အဖိုးႀကီးအဘြားႀကီးေတြ ဆုံးျဖတ္တာကို မမွ်တဘူးထင္ရင္ လူငယ္ေတြ နဲ႔ အစားထိုးလည္း လက္ခံပါတယ္ဆိုလာတဲ့ အကယ္ဒမီအကဲျဖတ္ဥကၠဌ ၾကည္စိုးထြန္း

Collage_Fotor257257.png

 

ၿပီးဆုံးသြားၿပီျဖစ္တဲ့ အကယ္ဒမီနဲ႔ ပတ္သက္လို႔ ႐ုပ္ရွင္ခ်စ္ပရိသတ္အမ်ား မေက်နပ္မႈအေပၚ ႐ုပ္ရွင္အစည္းအ႐ုံးနဲ႔ အကယ္ဒမီအကဲျဖတ္လူႀကီးမ်ားအေပၚမွာလည္း ျပင္းျပင္းထန္ထန္ေဝဖန္ရွဴံ႔ခ်မႈေတြ ရွိခဲ့တာမို႔ အကယ္ဒမီအကဲျဖတ္အဖြဲရဲ႕ ဥကၠဌ ျဖစ္တဲ့ ဒါ႐ိုက္တာ ၾကည္စိုးထြန္းက တကယ္ကို စိတ္ႏွလုံးေအးခ်မ္းစြာနဲ႔ ပရိသတ္ေတြရဲ႕ မေက်နပ္ခ်က္ေတြ အတြက္ သင့္တင့္ေလ်ာက္ပတ္စြာ အကယ္ဒမီညစာ ဂုဏ္ျပဳကေန ခုလိုရွင္းျပလာပါတယ္။

ပရိသတ္ေတြ ျမန္မာ့အကယ္ဒမီကို ထင္မႀကီးၾကေတာ့ဘူး ဆိုတဲ့အေပၚ “အဖိုးႀကီးေတြ၊အဘြားႀကီးေတြ ဆုံးျဖတ္တာ ၊ ေခတ္မမီဘူးထင္ရင္၊ မမွ်တဘူးထင္ရင္ လူငယ္ေတြ နဲ႔ အစားထိုးၾကပါ။ လက္ခံပါတယ္။ ဘယ္လိုလူငယ္ေတြနဲ႔လုပ္ၾကမလဲ၊ မွ်တရင္ ၿပီးတာပါပဲ။ပရိတသ္ေတြရဲ႕ မ ေက်နပ္ခ်က္ကေတာ့ ဆရာတို႔ရဲ႕ လိုအပ္ခ်က္လို႔လည္းထင္ပါတယ္။ ဆရာတို႔ရဲ႕ အသက္ႀကီးတာတို႔၊ အေတြးအေခၚေတြ အိုတာတို႔ ျဖစ္ႏိုင္ပါတယ္။အသစ္ေတြကိုလည္း ရွာပါ။ ဆရာတို႔က ဖယ္ေပးမွာပါ ” လို႔ ဆိုခဲ့ပါတယ္။

 


ရတဲ့သူေတြကိုလည္း ဂုဏ္ျပဳၿပီးသလို အလားအလာရွိတဲ့ ဇာဏ္ခီဇနီးေမာင္ႏွံတို႔ကို ကြၽန္ေတာ္ အေတာ္မ်က္စိက်ပါတယ္ၿပီးေတာ့ အာကာတို႔ အုပ္စု ကိုလည္းႀကိဳဆိုပါတယ္။ ခါရာတို႔၊ညဏ္ထင္တို႔၊ အဲလစ္၊ ေအာင္ျမင့္ျမတ္တို႔ ႀကိဳဆိုပါတယ္။ ဂီတဘက္က ကူးလာတဲ့ လႊမ္းပိုင္၊ ရဲ႕ရင့္ေအာင္တို႔ က်ေနာ္သေဘာက်ပါတယ္။ အထပ္ထပ္ျဖစ္ေနတဲ့လူေတြထက္ သ႐ုပ္ေဆာင္သစ္ေတြထြက္လာတာကိုကြၽန္ေတာ္တိုက ေသဘာက်ပါတယ္။ သမၼတႀကီးထံသို႔ ေပးစာထဲက ခ်မ္းမင္းရဲထြဋ္ မ်က္စိက်တယ္။ ဥပါယ္တံမ်ဥ္ထဲက ေအာင္ျမင့္ျမတ္၊ လွယဥ္ေက်း နဲ႔ ဒါ႐ိုက္တာ ဏႀကီး တို႔ ကိုလည္း ကြၽန္ေတာ္သေဘာက်ပါတယ္။ လို႔ လူသစ္ေတြကို ႀကိဳဆိုေၾကာင္း ဒါ႐ိုက္တာ ၾကည္စိုးထြန္းက ဆိုပါတယ္။

 

 

ပြဲခင္းထဲမွာ ဆရာတို႔က တကယ္ကိုင္တာ သုံးေယာက္ရွိတယ္။ ေဖာက္တဲ့သူက တစ္ေယာက္ရွိတယ္။ ကြန္ပ်ဴတာ႐ိုက္ေပးရတာ တစ္ေယာက္ရွိတယ္။အ႐ုပ္တင္ရတယ္။ ဒါေတြၿပီးမွတင္ဆက္သူကို ေပး၇တယ္။ ဘယ္ကဘယ္လိုျဖစ္လဲေတာ့ မသိပါဘူး။ ပြဲခင္းထဲမွေပါက္သြားတယ္ ။ ဒါကေတာ့ ဆရာတို႔ တာဝန္လည္းရွိပါတယ္။အတတ္ႏိုင္ဆုံး လာဘ္ေပးလာဘ္ယူမရွိ ၊စိတ္ေျဖာင့္ေျဖာင့္ လိပ္ျပာသန႔္သန႔္နဲ႔ လုပ္ခဲ့တယ္။ လို႔ ဆုစာရင္းေပါက္ၾကားမႈနဲ႔ အတူ ဆုရသူေတြ၊ မရသူေတြနဲ႔ပတ္သက္လို႔ ခုလိုေျဖၾကားခဲ့တာျဖစ္ပါတယ္။

 

 

 

Source : Myanmar celebrity Video;
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပြီးဆုံးသွားပြီဖြစ်တဲ့ အကယ်ဒမီနဲ့ ပတ်သက်လို့ ရုပ်ရှင်ချစ်ပရိသတ်အများ မကျေနပ်မှုအပေါ် ရုပ်ရှင်အစည်းအရုံးနဲ့ အကယ်ဒမီအကဲဖြတ်လူကြီးများအပေါ်မှာလည်း ပြင်းပြင်းထန်ထန်ဝေဖန်ရှူံ့ချမှုတွေ ရှိခဲ့တာမို့ အကယ်ဒမီအကဲဖြတ်အဖွဲရဲ့ ဥက္ကဌ ဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းက တကယ်ကို စိတ်နှလုံးအေးချမ်းစွာနဲ့ ပရိသတ်တွေရဲ့ မကျေနပ်ချက်တွေ အတွက် သင့်တင့်လျောက်ပတ်စွာ အကယ်ဒမီညစာ ဂုဏ်ပြုကနေ ခုလိုရှင်းပြလာပါတယ်။

ပရိသတ်တွေ မြန်မာ့အကယ်ဒမီကို ထင်မကြီးကြတော့ဘူး ဆိုတဲ့အပေါ် “အဖိုးကြီးတွေ၊အဘွားကြီးတွေ ဆုံးဖြတ်တာ ၊ ခေတ်မမီဘူးထင်ရင်၊ မမျှတဘူးထင်ရင် လူငယ်တွေ နဲ့ အစားထိုးကြပါ။ လက်ခံပါတယ်။ ဘယ်လိုလူငယ်တွေနဲ့လုပ်ကြမလဲ၊ မျှတရင် ပြီးတာပါပဲ။ပရိတသ်တွေရဲ့ မ ကျေနပ်ချက်ကတော့ ဆရာတို့ရဲ့ လိုအပ်ချက်လို့လည်းထင်ပါတယ်။ ဆရာတို့ရဲ့ အသက်ကြီးတာတို့၊ အတွေးအခေါ်တွေ အိုတာတို့ ဖြစ်နိုင်ပါတယ်။အသစ်တွေကိုလည်း ရှာပါ။ ဆရာတို့က ဖယ်ပေးမှာပါ ” လို့ ဆိုခဲ့ပါတယ်။

ရတဲ့သူတွေကိုလည်း ဂုဏ်ပြုပြီးသလို အလားအလာရှိတဲ့ ဇာဏ်ခီဇနီးမောင်နှံတို့ကို ကျွန်တော် အတော်မျက်စိကျပါတယ်ပြီးတော့ အာကာတို့ အုပ်စု ကိုလည်းကြိုဆိုပါတယ်။ ခါရာတို့၊ညဏ်ထင်တို့၊ အဲလစ်၊ အောင်မြင့်မြတ်တို့ ကြိုဆိုပါတယ်။ ဂီတဘက်က ကူးလာတဲ့ လွှမ်းပိုင်၊ ရဲ့ရင့်အောင်တို့ ကျနော်သဘောကျပါတယ်။ အထပ်ထပ်ဖြစ်နေတဲ့လူတွေထက် သရုပ်ဆောင်သစ်တွေထွက်လာတာကိုကျွန်တော်တိုက သေဘာကျပါတယ်။ သမ္မတကြီးထံသို့ ပေးစာထဲက ချမ်းမင်းရဲထွဋ် မျက်စိကျတယ်။ ဥပါယ်တံမျဉ်ထဲက အောင်မြင့်မြတ်၊ လှယဉ်ကျေး နဲ့ ဒါရိုက်တာ ဏကြီး တို့ ကိုလည်း ကျွန်တော်သဘောကျပါတယ်။ လို့ လူသစ်တွေကို ကြိုဆိုကြောင်း ဒါရိုက်တာ ကြည်စိုးထွန်းက ဆိုပါတယ်။

ပွဲခင်းထဲမှာ ဆရာတို့က တကယ်ကိုင်တာ သုံးယောက်ရှိတယ်။ ဖောက်တဲ့သူက တစ်ယောက်ရှိတယ်။ ကွန်ပျူတာရိုက်ပေးရတာ တစ်ယောက်ရှိတယ်။အရုပ်တင်ရတယ်။ ဒါတွေပြီးမှတင်ဆက်သူကို ပေး၇တယ်။ ဘယ်ကဘယ်လိုဖြစ်လဲတော့ မသိပါဘူး။ ပွဲခင်းထဲမှပေါက်သွားတယ် ။ ဒါကတော့ ဆရာတို့ တာဝန်လည်းရှိပါတယ်။အတတ်နိုင်ဆုံး လာဘ်ပေးလာဘ်ယူမရှိ ၊စိတ်ဖြောင့်ဖြောင့် လိပ်ပြာသန့်သန့်နဲ့ လုပ်ခဲ့တယ်။ လို့ ဆုစာရင်းပေါက်ကြားမှုနဲ့ အတူ ဆုရသူတွေ၊ မရသူတွေနဲ့ပတ်သက်လို့ ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

Source : Myanmar celebrity Video;
Khin Mi Mi @CeleGabar

scroll to top