အကယ္ဒီဆုေပါက္ၾကားမွုနဲ႕ ပရိသတ္ေတြ မေက်နပ္တဲ့ အကဲျဖတ္မွုအေပၚ ေျဖရွင္းလာတဲ့ ဦးဇင္၀ိုင္း

Collage_Fotor45020.png

 

အကယ္ဒမီဆုေပးပြဲ ၾကီးနဲ႕ ပတ္သက္လို႕ ဒီနွစ္ရဲ႕ ဆုရရွိသြားတဲ့ အေပၚ ပရိသတ္ေတြအေတာ္အမ်ား စိတ္မေက်နပ္ျဖစ္ခဲ့ရသလို အကယ္ဒမီရုပ္ရွင္အကဲျဖတ္စနစ္နဲ႕ ဒိုင္ေတြကိုလည္း အေတာ္ေလး ေ၀ဖန္ခဲ့ၾကပါတယ္။ ဒါအျပင္ ဆုေတြ အားလံုး မေၾကညာခင္မွာ ဆုရစာရင္းမ်ား စာရြက္နဲ႕ တကြ ေပါက္ၾကားမွုမ်ားျဖစ္ေပၚခဲ့ျပီး ဒီအတြက္နဲ႕ ရုပ္ရွင္အစည္းအရံုးအေပၚ အထင္လြဲမွားစရာ ျဖစ္ေပၚလာခဲ့ပါတယ္။

 

ဒီအတြက္နဲ႕ ရုပ္ရွင္ အစည္းအရံုးရဲ႕ဥကၠဌ ဦးဇင္၀ိုင္းက ” အကယ္စာရင္းေပါက္ၾကားတာဟာ ျဖစ္ေလ႕ျဖစ္ထရွိပါတယ္။ ဒီနွစ္ရဲ႕ စာရင္းေပါက္ၾကားမွုက (၇)နာရီ (၄၀) ေလာက္မွာျဖစ္ပါလိမ္႕မယ္။ အေရးယူဖို႕လည္းေဆာင္ရြက္ေနပါတယ္။ ကြင္းထဲေရာက္မွ ေပါက္ၾကားတာျဖစ္လို႕ စံုစမ္းရအေတာ္ခက္ပါတယ္။

 

အကဲျဖတ္ထဲမွာ လူၾကီး၊လူလတ္၊ လူငယ္ပါပါတယ္။ လူငယ္ေတြကို ပိုဖိတ္ေခၚပါတယ္။ ဒါပေမဲ့ လူငယ္ေတြက မလုပ္နိုင္ၾကပါဘူး။ ဒီနွစ္မွာ (၈၃) ကားၾကည္႕ရပါတယ္။ ၾကည္႕ဖို႕လဲ နာရီေပါင္းအေတာ္ၾကာ အခ်ိန္ယူရပါတယ္။ ဘယ္လိုေပးခြင့္ရွိလဲဆိုတာ ကၽြန္ေတာ္တို႕ သတ္မွတ္ထားပါတယ္။ တစ္ေယာက္တည္း ပူးေပါင္းလုပ္ၾကံဖို႕ မျဖစ္နိုင္ပါဘူး။ ရုပ္ရွင္စည္းမ်ဥ္းေတြနဲ႕ပတ္သက္လို႕ က်ေနာ္တို႕မွာ ဘာအားနည္းခ်က္ရွိလဲ ။ ရွိတာကို ျပန္လည္ျပဳျပင္ရမွာျဖစ္ပါတယ္။ ” လို႕ ဦးဇင္၀ိုင္းက ခုလို ေျဖၾကားထားပါတယ္။


Source : Myanmar celebrity Video;
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

အကယ်ဒမီဆုပေးပွဲ ကြီးနဲ့ ပတ်သက်လို့ ဒီနှစ်ရဲ့ ဆုရရှိသွားတဲ့ အပေါ် ပရိသတ်တွေအတော်အများ စိတ်မကျေနပ်ဖြစ်ခဲ့ရသလို အကယ်ဒမီရုပ်ရှင်အကဲဖြတ်စနစ်နဲ့ ဒိုင်တွေကိုလည်း အတော်လေး ဝေဖန်ခဲ့ကြပါတယ်။ ဒါအပြင် ဆုတွေ အားလုံး မကြေညာခင်မှာ ဆုရစာရင်းများ စာရွက်နဲ့ တကွ ပေါက်ကြားမှုများဖြစ်ပေါ်ခဲ့ပြီး ဒီအတွက်နဲ့ ရုပ်ရှင်အစည်းအရုံးအပေါ် အထင်လွဲမှားစရာ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီအတွက်နဲ့ ရုပ်ရှင် အစည်းအရုံးရဲ့ဥက္ကဌ ဦးဇင်ဝိုင်းက ” အကယ်စာရင်းပေါက်ကြားတာဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီနှစ်ရဲ့ စာရင်းပေါက်ကြားမှုက (၇)နာရီ (၄၀) လောက်မှာဖြစ်ပါလိမ့်မယ်။ အရေးယူဖို့လည်းဆောင်ရွက်နေပါတယ်။ ကွင်းထဲရောက်မှ ပေါက်ကြားတာဖြစ်လို့ စုံစမ်းရအတော်ခက်ပါတယ်။

အကဲဖြတ်ထဲမှာ လူကြီး၊လူလတ်၊ လူငယ်ပါပါတယ်။ လူငယ်တွေကို ပိုဖိတ်ခေါ်ပါတယ်။ ဒါပမေဲ့ လူငယ်တွေက မလုပ်နိုင်ကြပါဘူး။ ဒီနှစ်မှာ (၈၃) ကားကြည့်ရပါတယ်။ ကြည့်ဖို့လဲ နာရီပေါင်းအတော်ကြာ အချိန်ယူရပါတယ်။ ဘယ်လိုပေးခွင့်ရှိလဲဆိုတာ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ တစ်ယောက်တည်း ပူးပေါင်းလုပ်ကြံဖို့ မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်စည်းမျဉ်းတွေနဲ့ပတ်သက်လို့ ကျနော်တို့မှာ ဘာအားနည်းချက်ရှိလဲ ။ ရှိတာကို ပြန်လည်ပြုပြင်ရမှာဖြစ်ပါတယ်။ ” လို့ ဦးဇင်ဝိုင်းက ခုလို ဖြေကြားထားပါတယ်။

 

scroll to top