
2-17.png


 

 

 


 

Source : Sunday
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ခြိမ်းခြောက်မှုတွေကြောင့် ဆိုင်ပိတ်လိုက်ရတယ်လို့ မျက်ရည်တွေကြားက ပြောပြလာတဲ့ အလှမယ် သင်းသင်း

မကြာသေးမီက မှ အလှမယ် သင်းသင်းနဲ့ သရုပ်ဆောင်ဝေဠုကျော်တို့ရဲ့ သတင်းဟာ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးသတင်းဖြစ်ခဲ့ပါတယ် ။ သင်းသင်းတစ်ယောက် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲခဲ့သလို လက်ရှိမှာလည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ် ။ ဒီအမှုရင်ဆိုင်နေရဆဲ ကာလတွေမှာ သူမ ကို ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့လည်း အလှမယ်သင်းသင်း က မီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ် ။

အဲ့ဒီလို ခြိမ်းခြောက်မှုတွေကြောင့် မြေညီထပ်မှာ သူမ ဝမ်းရေးအတွက် ဖွင့်လှစ်ထားတဲ့ အအေးဆိုင်လေးကို ပိတ်ပြီး ၆လွှာမှာပြောင်းနေခဲ့ရတယ်လို့ သိရပါတယ် ။ သူမအနေနဲ့ ဈေးရောင်းရတာကို ဝါသနာပါတဲ့အပြင် အရင်ထဲကလည်း ဈေးရောင်းရတာကိုပျော်တဲ့သူဖြစ်တဲ့အတွက် အခုလို နွေရာသီရောက်ရင် သူမဆိုင်လေးကို လွမ်းမိတယ်လို့ဆိုပါတယ် ။ အရင်က အအေး အပြင် လက်ဖက်သုတ် ဂျင်းသုတ်လေးတွေ ရောင်းပြီး တနိုင်တပိုင် ဝင်ငွေရှာခဲ့တာ တစ်နေ့ ၁သောင်း (သို့မဟုတ် ) ရှစ်ထောင်ဆိုတဲ့ ဝင်ငွေက သူမအတွက် ရပ်တည်ဖို့ အဆင်ပြေခဲ့ပေမယ့် လက်ရှိမှာတော့ အိမ်ကို သုံးလေးလ လောက် မထောက်ပံ့နိုင်တဲ့အပြင် အိမ်ကနေတောင် ပြန်တောင်းသုံးနေရတဲ့ အခြေနေမျိုးရောက်နေပြီလို့ မျက်ရည်တွေ ကြားထဲကနေ ပြောပြခဲ့ပါတယ် ။

Source : Sunday
Molly @CeleGabar

scroll to top