
3-15.png


 

 


Source : Chu Lay
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

သတိုးတေဇရဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းတော့မယ့် ခြူး ၊ သက်မွန်မြင့်နဲ့ မြင့်မြတ်

သတိုးတေဇ ဆိုတာနဲ့ သရဲဝတ္ထုတွေရေးတတ်တဲ့ စာရေးဆရာဆိုတာတော့ ပရိသတ်တွေ အားလုံးသိပြီး ဖြစ်မှာပါနော် ။ စိတ်ခြောက်ခြားစရာ ဝတ္ထုတစ်အုပ်ဖြစ်တဲ့ ကဝေသေလို့ခြောက်တဲ့တစ္ဆေ ဝတ္တုကို အခုဒါရိုက်တာ ကိုဇော် ( အာရုံဦး) က ရိုက်ကူးပုံဖော်တော့မယ်လို့သိရပါတယ် ။ ဒီကားထဲမှာ အဓိက ပါဝင်မယ့် သူတွေကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ အမြဲတွေ့နေရတဲ့ ခြူးလေး နဲ့ သက်မွန်မြင့် မြင့်မြတ်တို့ပါဝင်တယ်လို့သိရပါတယ် ။

ခြူးလေးကတော့ သူမရဲ့ခြေလှမ်းအသစ်အတွက် ရင်ခုန်နေသလို လေးစားအားကျ ရတဲ့ ကိုမြင့်မြတ်နဲ့ ချစ်သက် လေး နဲ့အတူတူ ရိုက်ကူးခွင့် ရတဲ့အတွက်
ခြူးလေးကို သတိတရနဲ့ ကားရိုက်ချိတ်ပေးတဲ့ ဦးငယ်လေး Tin Tunn Win ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေး သားထားပါတယ် ။ ခြူးလေးကို ယုံယုံကြည်ကြည်နဲ့ လက်တွဲခေါ်ပေးတဲ့ ဆရာ ဦးဇော် Ko Zaw Dawn နဲ့ အန်တီသီတာ ယုံယုံကြည်ကြည်နဲ့ ရိုက်ကူးခွင့်ပေးတဲ့ ” Lucky Seven “ရုပ်ရှင် ထုတ်လုပ်ရေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် လို့ခြူးလေးက ပြောပြခဲ့ပါတယ် ။

Source : Chu Lay
Molly @CeleGabar

scroll to top