ဂုဏ္ျပဳဆုမ်ားေပးအပ္ ခံခဲ့ရတဲ့ ( ၇၄)ႏွစ္ေျမာက္ နာရီတစ္ရာ့တစ္ဆယ္ ့ကားမွာ ပါဝင္ခဲ့တဲ့ သရုပ္ေဆာင္မ်ား

5-9.png

(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ ဂုဏ္ျပဳဇာတ္လမ္းျဖစ္ တဲ့ “နာရီ တစ္ရာ့တစ္ဆယ္” ဇာတ္လမ္းမွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ အႏုပညာရွင္ေတြနဲ႔ စစ္ခ်ီသီခ်င္း၊ စစ္သည္ေတးသီခ်င္း၊ ကဗ်ာနဲ႕ ဝတၳဳစာမူဆုရရွိသူ စာေပ ပညာရွင္ေတြကို ဂုဏ္ျပဳဆုနဲ႕ ဂုဏ္ျပဳမွတ္တမ္း လႊာမ်ား ေပးအပ္ပြဲကို ၂၈ ရက္ေန႔နံနက္ပိုင္းမွာ ေနျပည္ေတာ္မွာ ရွိတဲ့ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္မွာ က်င္းပခဲ့တယ္လုိ႕သိရပါတယ္ ။ စိတ္ဓာတ္ေရးရာႏွင့္လူထုဆက္ဆံေရး ေကာ္မတီ ဥကၠ႒ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦး က နာရီ တစ္ရာ့တစ္ဆယ္ ဇာတ္လမ္းတြင္ ပါဝင္ခဲ့တဲ့့ ဒါ႐ိုက္တာ၊ တြဲဖက္ဒါ႐ိုက္တာနဲ႕ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ တပ္မေတာ္ေန႔က်င္းပေရးဦးစီးေကာ္မတီဥကၠ႒ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား ကို ဂုဏ္ျပဳဆုနဲ႕ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ကိုေပးအပ္ခဲ့ပါတယ္ ။

 

 

 

 

ဒါအျပင္ တပ္မေတာ္ေန႔ က်င္းပေရးစီမံခန္႔ခြဲေရး ေကာ္မတီ ဥကၠ႒ ဗိုလ္ခ်ဳပ္ ျမင့္ေမာ္က (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ခ်ီသီခ်င္းၿပိဳင္ပြဲ၊ စစ္သည္ေတးသီခ်င္း ၿပိဳင္ပြဲ၊ ကဗ်ာတို (ဝါသနာရွင္)ၿပိဳင္ပြဲ၊ ကဗ်ာတို(အလြတ္ တန္း) ၿပိဳင္ပြဲတြင္ ဆုရရွိၾကသူမ်ားကို ဂုဏ္ျပဳမွတ္တမ္း လႊာနဲ႔ ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ခဲ့ပါေသးတယ္ ။ စာမူၿပိဳင္ပြဲက်င္းပေရးေကာ္မတီ ဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ကဗ်ာရွည္ (ဝါသနာရွင္)ၿပိဳင္ပြဲ၊ ကဗ်ာရွည္(အလြတ္တန္း)ၿပိဳင္ပြဲ၊ ဝတၳဳတိုၿပိဳင္ပြဲ၊ ဝတၳဳ ရွည္ၿပိဳင္ပြဲတြင္ ဆုရရွိၾကသူတို႔ကို ဂုဏ္ျပဳဆုႏွင့္ ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ားေပးအပ္ၾကတယ္လို႕ သိရပါတယ္ ။ CeleGabar ပရိသတ္ၾကီးအတြက္ ဂုဏ္ျပဳဆုခ်ီးျမွင့္ခံရသူေတြ ရဲ႕ ပံုရိပ္ေတြကို အခုပဲ ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။

 

 

 

 

Source : ေၾကးမံု
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဂုဏ်ပြုဆုများပေးအပ် ခံခဲ့ရတဲ့ ( ၇၄)နှစ်မြောက် နာရီတစ်ရာ့တစ်ဆယ့်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်များ

(၇၄)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ် တဲ့ “နာရီ တစ်ရာ့တစ်ဆယ်” ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနဲ့ ဝတ္ထုစာမူဆုရရှိသူ စာပေ ပညာရှင်တွေကို ဂုဏ်ပြုဆုနဲ့ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ပွဲကို ၂၈ ရက်နေ့နံနက်ပိုင်းမှာ နေပြည်တော်မှာ ရှိတဲ့ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ ကျင်းပခဲ့တယ်လို့သိရပါတယ် ။ စိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က နာရီ တစ်ရာ့တစ်ဆယ် ဇာတ်လမ်းတွင် ပါဝင်ခဲ့တဲ့ ဒါရိုက်တာ၊ တွဲဖက်ဒါရိုက်တာနဲ့ ရုပ်ရှင်သရုပ်ဆောင်များ၊ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ရုပ်ရှင်သရုပ်ဆောင်များ ကို ဂုဏ်ပြုဆုနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ကိုပေးအပ်ခဲ့ပါတယ် ။

ဒါအပြင် တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြင့်မော်က (၇၄)နှစ်မြောက် တပ်မတော်နေ့စစ်ချီသီချင်းပြိုင်ပွဲ၊ စစ်သည်တေးသီချင်း ပြိုင်ပွဲ၊ ကဗျာတို (ဝါသနာရှင်)ပြိုင်ပွဲ၊ ကဗျာတို(အလွတ် တန်း) ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြုမှတ်တမ်း လွှာနဲ့ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ပါသေးတယ် ။ စာမူပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ကဗျာရှည် (ဝါသနာရှင်)ပြိုင်ပွဲ၊ ကဗျာရှည်(အလွတ်တန်း)ပြိုင်ပွဲ၊ ဝတ္ထုတိုပြိုင်ပွဲ၊ ဝတ္ထု ရှည်ပြိုင်ပွဲတွင် ဆုရရှိကြသူတို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ကြတယ်လို့ သိရပါတယ် ။ CeleGabar ပရိသတ်ကြီးအတွက် ဂုဏ်ပြုဆုချီးမြှင့်ခံရသူတွေ ရဲ့ ပုံရိပ်တွေကို အခုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : ကြေးမုံ
Molly @CeleGabar

scroll to top