နိင်​ငံ​တော်​အဆင့်​အကယ်​ဒမီပွဲကြီးမှာ အလစ်​သုတ်​ခံလိုက်ရတဲ့ ဒါရိုက်တာ ကျော်နှင်းဆီ

001-21.jpg

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နှစ်တိုင်း အကယ်ဒမီပေးပွဲ ကျင်းပပြီဆိုရင် အနုပညာရှင်တွေ ၊ အကယ်ဒမီ ဆုရ အနုပညာရှင်တွေရဲ့ ပစ္စည်းတွေ ပျောက်ဆုံးပျက်စီး ဖြစ်စဉ်တွေကို တစ်ခုမဟုတ် တစ်ခု ကြားရတတ်ပါတယ်။ ဒီနှစ်မှာ တော့ အကယ်ဒမီ ပွဲဟာ အေးအေးဆေးဆေး အပျောက်အရှသတင်း တစ်ခုမထွက်ဘဲ အောင်အောင်မြင်မြင်ပြီးဆုံးခဲ့တယ်လို့ အများက ယူဆကြပေမယ့် အမျိုးသမီး ဒါရိုက်တာ ကျော်နှင်းဆီ ရဲ့ လက်ကိုင်အိတ်ပျောက်ဆုံးတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဒါရိုက်တာ ကျော်နှင်းဆီက အဆိုပါ ကိစ္စကို လူမှုကွန်ရက်ပေါ်ကနေ လည်း ရေးသားဖော်ပြထားတာပါ ။ ဖြစ်စဉ်ကတော့ အကယ်ဒမီရသွားတဲ့ မင်းသားချောသူထူးစံကို ဂုဏ်ပြုနှုတ်ဆက်နေစဉ်မှာ ဘေးမှာချထားတဲ့ လက်ကိုင်အိတ်ကို အလစ်သုတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ အကယ်ဒမီပွဲက ပေးတဲ့ လက်ဆွဲအိတ်အနီထဲကို ပိုက်ဆံအိတ်ထည့်ထားခဲ့တာဖြစ်ပြီး ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေထဲမှာ သုံးသိန်းတန်း Handset ၊ ကားသော့ နှင့် ငွေသားတွေလည်း ပါဝင်သွားခဲ့တယ်လို့သိရပါတယ်။ ဒါရိုက်တာကျော်နှင်းဆီကတော့ “နိင်​ငံ​တော်​အဆင့်​အကယ်​ဒမီပွဲကြီးအတွင်း..အလစ်​သုတ်​ခံရခြင်း”ဆိုပြီး သူ့ရဲ့ ခံစားမှုကို လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဖော်ထုတ်ရေးသားထားပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဒါရိုက်တာ ကျော်နှင်းဆီအတွက် အားပေးစကားလေးတွေ မှတ်ချက်ကနေ ပြောပြပေးခဲ့ကြပါနော်။

Source – Kyaw Hninn Si
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top