
001-20.jpg

 






Source – Mi Mi Khine
ယူနီကုဒ်ဖြင့်ဖတ်ရန်

ခင်ပွန်းသည်ကို တားရင်း အကယ်ဒမီဂယက် အတွက် စကားဆိုလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် တေးသီချင်းတွေကိုလည်း အသံပါဝါကောင်းကောင်းနဲ့ သီဆိုနိုင်တဲ့ တေးသံရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ယခုနှစ် အကယ်ဒမီမှာလည်း သူရဲ့ ပြောင်မြောက် လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် “နောင်တွင်ဥဒါန်းတွင်စေသတည်း” ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ရရှိနိုင်တယ်လို့ ထင်ကြေးပေးခံရသူတစ်ယောက်ပါ။ လတ်တလောမှာ ဝေဖန်မှုတွေ နဲ့ ပွဲဆူခဲ့တဲ့ အကယ်ဒမီအတွက် မခိုင်ကြီးတစ်ယောက် ပရိသတ်တွေထိရှသွားစေမယ့် စကားတစ်ခုကို ဆိုလိုက်ပါတယ်။

(၂၀၁၈) အကယ်ဒမီဟာ ရုပ်ရှင်လောက နဲ့ ပရိသတ်တွေကို ပါ ပွဲဆူစေခဲ့တာပါ မခိုင်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ကိုအောင်မင်းထွန်း က တုတ်ဖို့ စာတွေ စီ စီ နေလို့ တားနေရတယ်လေ … တကယ်တန်းကျ တော့ ကိုယ့်ရင်ထဲ မှာ ပြောနေမိတာလဲ …every sector မှာ generation gaps တွေ များနေပြီ …. လို့” ဆိုပြီးရေးသားထားပါတယ်။ ပရိသတ်အချစ်တော် မင်းသမီးကြီး စိုးမြတ်သူဇာက တော့ မှတ်ချက်ကနေ” အမ ကလဲ ပြောပါစေ ” ဆိုပြီး မှတ်ချက်ပေးထားလေရဲ့ ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော မခိုင်ကြီးရဲ့ စကားအပေါ် မှတ်ချက်ကနေ တစ်ခုခု ပြောခဲ့ကြပါနော် ။

Source – Mi Mi Khine
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top