
Collage_Fotor-53.png


 

 


Source : Lwin Moe
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ဆုရွေးချယ်ရေးမှာရော အုပ်ချုပ်ရေးမှာပါ ခေတ်မမီတဲ့သူတွေများနေတယ် လို့ပြောလာတဲ့ လွင်မိုး

လတ်တလောမှာတော့ ၂၀၁၈ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီရရှိခဲ့တဲံ မင်းသားမင်းသမီးတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဆီက ဝေဖန်မှုတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ် ။ အမှန်တကယ် ရသင့်ရထိုက် သူတွေကို နေရာမပေးပဲ ရွေးချယ်ခဲ့တယ်လို့ အကယ်ဒမီဘုတ်အဖွဲ့နဲ့ တကွ တာဝန်ရှိသူတွေကို ပြစ်တင် ရှုံ့ချနေကြပြီး အကယ်ဒမီ သတင်းဟာ တကယ်ကို ဂယက်ရိုက်ခဲ့တာပါ ။ အခုလို အကယ်ဒမီဘုတ်အဖွဲ့ရဲ့ ပရိသတ်တွေ လက်မခံ နိုင်အောင် ရွေးချယ်ခဲ့မှုအပေါ် သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက သူ့ရဲ့အမြင်ကို ဖွင့်ဟခဲ့ပါတယ် ။

လွင်မိုးဟာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ” တစ်ခွန်းပဲပြောမယ် ၂၀၁၈ အကယ်ဒမီ ရှက်စရာအလွန်ကောင်းသည် ” ဆိုပြီးရေးသားခဲ့ပါတယ် ။ ကိုယ့်လောက သားတွေကို ပြောတာ မခံချင်ပေမယ့် မခံရအောင်လည်း မလုပ်နိုင်သလို လုပ်တာတွေကလဲ တလွဲ ကျွန်တော်လည်း ဘယ်ကားပိုကောင်းလဲ သိတာပေါ့ ဘာကြောင့်ကောင်းလဲ ၊ ဘယ်လိုကောင်းအောင်လုပ်လိုက်လဲ ဘာနဲ့လုပ်လိုက်လည်း ဆိုတာ အများကြီးပါ ကျွန်တော်တို့သရုပ်ဆောင်တွေ အတွက်မကောင်းတဲ့ဇာတ်ကား ဆိုတာမရှိပါဘူး ဘာ့ကြောင့်မကောင်းဖြစ်ရလည်း ဆိုပြီးအဖြေရှာကြည့်တတ်ကြတယ် အဓိက ပြသနာက လူငယ်တွေနေရာမရတာ ဆုရွေးချယ်ရေးမှာရော အုပ်ချုပ်ရေးမှာရော ခေတ်မမီတဲ့သူတွေများပြီး နီးစပ်ရာနဲ့ ပျော်နေကြတယ် သိပ်လည်း ဂရုမစိုက်ဘူး မှားလည်း ခပ်တည်တည်ပဲ မခင်ရင် မသိရင် သူတို့ကို ဂါရဝမပြုရင် တလွဲလုပ်တတ်ကြတယ် ကန်ရင်ပိုဆိုးရော လုံးဝဂရုမစိုက်တာ အများကောင်းဖို့ ဒီဘဲကြီးတွေကို ရိုင်းရတော့မယ်လို့လည်း သူရဲ့အမြင်ကို လွင်မိုးကပြောပြခဲ့ပါတယ် ။

Source : Lwin Moe
Molly @CeleGabar

scroll to top