
4-14.png


 

 

 


 

 

 

 

 


 

 

 

 

 

 

Source : Mg Mg Aye

Molly @CeleGabar

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

တိုင်းပြည်အတွက်ဘာစကားကြီး စကားကျယ်မှ မပြောကြဘဲ သူတို့တွေ အမှိုက်ကောက်နေကြတယ်

လစဉ်လတိုင်း တခေါက်လေးတောင်မပျက်ဘဲ ၂၄ ကြိမ်တိုင်တိုင် ( ၂ နှစ်တိတိ ) ရန်ကုန်မြို့အနှံ့ စည်းကမ်းမဲ့အစွန့်ပစ်အမှိုက်တွေကို အနံ့အသက်ဆိုးတွေကြားထဲ ချွေးတလုံးလုံးနဲ့ လိုက်ကောက်ရင်း ဖြတ်သွားဖြတ်လာပြည်သူတွေကိုပါ ” အမှိုက်ကောက်တာ ရှက်စရာမဟုတ်… စည်းကမ်းမဲ့ အမှိုက်ပစ်တာသာရှက်စရာ ” ဆိုတဲ့ Awareness ပေးနေကြတဲ့ လေးစားစရာ လူငယ်လေးတွေ လို့ မောင်မောင်အေး က တင်စားလိုက်ခြင်းပဲဖြစ်ပါတယ် ။ ဒါကတော့ လတ်တလောမှာ Clean together Challenge နဲ့အတူ အနုပညာရှင်တွေက ဦးဆောင်ပြီး သူတို့ရဲ့ဖန်တွေနဲ့အတူ အမှိုက်တွေ ကောက်ရင်း ကိုယ့်မြို့ ကိုယ့်ဒေသကို သန့်ရှင်းသာယာစေဖို့ ဝိုင်းဝန်းကြိုးဖမ်းနေကြခြင်းအတွက် မောင်မောင်အေးရဲ့ ဂုဏ်ပြုစကားပဲဖြစ်ပါတယ် ။

တချို့တွေက အွန်လိုင်းပေါ်ကနေ ” အလကား ပေါ်ပင်တွေပါ ” လို့ အိမ်မှာထိုင်ရင်း လက်ချောင်းလေးနဲ့ စာရိုက်တင်နေတဲ့အချိန် …. သူတို့တွေက အမှိုက်ကောက်နေကြတယ် ၊ တချို့တွေက အွန်လိုင်းပေါ်ကနေ” ဓါတ်ပုံရိုက်တင်ဖို့ ဟန်ပြလုပ်နေတာပါကွာ ” လို့ အိမ်မှာထိုင်ရင်း လက်ချောင်းလေးနဲ့ စာရိုက်တင်နေတဲ့အချိန် သူတို့တွေက အမှိုက်ကောက်နေကြတယ်. ၊ တချို့တွေက အွန်လိုင်းပေါ်ကနေ” နာမည်လိုချင်လို့ ဖောရှောရို က်နေတာပါကွာ ” လို့ အိမ်မှာထိုင်ရင်း လက်ချောင်းလေးနဲ့ စာရိုက်တင်နေတဲ့အချိန် …. သူတို့တွေက အမှိုက်ကောက်နေကြတယ် ၊ တချို့တွေက အွန်လိုင်းပေါ်ကနေ ” အပိုအလုပ်တွေ.. သိပ်ကောက်ချင်ရင် ငါ့အိမ်ရှေ့လာကောက်ကြ ” လို့ အိမ်မှာထိုင်ရင်း လက်ချောင်းလေးနဲ့ စာရိုက်တင်နေတဲ့အချိန် …. သူတို့တွေက အမှိုက်ကောက်နေကြတယ်…. ဘာနာမည်မှ မလိုဘဲ…သူတို့တွေ အမှိုက်ကောက်နေကြတယ်…

 

ဘာအကျိုးရလိုမှုမှ မပါဘဲ … သူတို့တွေ အမှိုက်ကောက်နေကြတယ်…. တိုင်းပြည်အတွက် ဘာညာ ဘာစကားကြီး စကားကျယ်မှ မပြောကြဘဲ …သူတို့တွေ အမှိုက်ကောက်နေကြတယ်…. ဆိုတဲ့ စာသားလေးကို မောင်မောင်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားထားတာ တကယ်ကိုထိမိပြီး အသိတရားရစေပါတယ် ။ CeleGabar ကိုအားပေးနေကြတဲ့လူငယ်ပရိသတ်တွေလည်း ကိုမောင်မောင်အေးရဲ့ စာလေးကို မျှဝေရေင်း တတပ်တအား ဝိုင်းဝန်း ကူညီပေးကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ။

Source : Mg Mg Aye
Molly @CeleGabar

 

scroll to top