Collage_Fotor5222.png

အကယ်ဒမီဆုနဲ့ လုံးဝလွဲချော်ခဲ့ရတဲ့ အပြင် ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကပါ အွန်လိုင်းမှာပျံနှံနေလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဇာဏ်ခီ

ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင် နှစ်ဦးဖြစ်တဲ့ မင်းသား ဇာဏ်ခီ နဲ့ခရစ္စနားခီတို့ ဇနီးမောင်နှံဟာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကကို တမျိုးတဖုံပြောင်းလဲစေခဲ့တဲ့ ရုပ်ရှင်ပညာရှင် မောင်နှံလို့ ဆိုနိုင်ပြီး ဒီနှစ်ရဲ့ အကယ်ဒမီစင်မြင့်ထက်မျာ ခီမောင်နှံတို့ နှစ်ယောက်လုံးမဟုတ်တောင် အနည်းဆုံး တစ်ယောက်က အကယ်ဒမီဆုတစ်ခုကို ဆွတ်ခူးရရှိလိမ့်မယ်လို့ ပရိသတ်တွေက အရမ်းကို မျှော်လင့်ထားကြတာဖြစ်ပါတယ်။

တကယ်တမ်း အကယ်ဒမီပွဲကို တက်ရောက်လာချိန်မှာ စိန်ရွှေ၊ လက်ဝတ်ရတနာတစ်မှုန်မှ ကြွားဝါပန်ဆင်ထားခြင်းမရှိသလို ရိုးရှင်းစွာနဲ့ အကယ်ဒမီကို ဘယ်သူရမလဲ သိချင်လို့ တက်လာပါလို့ ရိုးရှင်းစွာ ဖြေကြားခဲ့ပါတယ်။ အကယ်ဒမီဆုကို သူတို့ဇနီးမောင်နှံကိုယ်တိုင်က မမျှော်မှန်းထားမှန်း အပြောအဆိုနဲ့ အမူအရာလေးတွေက သိပ်ကို ပေါ်လွင်နေပြီး တဖက်မှာ တော့ သူတို့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားလုံးဟာ ယူရို၊ အာရှ၊စသဖြင့်နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ပြပွဲတော်တော်များများမှာ ဆုတွေ ရရှိထားတာဖြစ်ပါတယ် ။

 

 

သို့သော်လည်း မြန်မာနိုင်ငံ အကယ်ဒမီဆု မရရှိခဲ့တဲ့အပေါ် ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပြီး အတော်လေးရင်နာမဆုံးဖြစ်ခဲ့ရသလို လက်ရှိမှာလည်း ငွေနဲ့ အချိန် ပညာတွေအကုန်ကျခံရိုက်ကူးထားတဲ့ Deception (ဥပါယ်တံမျဉ်) ရုပ်ရှင်ဇာတ်ကားကြီးဟာ အွန်လိုင်းမီဒီယာထက်မှာ ပျံနှံနေပြီး Facebook page တစ်ချို့မှာပါ ပေါ်ပေါ်တင်တင် ပျံနှံနေတယ်လို့ ဆိုကြပါတယ်။ ဒီအတွက်နဲ့ မင်းသား ဇဏ်ခီဟာ “Deception online ပေါ်ပြန့်နေမှုကိုဥပဒေလမ်းကြောင်းအရအရေးယူဖို့ကျနော်တို့ကြိုးစားနေတဲ့ကြားထဲက အခုဆိုရင်ပေါ်ပေါ်ထင်ထင် page နဲ့ကိုပြနေပါတယ်။ဘယ်သူမှအရေးမယူပေးနိုင်ဘူးဖြစ်နေတာ တော်တော်အံ့သြဖို့ကောင်းပါတယ်။ ” လို့ ရေးသားခဲ့ပြီး ခုလို ပျံနှံမှုအတွက် စိတ်မကောင်းဖြစ်နေတာမို့ ပရိသတ်ကြီးအတွက်ဖော်ပြလိုက်ရပါတယ်နော်။

 

Source : Zenn Kyi ;
Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top