
005.png






ဟစ်တိုင် ရုပ်ရှင် Trailer

"အူဝဲရဲ့ အပြင်းစားသရုပ်ဆောင်ချက်တွေနဲ့ ဟစ်တိုင် ရုပ်ရှင် Trailer"အူဝဲ လက်ထဲက ဆွဲလာတာ ဘာဖြစ်မလဲ ပရိသတ်ကြီး Crd – Hit Tine Page #CeleGabarTV

Posted by CeleGabar TV on Thursday, March 28, 2019

Source – Hit Tine
ယူနီကုဒ်ဖြင့်ဖတ်ရန်

သွေးပျက်စရာ မြင်ကွင်း နဲ့ ထွက်ပေါ်လာခဲ့တဲ့ ဟစ်တိုင်ရုပ်ရှင် ဇာတ်ကားကြီး နမူနာ

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက် ဒွေး တို့ခေတ်တည်းက ယနေ့ချိန်ထိ နုပျိုနေဆဲ လှပနေဆဲ အောင်မြင်နေဆဲ ပရိသတ်တွေရင်ထဲရှိနေဆဲ မင်းသမီးကတော့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အူဝဲကတော့ လက်ရှိမှာ နာမည်ကြီး စာရေးဆရာမ သျှင်မ ရဲ့ အောင်မြင်ခဲ့တဲ့ “ဟစ်တိုင်” ဝတ္ထုက ဇာတ်ကောင် “ဒေါင်းနီ” နေရာက ပါဝင်သရုပ်ဆောင်ခဲ့တာပါ ။

ဆင်ဖြူကျွန်း ဒေသ မှာ ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ ပရိသတ်တွေရင်ကိုထိမှန်ခဲ့သလို မီဒီယာတွေရဲ့ အာရုံစိုက်မှုကိုလည်းရရှိထားတာပါ ။ တုန်နေအောင်ချစ်တဲ့ သူ့ရဲ့သမီးငယ်လေးကို ဖျက်ဆီးခဲ့တဲ့ လူကို ဓားဆွဲပြီး သတ်ပစ်ခဲ့တဲ့ “ဒေါင်းနီ” ဇာတ်ကောင်ကနေ အူဝဲတစ်ယောက် သရုပ်ဆောင်ထားတာ ဖြစ်ပြီး မကြာခင်ကာလမှာရုံတင်ပြသတော့မှာပါ။ ဟစ်တိုင် ရုပ်ရှင်ကားကြီးရဲ့ နမူနာ အတို ဗီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်တွေ အမြည်း ကြည့်ရှုနိုင်စေဖို့ပြန်လည်မျှဝေလိုက်ပါတယ်။ အူဝဲတစ်ယောက်ဘာကို ဆွဲလာတာဖြစ်နိုင်သလဲဆိုတာ ဆယ်လီကမ္ဘာ ပရိသတ်ကြီးက အဖြေထုတ်ပေးကြပါဦး ။

Source – Hit Tine
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top