ေခါင္းအစ ေျခအဆံုး အနက္အဓိပၸါယ္မ်ားစြာ ေဖာ္ေဆာင္ေနတဲ့ မင္းသမီးေလး ေရႊမွုန္ရတီရဲ႕ အကယ္ဒမီ၀တ္စံုေလးအေၾကာင္း

Collage_Fotor5865.png

 

ျမန္မာနို္င္ငံရဲ႕ ထိပ္တန္းမင္းသမီးေတြထဲကတစ္ေယာက္ျဖစ္တဲ့ ေရႊမွုန္ရတီ ေခၚ သဲကေတာ့ ဒီနွစ္ရဲ႕ အကယ္ဒမီ ေပးပြဲကို သူမရဲ႕ ခင္ပြန္းျဖစ္သူ ေရႊထူးနဲ႕ အတူတူ ေရႊလက္တြဲလို႕ တက္ေရာက္လာခဲ့ျပီး ဒီနွစ္မွာေတာ့ သူမရဲ႕၀တ္စံုဖက္ရွင္ေလးကေတာ့ ခါတိုင္းနွစ္နဲ႕ မတူပဲ အရမ္းကို တည္ျငိမ္ရင္က်က္ေနတဲ့ အလွအသြင္ကို ေဆာင္ေနတာပါ။

 

 

 

ငယ္ရြယ္ေအာင္ျမင္ေနတဲ့ အခ်ိန္မွာ အျဖဴစင္ဆံုးအခ်စ္နဲ႔ ခ်စ္ရသူကို ရဲရဲရင့္ရင့္လက္တြဲခဲ့ၿပီး ဘဝကို ယံုၾကည္မႈရွိရွိ ေရွ႕ဆက္ေလွ်ာက္ေနတဲ့ သဲရဲ႕သြင္ျပင္ကို ကိုယ္စားျပဳဖို႔ ျဖဴစင္ျခင္းကို ကိုယ္စားျပဳတဲ့ အျဖဴေရာင္ ဝတ္စံုကို ခင္ပြန္းျဖစ္သူနဲ႕ ဆင္တူ ၀တ္ဆင္ခဲ့တာျဖစ္ျပီး ၀တ္စံုရဲ႕ဒီဇိုင္ေလးကို ဒီဇိုင္နာ ေကာင္းျမတ္ (Haute Couture)က အေကာင္းဆံုးေသာ စိတ္ကူးေတြနဲ႕ ဖန္တီးခ်ဳပ္လုပ္ေပးထားတာျဖစ္ပါတယ္။

 

ေခါင္းအစ ေျခအဆံုး ျပီးျပည္႕စံုေအာင္ ရဲရင့္ျပတ္သားျခင္းကို အသြင္ေဆာင္ေသာ ပတၱျမား လက္ဝတ္ရတနာ နဲ႕အတူ ေျခလွမ္းတိုင္းရဲရင့္တက္ၾကြေနေအာင္ အနီေသြးေရာင္ ရွိတဲ့ Crystal Shoes ေလးကိုပါ ဆင္ျမန္းထားပါတယ္။ ဒီနွစ္အတြက္ မိတ္ကပ္ဆရာကေတာ့ ခါတိုင္းနွစ္ေတြနဲ႕ မတူပဲ ထိုင္းႏိုင္ငံမွ
မိတ္ကပ္ပညာရွင္မ်ားျဖစ္တဲ့ Andi Soon ႏွင့္ JackLyn တို႔မွ တာဝန္ယူ ျပင္ဆင္ေပးခဲ့တာျဖစ္ပါတယ္။

 

 

အဝတ္အစား ၊ ဖိနပ္၊ လက္ဝတ္ရတနာ ကအစ ျပင္ဆင္ခဲ့တဲ့ မိတ္ကပ္ေတြ အထိ အဓိပၸါယ္ကိုယ္စီကို ေဖာ္ေဆာင္ေနခဲ့ျပီး အခုလို ျပင္ဆင္မႈမ်ား ႏွင့္ ပတ္သတ္ၿပီး ေရႊမႈန္ရတီက “ ဒီေန႔ပြဲမွာ ျပင္ဆင္လာတဲ့ သဲ ရဲ႕ အျပင္အဆင္ေတြအားလံုးက သဲ ရဲ႕လက္ရွိ အေျခအေန ၊ စိတ္ခံစားခ်က္ကို ကိုယ္စားျပဳၿပီး ျပင္ဆင္လာခဲ့တာပါ။ သဲ တစ္ကိုယ္လံုးမွာ ျပင္ဆင္လာတဲ့ အျပင္အဆင္ တစ္ခုခ်င္းဆီမွာ အနက္အဓိပၸါယ္တစ္ခုခ်င္းဆီ ရွိေနတယ္။ သဲရဲ႕ personality ကို ကိုယ္စားျပဳတဲ့ အျဖဴေရာင္၊ သဲရဲ႕ ယံုၾကည္ရဲရင့္မႈေတြကို ကိုယ္စားျပဳတဲ့ အနီေရာင္ စသျဖင့္ေပါ့့။ ေနာက္ျပီး သဲက Huawei Brand ကို ကိုယ္စားျပဳတဲ့ သူတစ္ဦးလည္း ျဖစ္တာေၾကာင့္ ဒီေန႔အျပင္အဆင္က ထြက္ရွိလာမယ့္ Huawei P Series အသစ္ရဲ႕ ပံုရိပ္ကိုလည္ကိုယ္စားျပဳေနပါေသးတယ္” လို႕ ေျပာၾကားခဲ့ပါေသးပါတယ္။

Source : Huawei photo  ;
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ ရွှေမှုန်ရတီ ခေါ် သဲကတော့ ဒီနှစ်ရဲ့ အကယ်ဒမီ ပေးပွဲကို သူမရဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အတူတူ ရွှေလက်တွဲလို့ တက်ရောက်လာခဲ့ပြီး ဒီနှစ်မှာတော့ သူမရဲ့ဝတ်စုံဖက်ရှင်လေးကတော့ ခါတိုင်းနှစ်နဲ့ မတူပဲ အရမ်းကို တည်ငြိမ်ရင်ကျက်နေတဲ့ အလှအသွင်ကို ဆောင်နေတာပါ။

ငယ်ရွယ်အောင်မြင်နေတဲ့ အချိန်မှာ အဖြူစင်ဆုံးအချစ်နဲ့ ချစ်ရသူကို ရဲရဲရင့်ရင့်လက်တွဲခဲ့ပြီး ဘဝကို ယုံကြည်မှုရှိရှိ ရှေ့ဆက်လျှောက်နေတဲ့ သဲရဲ့သွင်ပြင်ကို ကိုယ်စားပြုဖို့ ဖြူစင်ခြင်းကို ကိုယ်စားပြုတဲ့ အဖြူရောင် ဝတ်စုံကို ခင်ပွန်းဖြစ်သူနဲ့ ဆင်တူ ဝတ်ဆင်ခဲ့တာဖြစ်ပြီး ဝတ်စုံရဲ့ဒီဇိုင်လေးကို ဒီဇိုင်နာ ကောင်းမြတ် (Haute Couture)က အကောင်းဆုံးသော စိတ်ကူးတွေနဲ့ ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပါတယ်။

ခေါင်းအစ ခြေအဆုံး ပြီးပြည့်စုံအောင် ရဲရင့်ပြတ်သားခြင်းကို အသွင်ဆောင်သော ပတ္တမြား လက်ဝတ်ရတနာ နဲ့အတူ ခြေလှမ်းတိုင်းရဲရင့်တက်ကြွနေအောင် အနီသွေးရောင် ရှိတဲ့ Crystal Shoes လေးကိုပါ ဆင်မြန်းထားပါတယ်။ ဒီနှစ်အတွက် မိတ်ကပ်ဆရာကတော့ ခါတိုင်းနှစ်တွေနဲ့ မတူပဲ ထိုင်းနိုင်ငံမှ
မိတ်ကပ်ပညာရှင်များဖြစ်တဲ့ Andi Soon နှင့် JackLyn တို့မှ တာဝန်ယူ ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

အဝတ်အစား ၊ ဖိနပ်၊ လက်ဝတ်ရတနာ ကအစ ပြင်ဆင်ခဲ့တဲ့ မိတ်ကပ်တွေ အထိ အဓိပ္ပါယ်ကိုယ်စီကို ဖော်ဆောင်နေခဲ့ပြီး အခုလို ပြင်ဆင်မှုများ နှင့် ပတ်သတ်ပြီး ရွှေမှုန်ရတီက “ ဒီနေ့ပွဲမှာ ပြင်ဆင်လာတဲ့ သဲ ရဲ့ အပြင်အဆင်တွေအားလုံးက သဲ ရဲ့လက်ရှိ အခြေအနေ ၊ စိတ်ခံစားချက်ကို ကိုယ်စားပြုပြီး ပြင်ဆင်လာခဲ့တာပါ။ သဲ တစ်ကိုယ်လုံးမှာ ပြင်ဆင်လာတဲ့ အပြင်အဆင် တစ်ခုချင်းဆီမှာ အနက်အဓိပ္ပါယ်တစ်ခုချင်းဆီ ရှိနေတယ်။ သဲရဲ့ personality ကို ကိုယ်စားပြုတဲ့ အဖြူရောင်၊ သဲရဲ့ ယုံကြည်ရဲရင့်မှုတွေကို ကိုယ်စားပြုတဲ့ အနီရောင် စသဖြင့်ပေါ့။ နောက်ပြီး သဲက Huawei Brand ကို ကိုယ်စားပြုတဲ့ သူတစ်ဦးလည်း ဖြစ်တာကြောင့် ဒီနေ့အပြင်အဆင်က ထွက်ရှိလာမယ့် Huawei P Series အသစ်ရဲ့ ပုံရိပ်ကိုလည်ကိုယ်စားပြုနေပါသေးတယ်” လို့ ပြောကြားခဲ့ပါသေးပါတယ်။

Source : Huawei ;
Khin Mi Mi @CeleGabar

 

scroll to top