ေရႊခါးပတ္စြန္႔လႊတ္ရတဲ့ ကိစၥ ကို ပရိသတ္ေတြသိေအာင္ ခ်ျပလိုက္တ့ဲ ေဒဝ

006-5.jpg

ဆယ္လီကမၻာပရိသတ္ၾကီးေရ မၾကာေသးခင္က ျမန္မာ့လက္ေဝွ႕ေက်ာ္ ေဒဝ တစ္ေယာက္ သူပိုင္ဆိုင္ထားတဲ့ ေရႊခါးပတ္ေတြကို မၾကာေသးခင္က စြန္႕လႊတ္လိုက္တဲ့ အေပၚ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ခဲ့ၾကရပါတယ္။ ဦးေဇသီဟ နဲ႕ ညိွႏိႈင္းမႈေတြေဆာင္ရြက္ခဲ့ဲျပီးေနာက္ပိုင္းမွာ အခုလို ေရႊခါးပတ္ေတြကို စြန္႕လႊတ္ခဲ့တာျဖစ္ပါတယ္။ ဦးေဇသီဟ ကေတာ့ ျမန္မာ့လက္ေဝွ႕ခ်န္ပီယံဟာ ျမန္မာပဲ ျဖစ္ရမယ္လို႕ ရည္ရြယ္ျပီး အခုလို ေဆာင္ရြက္ေစခဲ့တယ္လို႕ ဆိုပါတယ္။ အဆိုပါကိစၥနဲ႕ ပတ္သက္ျပီး ေဒဝ တစ္ေယာက္ လူမႈကြန္ရက္စာမ်က္ႏွာ ေပၚကေနရွင္းျပခဲ့ပါတယ္။




ေဒဝက “မဂၤလာပါခင္ဗ်ာ မေန႔ကကြၽန္ေတာ့္ရဲ႕ေၾကျငာခ်က္နဲ႔ပတ္ သက္ၿပီးရွင္းျပခ်င္ လို႔ပါအခုကြၽန္ေတာ္ကWLCနဲ႔သီးသန္႔စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္ဒါဟာတျခားဘယ္ပြဲေတြမွာမွယွဥ္ၿပိဳင္ထိုးသတ္ေတာ့မွာမဟုတ္ဘူးလို႔ဆိုလိုတာျဖစ္ပါတယ္ဒါေၾကာင့္တျခားခ်န္ပီယံဘြဲ႕ေတြကိုစြန္႔လႊတ္ဖို႔ဆုံးျဖတ္ခဲ့တာပါ။Air KBZ ေအာင္လံအလြတ္တန္းခ်န္ပီယံ၊ႏိုင္ငံတကာလက္ေဝွ႔အဖြဲ႕ခ်ဳပ္ဂ်ပန္(ILFJ)ရဲ႕အလြတ္တန္းခ်န္ပီယံMLWCရဲ႕အလြတ္တန္းခ်န္ပီယံဘြဲ႕ေတြကိုစြန္႔လႊတ္ခဲ့တာလည္းဒီသေဘာပဲျဖစ္ပါတယ္။ကြၽန္ေတာ္ဟာ ျမန္မာ့လက္ေဝွ႔အလြတ္တန္းကမာၻ႔ခ်န္ပီယံအျဖစ္ေတာ့ရွိေနဆဲပါပဲတျခားစိန္ေခၚမႈအသစ္ေတြနဲ႔WLCရဲ႕ခါးပတ္ကေတာ့အခုအခ်ိန္မွာကြၽန္ေတာ့အတြက္တကယ့္စိန္ေခၚမႈအသစ္ပါ။အေကာင္းဆုံးယွဥ္ၿပိဳင္ထိုးသတ္မွသာအေတာ္ဆုံးခ်န္ပီယံျဖစ္ႏိုင္မွာပါကြၽန္ေတာ္က ကမာၻ႔လက္ေဝွ႔ခ်န္ပီယံဘြဲ႕ကိုကာကြယ္သြားမွာျဖစ္ၿပီး စိန္ေခၚမႈေတြကိုအၿမဲႀကိဳဆိုလ်က္ရွိပါတယ္ခင္ဗ်ာ။ကြၽန္ေတာ္ အားလုံးကိုခ်စ္ပါတယ္။” လို႕ေရးသားထားတာေတြ႔ရပါတယ္။ ဆယ္လီကမၻာပရိသတ္ၾကီးလည္း ေဒဝရဲ႕ ေျဖရွင္းခ်က္နဲ႕ပတ္သက္ျပီး မွတ္ခ်က္ကေန တစ္ခုခုေျပာျပခဲ့ၾကပါဦးေနာ္။

Source – Dave ”The Nomad” Leduc
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရွှေခါးပတ်စွန့်လွှတ်ရတဲ့ ကိစ္စ ကို ပရိသတ်တွေသိအောင် ချပြလိုက်တဲ့ ဒေဝ

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မကြာသေးခင်က မြန်မာ့လက်ဝှေ့ကျော် ဒေဝ တစ်ယောက် သူပိုင်ဆိုင်ထားတဲ့ ရွှေခါးပတ်တွေကို မကြာသေးခင်က စွန့်လွှတ်လိုက်တဲ့ အပေါ် ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ဦးဇေသီဟ နဲ့ ညှိနှိုင်းမှုတွေဆောင်ရွက်ခဲ့ဲပြီးနောက်ပိုင်းမှာ အခုလို ရွှေခါးပတ်တွေကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဦးဇေသီဟ ကတော့ မြန်မာ့လက်ဝှေ့ချန်ပီယံဟာ မြန်မာပဲ ဖြစ်ရမယ်လို့ ရည်ရွယ်ပြီး အခုလို ဆောင်ရွက်စေခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဒေဝ တစ်ယောက် လူမှုကွန်ရက်စာမျက်နှာ ပေါ်ကနေရှင်းပြခဲ့ပါတယ်။

ဒေဝက “မင်္ဂလာပါခင်ဗျာ မနေ့ကကျွန်တော့်ရဲ့ကြေငြာချက်နဲ့ပတ် သက်ပြီးရှင်းပြချင် လို့ပါအခုကျွန်တော်ကWLCနဲ့သီးသန့်စာချုပ်ချုပ်ဆိုထားပါတယ်ဒါဟာတခြားဘယ်ပွဲတွေမှာမှယှဉ်ပြိုင်ထိုးသတ်တော့မှာမဟုတ်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်တခြားချန်ပီယံဘွဲ့တွေကိုစွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့တာပါ။Air KBZ အောင်လံအလွတ်တန်းချန်ပီယံ၊နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်ဂျပန်(ILFJ)ရဲ့အလွတ်တန်းချန်ပီယံMLWCရဲ့အလွတ်တန်းချန်ပီယံဘွဲ့တွေကိုစွန့်လွှတ်ခဲ့တာလည်းဒီသဘောပဲဖြစ်ပါတယ်။ကျွန်တော်ဟာ မြန်မာ့လက်ဝှေ့အလွတ်တန်းကမ္ဘာ့ချန်ပီယံအဖြစ်တော့ရှိနေဆဲပါပဲတခြားစိန်ခေါ်မှုအသစ်တွေနဲ့WLCရဲ့ခါးပတ်ကတော့အခုအချိန်မှာကျွန်တော့အတွက်တကယ့်စိန်ခေါ်မှုအသစ်ပါ။အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်မှသာအတော်ဆုံးချန်ပီယံဖြစ်နိုင်မှာပါကျွန်တော်က ကမ္ဘာ့လက်ဝှေ့ချန်ပီယံဘွဲ့ကိုကာကွယ်သွားမှာဖြစ်ပြီး စိန်ခေါ်မှုတွေကိုအမြဲကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ။ကျွန်တော် အားလုံးကိုချစ်ပါတယ်။” လို့ရေးသားထားတာတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဒေဝရဲ့ ဖြေရှင်းချက်နဲ့ပတ်သက်ပြီး မှတ်ချက်ကနေ တစ်ခုခုပြောပြခဲ့ကြပါဦးနော်။

Source – Dave ”The Nomad” Leduc
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top