ဆုမရတဲ့သူေတြထက္ပိုၿပီးမနာလိုဆဲဆိုေနတာ ျပည္သူေတြပါလို႔ ေျပာလာတဲ့ ခြန္းဆင့္ေနျခည္

1-17.png

မၾကာေသးမီက က်င္းပျပဳလုပ္သြားခဲ့တဲ့ ၂၀၁၈ အကယ္ဒမီ ထူးခြ်န္ဆု ေပးပြဲႀကီး ဟာ ပရိသတ္ေတြၾကားမွာ အရမ္းကို ဂယက္အ႐ိုက္ဆံုးသတင္း တစ္ပုဒ္ျဖစ္ ခဲ့ပါတယ္ ။ ထူးခြၽန္ဆုေတြအမ်ားႀကီးထဲက ” ေမွာ္ဝင္သမန္းက်ား ” ကားနဲ႔ အေကာင္း ဆံုး အမ်ိဳးသား ဇာတ္ေဆာင္ဆု ရ႐ွိခဲ့တဲ့ သ႐ုပ္ေဆာင္သူထူးစံကေတာ့ ပရိသတ္ေတြဆီ က ေဝဖန္မႈ အမ်ားဆံုး ခံေနရတဲ့ သူပဲ ျဖစ္ပါတယ္ ။ ထုတ္လုပ္သူ ၊ သ႐ုပ္ေဆာင္ ခြန္းဆင့္ေနျခည္ ကခုလိုေဝဖန္ေျပာဆို မႈေတြနဲ႔ ပတ္သက္ၿပီး ဆုနဲ႔ အမထိုက္တန္ဘူး ထင္ရင္ ျပန္သိမ္းသြားလိုက္ပါ လို႔လည္း အတိအလင္းေၾကညာခဲ့ပါတယ္ ။

 

 

 

သိန္းေပါင္း ေထာင္ခ်ီ အကုန္က်ခံၿပီး ႐ိုက္ကူးထား တဲ့ ေမွာ္ဝင္သမန္းက်ား ဆိုတဲ႕ ဇာတ္ကားရဲ႕ ေအာက္မွာလည္း ပရိသတ္ေတြရဲ႕ ေဝဖန္ေရးသား ထားတဲ့ မွတ္ခ်က္ ေတြကို ေတြ႔ျမင္ရ မွာ ျဖစ္ပါ တယ္ ။ ဒီလို ေဝဖန္ေျပာဆိုခံရတဲ့ မွတ္ခ်က္ေတြကို ခြန္းဆင့္က ”ဆုမရတဲ့ လူကေအးေဆးပါ အခု ဆုမရတဲ့လူေတြ ကိုယ္စား မနာလိုဆဲဆို ေဘလ္ကုန္ ခံေနတာ ျပည္သူပါ႐ွင္ ” လို႔ ျပန္လည္ ေရးသားခဲ့ ပါတယ္ ။ အဲ့လို ျပည္သူေတြ ျဖစ္တဲ့ ပရိသတ္ေတြကို မနာလို ဆဲဆို ေနတယ္ဆို တဲ့ သူမရဲ႕ အေရးသားေၾကာင့္ ပရိသတ္ေတြ ၾကားမွာ ေဝဖန္ေျပာဆိုမႈေတြ ပိုမို ျမင့္တက္ခဲ့ပါတယ္ ။

Source: khoon sint nay chi
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆုမရတဲ့သူတွေထက်ပိုပြီးမနာလိုဆဲဆိုနေတာ ပြည်သူတွေပါလို့ ပြောလာတဲ့ ခွန်းဆင့်နေခြည်

မကြာသေးမီက ကျင်းပပြုလုပ်သွားခဲ့တဲ့ ၂၀၁၈ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲကြီး ဟာ ပရိသတ်တွေကြားမှာ အရမ်းကို ဂယက်အရိုက်ဆုံးသတင်း တစ်ပုဒ်ဖြစ် ခဲ့ပါတယ် ။ ထူးချွန်ဆုတွေအများကြီးထဲက ” မှော်ဝင်သမန်းကျား ” ကားနဲ့ အကောင်း ဆုံး အမျိုးသား ဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ သရုပ်ဆောင်သူထူးစံကတော့ ပရိသတ်တွေဆီ က ဝေဖန်မှု အများဆုံး ခံနေရတဲ့ သူပဲ ဖြစ်ပါတယ် ။ ထုတ်လုပ်သူ ၊ သရုပ်ဆောင် ခွန်းဆင့်နေခြည် ကခုလိုဝေဖန်ပြောဆို မှုတွေနဲ့ ပတ်သက်ပြီး ဆုနဲ့ အမထိုက်တန်ဘူး ထင်ရင် ပြန်သိမ်းသွားလိုက်ပါ လို့လည်း အတိအလင်းကြေညာခဲ့ပါတယ် ။

သိန်းပေါင်း ထောင်ချီ အကုန်ကျခံပြီး ရိုက်ကူးထား တဲ့ မှော်ဝင်သမန်းကျား ဆိုတဲ့ ဇာတ်ကားရဲ့ အောက်မှာလည်း ပရိသတ်တွေရဲ့ ဝေဖန်ရေးသား ထားတဲ့ မှတ်ချက် တွေကို တွေ့မြင်ရ မှာ ဖြစ်ပါ တယ် ။ ဒီလို ဝေဖန်ပြောဆိုခံရတဲ့ မှတ်ချက်တွေကို ခွန်းဆင့်က ”ဆုမရတဲ့ လူကအေးဆေးပါ အခု ဆုမရတဲ့လူတွေ ကိုယ်စား မနာလိုဆဲဆို ဘေလ်ကုန် ခံနေတာ ပြည်သူပါရှင် ” လို့ ပြန်လည် ရေးသားခဲ့ ပါတယ် ။ အဲ့လို ပြည်သူတွေ ဖြစ်တဲ့ ပရိသတ်တွေကို မနာလို ဆဲဆို နေတယ်ဆို တဲ့ သူမရဲ့ အရေးသားကြောင့် ပရိသတ်တွေ ကြားမှာ ဝေဖန်ပြောဆိုမှုတွေ ပိုမို မြင့်တက်ခဲ့ပါတယ် ။

Source: khoon sint nay chi
Molly @CeleGabar

scroll to top