ့ခဲ့ကြတာပါ။ ရွာသားတွေအတွက်လည်း စေတနာရှင်တွေက ထမင်းတွေ အင်တိုက်အားတိုက်ကျွေးရင် ကုသိုလ်ပြုခဲ့ကြပါတယ်။ ပြိုင်တူတွန်းရင်း ရွှေ့ခဲ့ကြတဲ့ စုန်းချောင်းရွာသားတွေအတွက် ဂုဏ်ပြုလိုက်ကြရအောင်ပါ

Source – Ko Kyaung
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top