
004-15.jpg

 


 


Source – Htoo Khant Kyaw
ယူနီကုဒ်ဖြင့်ဖတ်ရန်


အကယ်ဒမီဘုတ်အဖွဲ့ကို ထိရှသွားစေမယ့် စကားဆိုလိုက်တဲ့ ထူးခန့်ကျော်(လှဌေး)

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ၊ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်တစ်ကားထည်း နဲ့ ထူးထူးခြားခြား ဇာတ်ပို့နှစ်ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ကားတစ်ခုရှိခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားကတော့ နိုင်ငံကျော်ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) ရိုက်ကူးတဲ့ ပြည်ထောင်စုသစ္စာ ရုပ်ရှင်ဇာတ်ကား ပါ။ တပ်မတော်သားတွေရဲ့ ဘဝကို ဂုဏ်ပြုရိုက်ကူးထားတဲ့အပြင် အဆိုပါဇာတ်လမ်းမှာ သရုပ်ဆောင်ခဲ့ပြီး အကယ် ဒမီ ဆန်ခါတင် ဇာတ်ပို့ သရုပ်ဆောင် ထူးခန့်ကျော်ကတော့ အကယ်ဒမီဘုတ်အဖွဲ့ တစ်ခုလုံးထိရှသွားစေမယ့် စကားကို ဆိုလိုက်ပါတယ်။

ထူးခန့်ကျော် တစ်ယောက် အဆိုပါစကားများကို လူမှုကွန်ရက်စာ မျက်နှာပေါ် ကနေတဆင့်ဖော်ပြပြောဆိုခဲ့တာပါ ။ ပြည်ထောင်စုသစ္စာ ရုပ်ရှင်မှာ လှဌေး အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ထူးခန့်ကျော်ရဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ် ကို မျက်ရည်ကျစေတဲ့အထိ ဇာတ်ကို အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ထူးခန့်ကျော် က “ဘာလဲငါ့တို့ဇာတ်ကားကစစ်ကားမို့လို့လား မရလဲစစ်ကားရိုက်ရတာ ဂုဏ်ယူတယ်ကွ မဖားတက်ဘူး” လို့ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ ထူးခန့်ကျော် ရဲ့ ပေါက်ကွဲမှုအတွက် ဆယ်လီကမ္ဘာပ ရိသတ်ကြီးက တစ်ခုခု မှတ်ချက်ကနေ ပြောခဲ့ပါဦးနော် ။

Source – Htoo Khant Kyaw
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top