ဆရာမ မိုးမိုး(အင္းလ်ား) ရဲ႕၀တၳဳထဲက ျငိမ္းအျဖစ္  ျမင္ေတြ႕ရမယ္လို႔ သတင္းထြက္ေနတဲ့ ပိုင္ျဖိဳးသု

3-16.png

ပိုင္ျဖိဳးသုကေတာ့ သူမရဲ႕ ဆရာ၀န္ဘ၀ကို စြန္႕လႊတ္ျပီး အႏုပညာအလုပ္ေတြကို ရူးသြပ္စြာလုပ္ကိုင္ေနတဲ့ တကယ့္ အနုပညာရွင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္ ။ စိုင္းစို္င္းကိုခ်စ္တယ္ ၊ ပေဟဠိနတ္သမီး စတဲ့ ကား ေတြနဲ႕ ပရိသတ္ရင္ထဲေရာက္ရွိလာခဲ့သလို အခုေနာက္ပိုင္းမွာ “ မီ “ ရုပ္ရွင္ကားၾကီးနဲ႔ သူမရဲ႕ပီျပင္တဲ့ သရုပ္ေဆာင္ မႈေတြကို ပရိသတ္ေရွ႕ခ်ျပနိုင္ခဲ့အတြက္ ပရိသတ္ေတြအမ်ားၾကီးက ပိုျပီးအားေပးလာၾက တာ ေတြ႕ရပါတယ္ ။ လတ္တေလာမွာလည္း ဇဏ္ခီနဲ႔အတူ ရုပ္ရွင္ကားၾကီး တကားကို ရိုက္ကူးေနျပီး ဘယ္လို အမိုက္စားသရုပ္ေဆာင္မႈေတြနဲ႔ဖမ္းစားဦးမလဲ ဆိုတာကေတာ့ ရင္ခုန္စရာပါပဲ ပရိသတ္ၾကီးေရ ..။

 

 

 

 

လက္ရွိ သတင္းေတြအရေတာ့ ပိုင္ျဖိဳးသုကို ေနာက္ထပ္ ရင္ခုန္ရ မယ့္ ဇာတ္ေကာင္ အေနနဲ႔  ဆရာမ မိုးမိုး(အင္းလ်ား) ရဲ႕” ၿငိမ္း ကို ရွက္ပါ ” မွာ ျမင္ေတြ႕ရမယ္လို႔ သတင္းထြက္ေတြထြက္ေပၚေနပါတယ္ ။ မိဘေတြရဲ႕  လူမႈေရးေဖာက္ျပန္မႈမ်ားကို သိေနရၿပီး ဘယ္လိုမွ မတတ္နိုင္တဲ့  မသန္စြမ္းေလး ၿငိမ္း ၊ ငယ္စဥ္ကတည္းက ခ်စ္ခဲ့ရၿပီး ဆႏၵေပါင္းေျမာက္မ်ားနဲ႕ ေစာင့္စားခဲ့ေသာ္လည္း ေမွ်ာ္လင့္ခ်က္မ်ား ပ်က္သုန္းခဲရတဲ့့အခါ ေမာင္ႏွမမ်ားနဲ႕ မိဘမ်ားကို စိတ္ခ်မ္းသာေစလိုတဲ့ ၿငိမ္း ၊  သက္တမ္းရဲ႕ သံုးပံုႏွစ္ပံုေက်ာ္ကို ဝွီးခ်ဲေပၚမွာ ကုန္ဆံုးခဲ့ရေသာ္လည္း စိတ္ဓာတ္ခြန္အားသန္စြမ္းတဲ့  ျဖဴစင္သန္႔ရွင္းခဲ့သူေလး ၿငိမ္း ၊  ေသဆံုးသြားခ်ိန္အထိ စိတ္ဒဏ္ရာမ်ားကို တစ္ကိုယ္တည္း ခံစားသိမ္းဆည္းရင္း မိသားစုကို  ေပါင္းစည္းေစရန္ ေဆာင္ရြက္ခဲ့တဲ့ ၿငိမ္း ၊ အျဖစ္ သရုပ္ေဆာင္မယ္လုိ႕သတင္း  ေတြထြက္ေပၚေန တာပဲျဖစ္ပါတယ္  ။ ၿငိမ္း ကို ပုံေဖာ္မယ့္ ပဲ့ကိုင္ရွင္ ကေရာ ဘယ္သူမ်ား ျဖစ္မလဲ? အမ်ားယူဆ ေနၾကသလို ကိုဏႀကီး ဘဲ ျဖစ္ေနမလား ဆိုတာကေတာ့ စိတ္၀င္စားစရာပါပဲ.။  လက္ရွိသတင္းသာ မွန္ခဲ့ရင္ … ပရိတ္သတ္အႀကိဳက္ အႏုပညာေျပာင္ေျမာက္မယ့္ ေနာက္ထပ္ ႐ုပ္ရွင္တစ္ကား ထြက္ေပၚလာမွာ ျဖစ္လုိ႕ ပရိသတ္ၾကီးလည္း ၾကိဳျပီးရင္ခုန္ေနၾကျပီထင္ပါတယ္ေနာ္ ။

 

 

Source : Paing Phyoe Thu

Molly @CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဆရာမ မိုးမိုး(အင်းလျား) ရဲ့ဝတ္ထုထဲက ငြိမ်းအဖြစ် မြင်တွေ့ရမယ်လို့ သတင်းထွက်နေတဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသုကတော့ သူမရဲ့ ဆရာဝန်ဘဝကို စွန့်လွှတ်ပြီး အနုပညာအလုပ်တွေကို ရူးသွပ်စွာလုပ်ကိုင်နေတဲ့ တကယ့် အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ် ။ စိုင်းစိုင်းကိုချစ်တယ် ၊ ပဟေဠိနတ်သမီး စတဲ့ ကား တွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိလာခဲ့သလို အခုနောက်ပိုင်းမှာ “ မီ “ ရုပ်ရှင်ကားကြီးနဲ့ သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင် မှုတွေကို ပရိသတ်ရှေ့ချပြနိုင်ခဲ့အတွက် ပရိသတ်တွေအများကြီးက ပိုပြီးအားပေးလာကြ တာ တွေ့ရပါတယ် ။ လတ်တလောမှာလည်း ဇဏ်ခီနဲ့အတူ ရုပ်ရှင်ကားကြီး တကားကို ရိုက်ကူးနေပြီး ဘယ်လို အမိုက်စားသရုပ်ဆောင်မှုတွေနဲ့ဖမ်းစားဦးမလဲ ဆိုတာကတော့ ရင်ခုန်စရာပါပဲ ပရိသတ်ကြီးရေ ..။

လက်ရှိ သတင်းတွေအရတော့ ပိုင်ဖြိုးသုကို နောက်ထပ် ရင်ခုန်ရ မယ့် ဇာတ်ကောင် အနေနဲ့ ဆရာမ မိုးမိုး(အင်းလျား) ရဲ့” ငြိမ်း ကို ရှက်ပါ ” မှာ မြင်တွေ့ရမယ်လို့ သတင်းထွက်တွေထွက်ပေါ်နေပါတယ် ။ မိဘတွေရဲ့ လူမှုရေးဖောက်ပြန်မှုများကို သိနေရပြီး ဘယ်လိုမှ မတတ်နိုင်တဲ့ မသန်စွမ်းလေး ငြိမ်း ၊ ငယ်စဉ်ကတည်းက ချစ်ခဲ့ရပြီး ဆန္ဒပေါင်းမြောက်များနဲ့ စောင့်စားခဲ့သော်လည်း မျှော်လင့်ချက်များ ပျက်သုန်းခဲရတဲ့အခါ မောင်နှမများနဲ့ မိဘများကို စိတ်ချမ်းသာစေလိုတဲ့ ငြိမ်း ၊ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်ကို ဝှီးချဲပေါ်မှာ ကုန်ဆုံးခဲ့ရသော်လည်း စိတ်ဓာတ်ခွန်အားသန်စွမ်းတဲ့ ဖြူစင်သန့်ရှင်းခဲ့သူလေး ငြိမ်း ၊ သေဆုံးသွားချိန်အထိ စိတ်ဒဏ်ရာများကို တစ်ကိုယ်တည်း ခံစားသိမ်းဆည်းရင်း မိသားစုကို ပေါင်းစည်းစေရန် ဆောင်ရွက်ခဲ့တဲ့ ငြိမ်း ၊ အဖြစ် သရုပ်ဆောင်မယ်လို့သတင်း တွေထွက်ပေါ်နေ တာပဲဖြစ်ပါတယ် ။ ငြိမ်း ကို ပုံဖော်မယ့် ပဲ့ကိုင်ရှင် ကရော ဘယ်သူများ ဖြစ်မလဲ? အများယူဆ နေကြသလို ကိုဏကြီး ဘဲ ဖြစ်နေမလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ.။ လက်ရှိသတင်းသာ မှန်ခဲ့ရင် … ပရိတ်သတ်အကြိုက် အနုပညာပြောင်မြောက်မယ့် နောက်ထပ် ရုပ်ရှင်တစ်ကား ထွက်ပေါ်လာမှာ ဖြစ်လို့ ပရိသတ်ကြီးလည်း ကြိုပြီးရင်ခုန်နေကြပြီထင်ပါတယ်နော် ။

Source : Paing Phyoe Thu
Molly @CeleGabar

 

scroll to top