“လက္ေဝွ႕သမိုင္း၏ သိကၡာကို ကၽြန္ေတာ္၏ သိကၡာႏွင့္ လဲတာပါဆိုတဲ့ ဦးေဇသီဟ”

007-6.jpg

 

ဆယ္လီကမၻာ ပရိသတ္ၾကီးေရ ၊ ျမန္မာ့လက္ေဝွ႕ေလာက ကို ပဲ့ကိုင္ေပးေနသူတစ္ေယာက္ျဖစ္တဲ့ ဦးေဇသီဟ ကေတာ့ လတ္တေလာမွာ လက္ေဝွ႕ေက်ာ္ေဒဝ ၄င္းပိုင္ ေရႊခါးပတ္မ်ားကို စြန္႔လႊတ္လိုက္ရျခင္း နဲ႕ပတ္သက္ျပီး ပရိသတ္ေတြ ေဝဖန္တာ ကို ခံေနရတာျဖစ္ပါတယ္။ အဆိုပါ ကိစၥ ႏွင့္ ပတ္သက္ျပီး ဦးေဇသီဟက လူမႈကြန္ရက္ေပၚက ေနေျဖရွင္းလိုက္ပါတယ္။

ဦးေဇသီဟ က “သမိုင္း အခိုင္အမာရွိေသာ ျပည္တြင္း စိန္ေခၚၿပိဳင္ပြဲျဖစ္သည့္ ျမန္မာျပည္ အလြတ္တန္း ခ်န္ပီယံသည္ ေခတ္အဆက္ဆက္ လက္ဆင့္ကမ္း သယ္ေဆာင္လာေသာ ဂုဏ္ျဒပ္တစ္ခုျဖစ္ပါသည္။ထိုခ်န္ပီယံ ကို လြယ္လြယ္ကူကူ ရရွိခဲ့ၾကျခင္း မရွိၾကပါ။ ကမာၻ့ႏိုင္ငံအသီးသီးမွ နာမည္ႀကီးမ်ား လြယ္လြယ္ႏွ င့္ယွဥ္ၿပိဳင္အႏိုင္ယူကာ ခ်န္ပီယံကို ရယူခြင့္မရွိသည့္ စည္းမ်ဥ္းမ်ား ၊ အမ်ားလက္ခံထားသည့္ အယူအဆမ်ား တိတိက်က် ရွိခဲ့ပါသည္။ ေမဝယ္သာတို႔ မက္ဂရီကာတိုု႔ပင္ ျဖစ္ေစကာမူ ထိုခ်န္ပီယံအတြက္ ယွဥ္ၿပိဳင္ခြင့္မရွိပါ။
သမိုင္းနဲ႔ အစဥ္အလာျမန္မာျပည္အလြတ္တန္းခ်န္ပီယံႏွင့္ စိန္ေခၚသူတို႔သည္ ျမန္မာ့႐ိုးရာလက္ေဝွ႕အစဥ္အလာအရ တတိယတန္း၊ ဒုတိယတန္း၊ ပထမတန္း အဆင့္ဆင့္ ေက်ာ္ျဖတ္ေအာင္ႏိုင္ၿပီးမွ ယွဥ္ၿပိဳင္ခြင့္ရွိပါသည္။ မည္သူမွ ခ်န္ပီယံကို တိုက္႐ိုက္ စိန္ေခၚ အႏိုင္ယူၿပီး ခ်န္ပီယံကို ရယူခြင့္မရွိပါ။ ျမန္မာ့႐ိုးရာ လက္ေဝွ႕သမိုင္းတြင္ ခ်န္ပီယံကို ပိုင္ဆိုင္ခဲ့ဖူးသူအားလံုး ဒီအတိုင္းပင္ျဖစ္ပါသည္။
ျပည္ပ ႏိုင္ငံျခားသားမွ ခ်န္ပီယံကို စိန္ေခၚခြင့္ရွိေသာ္လည္း ခ်န္ပီယံကို ရယူခြင့္မရွိပါ။ ျဖတ္သန္းခဲ့ေသာ သမိုင္းအရ ခ်န္ပီယံကို စိန္ေခၚကာ အနိင္ယူဖူးေသာ ႏိုင္ငံျခားသားမ်ားရွိေသာ္လည္း မည္သူမွ် ျမန္မာျပည္ခ်န္ပီယံဟု ခံယူ ခဲ့ဖူးျခင္းမရွိသလို ေပးအပ္ျခင္းလည္းမရွိပါ။တစ္ပြဲပဲထိုးၿပီး ခ်န္ပီယံကို စိန္ေခၚကာ ခ်န္ပီယံဘြဲ႕ကို ရယူခဲ့မႈ အစဥ္အလာအရေရာ မူအရပါ ျပဳလုပ္ခြင့္ ျပဳလုပ္ခဲ့ဖူးျခင္း မရွိပါ။ဒါဟာ တျခား ႏိုင္ငံတကာက မည္သည့္ၿပိဳင္ပြဲခ်န္ပီယံႏွင့္မွမတူေသာ ႐ိုးရာ၏ ဂုဏ္သိကၡာျဖစ္ပါသည္။
ျမန္မာျပည္အလြတ္တန္းခ်န္ပီယံ၏ အဓိပၸါယ္ဖြင့္ဆိုခ်က္ျမန္မာလို ျမန္မာျပည္အလြတ္တန္းခ်န္ပီယံဟု ေခၚေဝၚၾကၿပီး တိက်ေသာ အဓိပၸါယ္ဖြင့္ဆိုခ်က္သည္ ျမန္မာျပည္တြင္းကစားသမားမ်ား အခ်င္းခ်င္း ခ်န္ပီယံလုၿပိဳင္ပြဲအတြက္ ယွဥ္ၿပိဳင္ကစားျခင္းျဖစ္ပါသည္။ ႏိုင္ငံျခားသားမ်ားႏွင့္ လံုးဝမသက္ဆိုင္ပါ။ အလြတ္တန္းဆိုသည္မွာ ဝိတ္တန္းကို ဆိုလိုပါသည္။
အဂၤလိပ္ အေခၚအရ Myanmar Openweight Champion ဟုသုံးပါသည္။ ဒီေနရာမွာသုံးသည့္ Openweight သည္ US Open Golf ၏ အဓိပၸါယ္ႏွင့္ကြာျခားပါသည္။ Open ကို Weight ဆိုသညိ့ စကားလံုးႏွင့္ကပ္ေရးထားသျဖင့္ မည္သည့္ဝိတ္တန္းမဆိုဟု နားလည္ရပါမည္။


ျပႆ နာအစ
၂၀၁၆ ဒီဇင္ဘာလတြင္ က်င္းပသည့္ AirKBZ ၿပိဳင္ပြဲ၏ သတင္းစာရွင္းလင္းပြဲတြင္ လြဲမွားစြာ နားလည္မႈ လြဲခဲ့ျခင္းေၾကာင့္ ဟု ေျပာရပါမည္။ ဒါမွမဟုတ္ တိက်သည့္ ေခၚေဝၚသုံးစြဲသည့္ မူဝါဒမကြဲျပားျခင္းေၾကာင့္ဟုဆိုရပါမည္။ ကၽြန္ေတာ္တို႔ကိုယ္တိုင္အဖြဲ႕ခ်ဳပ္ကသုံးစြဲခဲ့ေသာစကားလံုးသည္ AirKBZ ၏ ျမန္မာျပည္ခ်န္ပီယံလား၊ သမိုင္းအစဥ္အဆက္ရွိခဲ့သည့္ ျမန္မာျပည္ခ်န္ပီယံလားဟု မကြဲျပားေသးပါ။ မည္သို႔ပင္ဆိုေစကာမူ လက္ေဝွ႕ပရိတ္သတ္မ်ား နားလည္လိုက္သည္ကေတာ့ သမိုင္းႀကီးသည့္ ျမန္မာျပည္ခ်န္ပီယံကို ရည္ၫႊန္းသည္ဟု မွတ္ယူေနၾကပါသည္။
အက်ိဳးဆက္ကဘာျဖစ္မလဲ။
ေခတ္အဆက္ဆက္က ေသြးတို႔ေခၽြးတို႔ျဖင့္ အဆင့္ဆင့္ေက်ာ္ျဖတ္ခဲ့ေသာ ျမန္မာျပည္ခ်န္ပီယံ၏ အႏွစ္သာရကို ထိခိုက္ႏိုင္သလို ခ်န္ပီယံေဟာင္းတို႔၏ သိကၡာႏွင့္လည္းသက္ဆိုင္လာပါသည္။ ေနာက္ေနာင္တြင္လည္း လြယ္လြယ္ႏွင့္ ခ်န္ပီယံကို လူတိုင္းစိန္ေခၚခြင့္ရွိသည္ဟု မွတ္ယူၿပီး စိန္ေခၚေနရင္ ခ်န္ပီယံ၏ ဂုဏ္သိကၡာကို ထိခိုက္ေစပါသည္။ လူတိုင္း လြယ္လြယ္ကူကူ မရထိုက္ေသာ စိန္ေခၚခြင့္ရွိေသာ အႏွစ္သာရေပ်ာက္ဆံုးၿပီး အျခား ေငြေၾကးကိစၥျဖင့္ ယွဥ္ၿပိဳင္ၾကေသာ ခ်န္ပီယံၿပိဳင္ပြဲမ်ား၏ ဂုဏ္ႏွင့္ တတန္းတည္းျဖစ္ေစပါသည္။


ေျဖရွင္းနည္း
ျမန္မာ့လက္ေဝွ႕သမိုင္းမွာ ဒြိဟျဖစ္ေစေသာ ၊ အျငင္းပြါးေစေသာ ျမန္မာျပည္ခ်န္ပီယံကိစၥကို စတင္ရာ အရင္းအျမစ္ သက္ဆိုင္သူမ်ားပင္ ေျဖရွင္းရခက္လာသည့္ အေျခအေနပင္ျဖစ္ပါသည္။ WLC သည္ ႏိုင္ငံတကာ အဆင့္သို႔ သြားေရာက္ေနေသာ ေျခလွမ္းမ်ားတြင္ ေဒဖ့္ႏွင့္ လက္တြဲပါက ပို၌ေအာင္ျမင္မည္ကို ကိုယ္တိုင္သိသလို အမ်ားကလည္း လက္ခံထားပါသည္။ သို႔ရာတြင္ WLC မွ ကိုယ္တိုင္ ေၾကညာခ်က္ထုတ္ၿပီး ကန္႔ကြက္ထားေသာ ျမန္မာျပည္ခ်န္ပီယံကိစၥကိုမူ ေဒဖ့္နဲ႕အတူ လက္ခံလို႔မျဖစ္ပါ။ သမိုင္းမွားခဲ့တာကို ျပင္ေပးလိုစိတ္ရွိတာကလည္း ပါတာေၾကာင့္ ေဒဖ့္ႏွင့္ညႇိနိႈင္းၿပီး ဒီျမန္မာျပည္ခ်န္ပီယံဆိုသည့္ ဘြဲ႕ကို စြန္႔လႊတ္ေစခဲ့ျခင္းျဖစ္ပါသည္။ ေဒဖ့္အတြက္လည္း WLC ႏွင့္ exclusive စာခ်ဳပ္ခ်ဳပ္ထားသျဖင့္ အျခားမည္သည့္ ခ်န္ပီယံကိုမွ ကာကြယ္ဖို႔ မျဖစ္ႏိုင္တာကလည္း အခ်က္တစ္ခ်က္ ျဖစ္ပါသည္။ ဒါေၾကာင့္ ေဒဖ့္ကိုယ္တိုင္ ကလည္း ဆႏၵရွိပါသျဖင့္ စြန္႔လႊတ္ခဲ့ျခင္းျဖစ္ပါသည္။ ေဒဖ့္ကို ဒီလို စြန္႔လႊတ္ဖို႔ တိုက္တြန္းခဲ့တာမ်ိဳးရွိေပမဲ့ သူ႔ရဲ႕ဆႏၵမပါခဲ့ရင္ ဘယ္သူခိုင္းခိုင္း မရပါဘူး။


လြဲမွားသည့္ ေျဖရွင္းနည္း
ေဒ့ဖ္ဆီက ျမန္မာျပည္ခ်န္ပီယံကိုလိုခ်င္ရင္ သူ႔ကို ႏိုင္ေအာင္ထိုးဖို႔ဆိုတာ လြဲမွားသည့္ ေျဖရွင္းနည္းပါ။ မွားေနတဲ့ ခ်န္ပီယံရယူမႈလမ္းေၾကာင္းကို ေနာက္ထပ္အမွားတစ္ခုနဲ႔ ျပန္ျပင္တာဟာ သင့္ေတာ္ပါ့မလား။ မဆိုင္သည့္ ဘြဲ႕ကို စြန္႔လႊတ္လိုက္ျခင္းကသာ ပိုၿပီး ျမင့္ျမတ္ရာ စိတ္ဓါတ္ခိုင္မာရာ မက်ဘူးလား။ ဒါေၾကာင့္ ဒီလြဲမွားသည့္ အမွားျပင္ဆင္ခ်က္ကို ကၽြန္ေတာ္တို႔ သုံးလို႔မျဖစ္ပါဘူး။
လက္ေဝွ႕သမိုင္း၏ သိကၡာကို ကၽြန္ေတာ္၏ သိကၡာႏွင့္ လဲေပးလိုက္ရျခင္း
ဒီလိုေဒဖ့္မွ စြန္႔လႊတ္သည့္ အတြက္ ကၽြန္ေတာ့္အေပၚေဝဖန္မႈ တိုက္ခိုက္မႈေတြ ျမင့္လာပါသည္။ ဒီအတြက္လည္း ဂ႐ုစိုက္ခဲ့တဲ့လူတစ္ေယာက္မဟုတ္ပါ။ ျမန္မာ့လက္ေဝွ႕၏ သမိုင္း သိကၡာ အတြက္ ျမန္မာျပည္အလြတ္တန္းခ်န္ပီယံသည္ သမိုင္းအမွန္ျပန္ေရာက္ဖို႔ ကၽြန္ေတာ္ ေပးလိုက္ရေသာ သိကၡာအတြက္ မ်ားစြာေက်နပ္ပါသည္။ မ်ားစြာတန္ပါသည္။ ေက်နပ္မိပါသည္။ ေနာက္ဆံုးေတာ့ ျမန္မာျပည္ခ်န္ပီယံသည္ သမိုင္းမွန္သို႔ ျပန္လည္ေရာက္ရွိဖို႔ အဆင္သင့္ျဖစ္ေနပါၿပီလို႔ ေျပာၾကားလိုပါသည္ဆိုလိုရင္းကိုသေဘာေပါက္ေစရန္တစ္ေၾကာင္းခ်င္းအဓိပၸါယ္ေပၚလြင္ေအာင္ ဖတ္ပါ။”ဟုေရးသားထားပါတယ္ ။ ဆယ္လီကမၻာ ပရိသတ္ၾကီးလည္း ဦးေဇသီဟရဲ႕ေျဖရွင္းခ်က္ အတြက္ မွတ္ခ်က္ကေနတစ္ခုခုေျပာျပခဲ့ၾကပါဦးေနာ္။

Source – Zay Thiha
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“လက်ဝှေ့သမိုင်း၏ သိက္ခာကို ကျွန်တော်၏ သိက္ခာနှင့် လဲတာပါဆိုတဲ့ ဦးဇေသီဟ”

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ၊ မြန်မာ့လက်ဝှေ့လောက ကို ပဲ့ကိုင်ပေးနေသူတစ်ယောက်ဖြစ်တဲ့ ဦးဇေသီဟ ကတော့ လတ်တလောမှာ လက်ဝှေ့ကျော်ဒေဝ ၎င်းပိုင် ရွှေခါးပတ်များကို စွန့်လွှတ်လိုက်ရခြင်း နဲ့ပတ်သက်ပြီး ပရိသတ်တွေ ဝေဖန်တာ ကို ခံနေရတာဖြစ်ပါတယ်။ အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး ဦးဇေသီဟက လူမှုကွန်ရက်ပေါ်က နေဖြေရှင်းလိုက်ပါတယ်။

ဦးဇေသီဟ က “သမိုင်း အခိုင်အမာရှိသော ပြည်တွင်း စိန်ခေါ်ပြိုင်ပွဲဖြစ်သည့် မြန်မာပြည် အလွတ်တန်း ချန်ပီယံသည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ဂုဏ်ဒြပ်တစ်ခုဖြစ်ပါသည်။ထိုချန်ပီယံ ကို လွယ်လွယ်ကူကူ ရရှိခဲ့ကြခြင်း မရှိကြပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှ နာမည်ကြီးများ လွယ်လွယ်နှ င့်ယှဉ်ပြိုင်အနိုင်ယူကာ ချန်ပီယံကို ရယူခွင့်မရှိသည့် စည်းမျဉ်းများ ၊ အများလက်ခံထားသည့် အယူအဆများ တိတိကျကျ ရှိခဲ့ပါသည်။ မေဝယ်သာတို့ မက်ဂရီကာတို့ပင် ဖြစ်စေကာမူ ထိုချန်ပီယံအတွက် ယှဉ်ပြိုင်ခွင့်မရှိပါ။
သမိုင်းနဲ့ အစဉ်အလာမြန်မာပြည်အလွတ်တန်းချန်ပီယံနှင့် စိန်ခေါ်သူတို့သည် မြန်မာ့ရိုးရာလက်ဝှေ့အစဉ်အလာအရ တတိယတန်း၊ ဒုတိယတန်း၊ ပထမတန်း အဆင့်ဆင့် ကျော်ဖြတ်အောင်နိုင်ပြီးမှ ယှဉ်ပြိုင်ခွင့်ရှိပါသည်။ မည်သူမှ ချန်ပီယံကို တိုက်ရိုက် စိန်ခေါ် အနိုင်ယူပြီး ချန်ပီယံကို ရယူခွင့်မရှိပါ။ မြန်မာ့ရိုးရာ လက်ဝှေ့သမိုင်းတွင် ချန်ပီယံကို ပိုင်ဆိုင်ခဲ့ဖူးသူအားလုံး ဒီအတိုင်းပင်ဖြစ်ပါသည်။
ပြည်ပ နိုင်ငံခြားသားမှ ချန်ပီယံကို စိန်ခေါ်ခွင့်ရှိသော်လည်း ချန်ပီယံကို ရယူခွင့်မရှိပါ။ ဖြတ်သန်းခဲ့သော သမိုင်းအရ ချန်ပီယံကို စိန်ခေါ်ကာ အနိင်ယူဖူးသော နိုင်ငံခြားသားများရှိသော်လည်း မည်သူမျှ မြန်မာပြည်ချန်ပီယံဟု ခံယူ ခဲ့ဖူးခြင်းမရှိသလို ပေးအပ်ခြင်းလည်းမရှိပါ။တစ်ပွဲပဲထိုးပြီး ချန်ပီယံကို စိန်ခေါ်ကာ ချန်ပီယံဘွဲ့ကို ရယူခဲ့မှု အစဉ်အလာအရရော မူအရပါ ပြုလုပ်ခွင့် ပြုလုပ်ခဲ့ဖူးခြင်း မရှိပါ။ဒါဟာ တခြား နိုင်ငံတကာက မည်သည့်ပြိုင်ပွဲချန်ပီယံနှင့်မှမတူသော ရိုးရာ၏ ဂုဏ်သိက္ခာဖြစ်ပါသည်။
မြန်မာပြည်အလွတ်တန်းချန်ပီယံ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မြန်မာလို မြန်မာပြည်အလွတ်တန်းချန်ပီယံဟု ခေါ်ဝေါ်ကြပြီး တိကျသော အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မြန်မာပြည်တွင်းကစားသမားများ အချင်းချင်း ချန်ပီယံလုပြိုင်ပွဲအတွက် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပါသည်။ နိုင်ငံခြားသားများနှင့် လုံးဝမသက်ဆိုင်ပါ။ အလွတ်တန်းဆိုသည်မှာ ဝိတ်တန်းကို ဆိုလိုပါသည်။
အင်္ဂလိပ် အခေါ်အရ Myanmar Openweight Champion ဟုသုံးပါသည်။ ဒီနေရာမှာသုံးသည့် Openweight သည် US Open Golf ၏ အဓိပ္ပါယ်နှင့်ကွာခြားပါသည်။ Open ကို Weight ဆိုသညိ့ စကားလုံးနှင့်ကပ်ရေးထားသဖြင့် မည်သည့်ဝိတ်တန်းမဆိုဟု နားလည်ရပါမည်။
ပြဿ နာအစ
၂၀၁၆ ဒီဇင်ဘာလတွင် ကျင်းပသည့် AirKBZ ပြိုင်ပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် လွဲမှားစွာ နားလည်မှု လွဲခဲ့ခြင်းကြောင့် ဟု ပြောရပါမည်။ ဒါမှမဟုတ် တိကျသည့် ခေါ်ဝေါ်သုံးစွဲသည့် မူဝါဒမကွဲပြားခြင်းကြောင့်ဟုဆိုရပါမည်။ ကျွန်တော်တို့ကိုယ်တိုင်အဖွဲ့ချုပ်ကသုံးစွဲခဲ့သောစကားလုံးသည် AirKBZ ၏ မြန်မာပြည်ချန်ပီယံလား၊ သမိုင်းအစဉ်အဆက်ရှိခဲ့သည့် မြန်မာပြည်ချန်ပီယံလားဟု မကွဲပြားသေးပါ။ မည်သို့ပင်ဆိုစေကာမူ လက်ဝှေ့ပရိတ်သတ်များ နားလည်လိုက်သည်ကတော့ သမိုင်းကြီးသည့် မြန်မာပြည်ချန်ပီယံကို ရည်ညွှန်းသည်ဟု မှတ်ယူနေကြပါသည်။
အကျိုးဆက်ကဘာဖြစ်မလဲ။
ခေတ်အဆက်ဆက်က သွေးတို့ချွေးတို့ဖြင့် အဆင့်ဆင့်ကျော်ဖြတ်ခဲ့သော မြန်မာပြည်ချန်ပီယံ၏ အနှစ်သာရကို ထိခိုက်နိုင်သလို ချန်ပီယံဟောင်းတို့၏ သိက္ခာနှင့်လည်းသက်ဆိုင်လာပါသည်။ နောက်နောင်တွင်လည်း လွယ်လွယ်နှင့် ချန်ပီယံကို လူတိုင်းစိန်ခေါ်ခွင့်ရှိသည်ဟု မှတ်ယူပြီး စိန်ခေါ်နေရင် ချန်ပီယံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။ လူတိုင်း လွယ်လွယ်ကူကူ မရထိုက်သော စိန်ခေါ်ခွင့်ရှိသော အနှစ်သာရပျောက်ဆုံးပြီး အခြား ငွေကြေးကိစ္စဖြင့် ယှဉ်ပြိုင်ကြသော ချန်ပီယံပြိုင်ပွဲများ၏ ဂုဏ်နှင့် တတန်းတည်းဖြစ်စေပါသည်။
ဖြေရှင်းနည်း
မြန်မာ့လက်ဝှေ့သမိုင်းမှာ ဒွိဟဖြစ်စေသော ၊ အငြင်းပွါးစေသော မြန်မာပြည်ချန်ပီယံကိစ္စကို စတင်ရာ အရင်းအမြစ် သက်ဆိုင်သူများပင် ဖြေရှင်းရခက်လာသည့် အခြေအနေပင်ဖြစ်ပါသည်။ WLC သည် နိုင်ငံတကာ အဆင့်သို့ သွားရောက်နေသော ခြေလှမ်းများတွင် ဒေဖ့်နှင့် လက်တွဲပါက ပို၌အောင်မြင်မည်ကို ကိုယ်တိုင်သိသလို အများကလည်း လက်ခံထားပါသည်။ သို့ရာတွင် WLC မှ ကိုယ်တိုင် ကြေညာချက်ထုတ်ပြီး ကန့်ကွက်ထားသော မြန်မာပြည်ချန်ပီယံကိစ္စကိုမူ ဒေဖ့်နဲ့အတူ လက်ခံလို့မဖြစ်ပါ။ သမိုင်းမှားခဲ့တာကို ပြင်ပေးလိုစိတ်ရှိတာကလည်း ပါတာကြောင့် ဒေဖ့်နှင့်ညှိနှိုင်းပြီး ဒီမြန်မာပြည်ချန်ပီယံဆိုသည့် ဘွဲ့ကို စွန့်လွှတ်စေခဲ့ခြင်းဖြစ်ပါသည်။ ဒေဖ့်အတွက်လည်း WLC နှင့် exclusive စာချုပ်ချုပ်ထားသဖြင့် အခြားမည်သည့် ချန်ပီယံကိုမှ ကာကွယ်ဖို့ မဖြစ်နိုင်တာကလည်း အချက်တစ်ချက် ဖြစ်ပါသည်။ ဒါကြောင့် ဒေဖ့်ကိုယ်တိုင် ကလည်း ဆန္ဒရှိပါသဖြင့် စွန့်လွှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဒေဖ့်ကို ဒီလို စွန့်လွှတ်ဖို့ တိုက်တွန်းခဲ့တာမျိုးရှိပေမဲ့ သူ့ရဲ့ဆန္ဒမပါခဲ့ရင် ဘယ်သူခိုင်းခိုင်း မရပါဘူး။
လွဲမှားသည့် ဖြေရှင်းနည်း
ဒေ့ဖ်ဆီက မြန်မာပြည်ချန်ပီယံကိုလိုချင်ရင် သူ့ကို နိုင်အောင်ထိုးဖို့ဆိုတာ လွဲမှားသည့် ဖြေရှင်းနည်းပါ။ မှားနေတဲ့ ချန်ပီယံရယူမှုလမ်းကြောင်းကို နောက်ထပ်အမှားတစ်ခုနဲ့ ပြန်ပြင်တာဟာ သင့်တော်ပါ့မလား။ မဆိုင်သည့် ဘွဲ့ကို စွန့်လွှတ်လိုက်ခြင်းကသာ ပိုပြီး မြင့်မြတ်ရာ စိတ်ဓါတ်ခိုင်မာရာ မကျဘူးလား။ ဒါကြောင့် ဒီလွဲမှားသည့် အမှားပြင်ဆင်ချက်ကို ကျွန်တော်တို့ သုံးလို့မဖြစ်ပါဘူး။
လက်ဝှေ့သမိုင်း၏ သိက္ခာကို ကျွန်တော်၏ သိက္ခာနှင့် လဲပေးလိုက်ရခြင်း
ဒီလိုဒေဖ့်မှ စွန့်လွှတ်သည့် အတွက် ကျွန်တော့်အပေါ်ဝေဖန်မှု တိုက်ခိုက်မှုတွေ မြင့်လာပါသည်။ ဒီအတွက်လည်း ဂရုစိုက်ခဲ့တဲ့လူတစ်ယောက်မဟုတ်ပါ။ မြန်မာ့လက်ဝှေ့၏ သမိုင်း သိက္ခာ အတွက် မြန်မာပြည်အလွတ်တန်းချန်ပီယံသည် သမိုင်းအမှန်ပြန်ရောက်ဖို့ ကျွန်တော် ပေးလိုက်ရသော သိက္ခာအတွက် များစွာကျေနပ်ပါသည်။ များစွာတန်ပါသည်။ ကျေနပ်မိပါသည်။ နောက်ဆုံးတော့ မြန်မာပြည်ချန်ပီယံသည် သမိုင်းမှန်သို့ ပြန်လည်ရောက်ရှိဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောကြားလိုပါသည်ဆိုလိုရင်းကိုသဘောပေါက်စေရန်တစ်ကြောင်းချင်းအဓိပ္ပါယ်ပေါ်လွင်အောင် ဖတ်ပါ။”ဟုရေးသားထားပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း ဦးဇေသီဟရဲ့ဖြေရှင်းချက် အတွက် မှတ်ချက်ကနေတစ်ခုခုပြောပြခဲ့ကြပါဦးနော်။

Source – Zay Thiha
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top