ဒါရိုက္တာဝိုင္းေၾကာင့္ ရုပ္ရွင္ရံုမွာ ပရိသတ္မဝင္ခဲ့တဲ့ လွပ္၍လြင့္ေသာ ရုပ္ရွင္

003-15.jpg

ဆယ္လီကမၻာပရိသတ္ၾကီးေရ မၾကာေသးခင္က ရုပ္ရွင္ဇာတ္ညႊန္းဆုကို ဆြတ္ခူးထားသူေတြထဲမွာ ႏိုင္ငံေက်ာ္ ဒါရိုက္တာၾကီး ဝိုင္းလည္းပါဝင္ပါတယ္။ ဒါရိုက္တာဝိုင္းဟာ အကယ္ဒမီဆုကို လက္ခံရယူစဥ္မွာ ေျပာဆိုခဲ့တဲ့ တခ်ိဳ႕ေသာ စကားလံုးမ်ားေၾကာင့္ ပရိသတ္ေတြေပါက္ကြဲခဲ့ၾကရပါတယ္။ အဆိုပါျဖစ္ရပ္ေၾကာင့္ လက္ရွိမွာ ဒါရိုက္တာဝိုင္းရိုက္ကူးထားတဲ့ လွပ္၍လြင့္ေသာ ရုပ္ရွင္ဇာတ္ကားၾကီးကို ပရိသတ္ေတြက သပိတ္ေမွာက္တဲ့ အေနနဲ႕ မၾကည့္ၾကဖို႕ လႈံ႔ေဆာ္တာေတြ လူမႈကြန္ရက္ေပၚမွာ နာရီပိုင္းအတြင္း ပ်ံ႔ႏွံ႔ခဲ့တာပါ ။




ဒီကိစၥကို လက္ေတြ႕သက္ေသျပျခင္းတစ္ခုလူမႈကြန္ရက္ေပၚမွာ ပ်ံ႔ႏွံ႔ခဲ့ပါတယ္။ ” ေအး လြင္ ဦး ” အေကာင့္ပိုင္ရွင္ က သူ႕ကိုယ္ေတြ႕ အေတြ႕အၾကံဳကို လူမႈကြန္ရက္ေပၚမွာ ျပန္လည္ျဖန္႕ေဝခဲ့တာပါ ။ ကိုေအးလြင္ဦးက “ဒါ႐ိုက္တာဝိုင္းမို႔လို႔ၾကည့္မဲ့သူမရွိဘူး တဲ့ဗ်ာေျပာ မယံုၾကံဳ ဘူးမွသိတာပဲ…ကၽြန္ေတာ္ကဒါ႐ိုက္တာဘယ္သူမွန္းမသိလိုက္ဘူးမို႔မို႔ျမင့္ေအာင္ၾကည့္ခ်င္လို႔သြားတာအဲ့ေလာက္တံုးတာ…ေဆာရီးပါ ကၽြန္ေတာ္တို႔ေနာက္မွာ(၂)ေယာက္ကၽြန္ေတာ္တို႔တန္းမွာ (၄)ေယာက္ေရွ႕မွာတစ္ေယာက္မွမရွိ .ကၽြန္ေတာ္လည္း(၃၀၀၀)ႏွေျမာလို႔ဆက္ၾကည့္လိုက္ဦးမယ္ဒါပဲဗ်ာ…ႏိုင္ငံေတာ္အလံလာလို႔အေလးျပဳလိုက္ဦးမယ္…။”ဆိုျပီး သူ႕ကိုယ္ေတြ႔အေတြ႕အၾကံဳကို ျပန္လည္မွ်ေဝထားတာပါ ။ ဘယ္ရုပ္ရွင္ရံု ၊ ဘယ္ျမိဳ႕နယ္ဆိုတာ ကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး ။လက္ရွိအေျခအေနအရဆို လွပ္၍လြင့္ေသာ ရုပ္ရွင္ဇာတ္ကားၾကီး ဟာ အရႈံးနွင့္ ရင္ဆိုင္ရဖြယ္ရွိတယ္လို႕ သံုးသပ္မႈေတြလည္းရွိေနပါတယ္။ဆယ္လီကမၻာပရိသတ္ၾကီးလည္း ေျမစာပင္ျဖစ္ခဲ့ရတဲ့ လွပ္၍လြင့္ေသာ ရုပ္ရွင္ဇာတ္ကားၾကီးအတြက္ မွတ္ခ်က္ကေနတစ္ခုခုေျပာခဲ့ၾကပါဦး။

Source – ေအး လြင္ ဦး
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒါရိုက်တာဝိုင်းကြောင့် ရုပ်ရှင်ရုံမှာ ပရိသတ်မဝင်ခဲ့တဲ့ လှပ်၍လွင့်သော ရုပ်ရှင်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မကြာသေးခင်က ရုပ်ရှင်ဇာတ်ညွှန်းဆုကို ဆွတ်ခူးထားသူတွေထဲမှာ နိုင်ငံကျော် ဒါရိုက်တာကြီး ဝိုင်းလည်းပါဝင်ပါတယ်။ ဒါရိုက်တာဝိုင်းဟာ အကယ်ဒမီဆုကို လက်ခံရယူစဉ်မှာ ပြောဆိုခဲ့တဲ့ တချို့သော စကားလုံးများကြောင့် ပရိသတ်တွေပေါက်ကွဲခဲ့ကြရပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် လက်ရှိမှာ ဒါရိုက်တာဝိုင်းရိုက်ကူးထားတဲ့ လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေက သပိတ်မှောက်တဲ့ အနေနဲ့ မကြည့်ကြဖို့ လှုံ့ဆော်တာတွေ လူမှုကွန်ရက်ပေါ်မှာ နာရီပိုင်းအတွင်း ပျံ့နှံ့ခဲ့တာပါ ။

ဒီကိစ္စကို လက်တွေ့သက်သေပြခြင်းတစ်ခုလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ” အေး လွင် ဦး ” အကောင့်ပိုင်ရှင် က သူ့ကိုယ်တွေ့ အတွေ့အကြုံကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ဖြန့်ဝေခဲ့တာပါ ။ ကိုအေးလွင်ဦးက “ဒါရိုက်တာဝိုင်းမို့လို့ကြည့်မဲ့သူမရှိဘူး တဲ့ဗျာပြော မယုံကြုံ ဘူးမှသိတာပဲ…ကျွန်တော်ကဒါရိုက်တာဘယ်သူမှန်းမသိလိုက်ဘူးမို့မို့မြင့်အောင်ကြည့်ချင်လို့သွားတာအဲ့လောက်တုံးတာ…ဆောရီးပါ ကျွန်တော်တို့နောက်မှာ(၂)ယောက်ကျွန်တော်တို့တန်းမှာ (၄)ယောက်ရှေ့မှာတစ်ယောက်မှမရှိ .ကျွန်တော်လည်း(၃၀၀၀)နှမြောလို့ဆက်ကြည့်လိုက်ဦးမယ်ဒါပဲဗျာ…နိုင်ငံတော်အလံလာလို့အလေးပြုလိုက်ဦးမယ်…။”ဆိုပြီး သူ့ကိုယ်တွေ့အတွေ့အကြုံကို ပြန်လည်မျှဝေထားတာပါ ။ ဘယ်ရုပ်ရှင်ရုံ ၊ ဘယ်မြို့နယ်ဆိုတာ ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး ။လက်ရှိအခြေအနေအရဆို လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားကြီး ဟာ အရှုံးနှင့် ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း မြေစာပင်ဖြစ်ခဲ့ရတဲ့ လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားကြီးအတွက် မှတ်ချက်ကနေတစ်ခုခုပြောခဲ့ကြပါဦး။

Source – အေး လွင် ဦး
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top