ရသွားတဲ့သူကလဲ ကိုယ့်ညီအကိုမောင်နှမတွေ၊တဖက်ကလည်း ကိုယ့်ဆရာတွေ ဒါပေမဲ့ ပရိသတ်တွေက အားနာပါးနားနဲ့ အားပေးနေရတာ လို့ ဆိုလာတဲ့ လွှင်မိုး

Collage_Fotor24524.png

 

အကယ်ဒမီဂယက်နဲ့ ပတ်သက်လို့ ဒီနှစ်မှာတော့ အထူးခြားဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ပရိသတ်နဲ့ အနုပညာရှင်တွေကြား အထင်လွဲမှားစရာတွေ ဖြစ်ခဲ့ရသလို တကယ်အားပေးပြီး ဆုရရှိစေချင်သူကတစ်ယောက်၊ ရသွားသူကတစ်ယောက်နဲ့ အခိုင်အမာအားပေးခဲ့ရတဲ့ ပရိသတ်တွေအနေနဲ့လည်း ရင်နာမဆုံးဖြစ်ခဲ့ရပါတယ်။
ဒီနှစ် အကယ်ဒမီကို စိတ်ပျက်တယ်လို့ ဆိုလာသူ အနုပညာရှင်တစ်ဦးကတော့ လွှင်မိုးဖြစ်ပြီး အနုပညာလောကမှာ နှစ်ပေါင်း(၂၀) ကျော်လောက် ကျင်လည်လာသူ ၀ါရင့်အနုပညာရှင်တစ်ယောက်အနေနဲ့ မျိုးဆက်သစ် အနုပညာရှင်တွေကို လက်ကမ်းကြိုဆိုချင်သူတွေထဲက တစ်ယောာက်ဖြစ်ပါတယ်။

 

ဒီနှစ်အကယ်ဒမီနဲ့ ပတ်သက်လို့ သူ့ရဲ့ စကားသံတွေဟာ ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူ ကျ ခုလို ဆိုလာခဲ့ပါတယ်။ ” ပရိသတ်တွေ ယုံကြည်မှုနည်းနေတာ အတော်ကြာပြီ၊ အဲ့ထဲကပဲ အားနာပါးနားနဲ့ ကျွန်တော်တို့ လောကကို အားပေးနေတာ ဒီနေက ဒီချိန်ထိရောက်နေပြီ။ ပရိသတ်တွေက facebook / internet ကနေ ကျွန်တော်တို့ လောကကို ထောက်ပြနေတယ်။ ရှင်းရှင်းပြောမယ်ဆိုလို့ ရှိရင် နာမည်ပါထုတ်ပြောမယ်ဆိုလို့ရှိရင် မုဒြာခေါ်သံ၊ နဲ့ ဥပါယ်တံမျဉ် တို့လိုမျိုး သူတို့က ထောက်ပြနေတယ်။ နိုင်ငံတကာမှာ ဆုတွေ ရထားပြီးပြီ သူတို့ထောက်ပြနေပြီ။ သူတို့ကိုယ်တိုင်ကလည်း ကြိုက်တယ်လို့ပြောနေပြီ။ ဒီမုန့်က အရမ်းကောင်းတယ် စားရတာအရမ်းအရသာရှိတယ်လို့ ပြောနေတာကို ဟာ ဒီမုန့်ကြီးက အလကားကြီးပါကွာ၊ ဒီမုန့်က စားမကောင်းဘူး၊ရော့ ဒီမုန့်စားပါကွာ …လို့ သွားရောင်းလို့မှ မရတာ။ ”

 

 

” ကိုယ်တိုင်လည်း စာအိတ်ဖွင့်ဖောက်ကြေညာခဲ့တယ် ဆိုတော့ အခုလိုပြောရင်လည်း ရသွားတဲ့သူအတွက်ကလည်း ကိုယ့်ရဲ့ညီအကို မောင်နှမတွေပဲလေ၊ မကောင်းပြန်ဘူး။ တဖက်က ရွေးချယ်ပေးတဲ့သူတွေကလည်း ကိုယ့်ရဲ့ဆရာတွေ၊ ကိုယ့်အနုပညာသင်ကြားပေးခဲ့တဲ့ သူတွေ၊ ဒါပေမဲ့ ခုပရိသတ်တွေဆိုတာ ပညာရှင်အဆင့်ကိုေ၇ာက်နေတဲ့ ပရိသတ်တွေဖြစ်နေပြီင်္၊ အကုန်လုံးက နားလည်နေကြပြီ ရုပ်ရှင်အကြောင်းကို ၊သူတို့တွေကပဲ ကျွန်တော်တို့ရုပ်ရှင်လောကကို ဆန့်ကျင်နေကြပြီ။ အရင်ကလည်း ပေါကားတွေရပ်ဆိုပြီး ဆန့်ကျင်နေပြီးပြီ၊ ခုလဲ ဒီလိုကားတွေပေးရသလားဆိုပြီး ဆန့်ကျင်နေပြီ၊ တော်ဝင်သမန်းကျားဆို ကျွန်တော်ကြည့်လည်းမကြည့်ဖူးဘူး၊ တော်ဝင်သမန်းကျားထဲမှာ ပြန်ပြတဲ့ အိုင်တင်တွေက ပရိသတ်တွေကျေနပ်ရလောက်အောင် ကောင်းတဲ့ အိုင်တင်တွေမပါဘူး။ အဲ့ဒါတွေအပေါ်မှာ ကိုယ့်ကိုကိုယ်လည်း ရှက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ”

 

ကိုဇင်ဝိုင်းနဲ့ တွေ့တော့လည်း ” ညီလေး ကိုယ်တကယ်မှန်မှန်ကန်ကန်ကွာ ကြိုးစားထားတယ်။ ကြည့်လိုက်ကွာ ” လို့ ဆိုခဲ့တာကြောင့် လျွင်မိုးတစ်ယောက်ကို ပျော်နေခဲ့ပါတယ်တဲ့။ သိုေ့သော်လည်း တဆင့်ပြီင်္း တဆင့် ဆုတွေတဲ့အပေါ်မှာ ကွဲလွဲလာတော့ တစ်ချိန်က ကိုယ့်လောကကို အပြောခံရရင် မကြိုက်ဘူး၊ ခုတော့ တော်တော်အရသာရှိပါတယ် လို့လည်း ဆိုထားပါတယ်။

 

” ပရိသတ်တွေကဘက် ပြောတယ်ဆိုတာကလည်း သူတို့ အားမရလို့ ပြောတာပေါ့ သူတို့ဖြစ်ချင်တာ မဖြစ်ရလို့ ပြောတာပေါ့။ ပရိသတ်ကတော့ သေချာပါတယ်၊ ကောင်းတာတွေ ရွေးပြီးကြိုက်သွားမှာပါ။ အရင်ကအကဲဖြတ်မှာ ပါဖူးပေမဲ့ကိုယ့်အကြိုက်နဲ့ပရိသတ်အကြိုက်ထပ်တူကျလောက်တယ်ထင်ထားလည်း မပါပြန်ဘူး။ စိတ်ညစ်လို့ နောက်လည်း မသွားတော့ဘူး။ကြာ တော့ အကယ်ဒမီပွဲတွေကို ဘယ်လိုမြင်လဲဆိုတာ့ ကုန်ပစ္စည်းရောင်းချဖို့ မာကပ်တင်း ဆင်းနေတာနဲ့ တူလာတယ်။ ” လို့ သူ့ရဲ့ ခံယူချက်နဲ့တကွ ပြင်ဆင်သင့်တာတွေကို ထောက်ပြသွားခဲ့တာဖြစ်ပါတယ်။

 

Source :Myanmar celebrity ;
Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top