အေစာင့္ေရွာက္ရွိလို႔ သူတို႕မၾကိဳက္တဲ့ေကာင္မေလးနဲ႔တြဲရင္ ကြဲတယ္ဆိုတဲ့ သရုပ္ေဆာင္ ေဇာ္ေဇာ္ေအာင္

6-4.png

ေဇာ္ေဇာ္ေအာင္ကေတာ့ ဇာတ္ပုိ႕သရုပ္ေဆာင္ေတြထဲမွာ သရုပ္ေဆာင္ေကာင္းျပီး ပရိသတ္သတိထားမိတဲ့ အနုပညာရွင္တစ္ေယာက္ပါ ။ ဟာသ ကားေတာ္ေတာ္မ်ားမ်ားမွာ ပါ၀င္ခဲ့သလို အျပင္မွာလည္းအျမဲတမ္း ေပ်ာ္ေပ်ာ္ပါးပါး စေနာက္တတ္တဲ့ အနုပညာရွင္တစ္ေယာက္ပါ ။ အခ်စ္ေရးအေနနဲ႔ကေတာ့ အခုခ်ိန္ထိ တစ္ကိုယ္တည္း လူပ်ိဳၾကီးျဖစ္သလို လူမႈကြန္ရက္စာမ်က္နွာမွာလည္း မၾကာခဏ ဆိုသလို သူ႕ကိုသူ စင္ဂယ္ေကာင္ေလးလို႕ ေျပာေနတဲ့ သူတစ္ေယာက္ပါ ။ လတ္တေလာမွာေတာ့ ေဇာ္ေဇာ္ေအာင္ တစ္ေယာက္ သူစင္ဂယ္ ျဖစ္ေနရတဲ့ အေၾကာင္းရင္းကို ပရိသတ္ေတြကို ေျပာျပလာခဲ့ပါတယ္ ။

 

 

လူပ်ိဳၾကီးဘ၀ဟာ အရမ္းလြတ္လပ္ျပီး အနုပညာအလုပ္လုပ္ေနရတဲ့ သူတစ္ေယာက္ျဖစ္တဲ့အတြက္ သြားခ်င္တဲ့ေနရာ လြတ္လြတ္လပ္လပ္သြားလို႕ရတယ္ ၊ ကိုယ္ရတဲ့ပိုက္ဆံ ကိုယ္တိုင္ ၾကိဳက္သလို သံုးလို႕ရတယ္ ၊ ခရီးသြားတဲ့အခ်ိန္ အေနာက္ကေန တဂ်ီဂ်ီနဲ႕ဖုန္းဆက္မယ့္ သူမရွိဘူး လုိ႕ ေဇာ္ေဇာ္ ေအာင္က ေျပာျပလာခဲ့ပါတယ္ ။ သူ႕ရဲ႕လွ်ိဳ႕၀ွက္ခ်က္ကေတာ့ တျခားသူေတြ ယံုခ်င္မွယံုမယ္ဆိုေပမယ့္ သူ႕ကိုေစာင့္ေရွာက္တဲ့အေစာင့္ေရွာက္က ဒီပံုစံအတုိင္းေလးပဲ ျမင္ခ်င္ျပီး ထားထားတဲ့ သေဘာပါ လုိ႕ဆိုပါတယ္ ။ သူ႕အေနနဲ႕ယံုၾကည္ရတဲ့အေၾကာင္းရင္းကလည္း သြားကာနီး လာကာနီးဆို ဘာျဖစ္မယ္ဆိုတာမ်ိဳး လာသတိေပးတာမ်ိဳး ဆို တကယ္ျဖစ္တတ္တယ္လို႕ ေျပာျပခဲ့ပါတယ္ ။ သူ႕ရဲ႕အေစာင့္ေရွာက္က အထူးသျဖင့္ အခ်စ္ေရးနဲပတ္သက္ျပီး အေစာင့္ေရွာက္မၾကိဳက္တဲ့ေကာင္မေလး တစ္ေယာက္နဲ႔ ရည္းစားထားလိုက္တာနဲ႔ လံုး၀အဆင္မေျပေတာ့သလို တနည္းနည္းနဲ႕ကြဲကိုကြဲတယ္လုိ႕လည္း သိရပါတယ္ ။ အေစာင့္အေရွာက္ေတြ ၾကိဳက္တဲ့သူနဲ႔ပဲ အိမ္ေထာင္က်မယ္ထင္တယ္လို ႕လည္း  ေဇာ္ေဇာ္ေ အာင္က သူ႕ရဲ႕အျမင္ကို ေျပာျပခဲ့ပါတယ္ ။

 

Source : Trend

Molly @CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အစောင့်ရှောက်ရှိလို့ သူတို့မကြိုက်တဲ့ကောင်မလေးနဲ့တွဲရင် ကွဲတယ်ဆိုတဲ့ သရုပ်ဆောင် ဇော်ဇော်အောင်

ဇော်ဇော်အောင်ကတော့ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ သရုပ်ဆောင်ကောင်းပြီး ပရိသတ်သတိထားမိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဟာသ ကားတော်တော်များများမှာ ပါဝင်ခဲ့သလို အပြင်မှာလည်းအမြဲတမ်း ပျော်ပျော်ပါးပါး စနောက်တတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ အချစ်ရေးအနေနဲ့ကတော့ အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်သလို လူမှုကွန်ရက်စာမျက်နှာမှာလည်း မကြာခဏ ဆိုသလို သူ့ကိုသူ စင်ဂယ်ကောင်လေးလို့ ပြောနေတဲ့ သူတစ်ယောက်ပါ ။ လတ်တလောမှာတော့ ဇော်ဇော်အောင် တစ်ယောက် သူစင်ဂယ် ဖြစ်နေရတဲ့ အကြောင်းရင်းကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

လူပျိုကြီးဘဝဟာ အရမ်းလွတ်လပ်ပြီး အနုပညာအလုပ်လုပ်နေရတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် သွားချင်တဲ့နေရာ လွတ်လွတ်လပ်လပ်သွားလို့ရတယ် ၊ ကိုယ်ရတဲ့ပိုက်ဆံ ကိုယ်တိုင် ကြိုက်သလို သုံးလို့ရတယ် ၊ ခရီးသွားတဲ့အချိန် အနောက်ကနေ တဂျီဂျီနဲ့ဖုန်းဆက်မယ့် သူမရှိဘူး လို့ ဇော်ဇော် အောင်က ပြောပြလာခဲ့ပါတယ် ။ သူ့ရဲ့လျှို့ဝှက်ချက်ကတော့ တခြားသူတွေ ယုံချင်မှယုံမယ်ဆိုပေမယ့် သူ့ကိုစောင့်ရှောက်တဲ့အစောင့်ရှောက်က ဒီပုံစံအတိုင်းလေးပဲ မြင်ချင်ပြီး ထားထားတဲ့ သဘောပါ လို့ဆိုပါတယ် ။ သူ့အနေနဲ့ယုံကြည်ရတဲ့အကြောင်းရင်းကလည်း သွားကာနီး လာကာနီးဆို ဘာဖြစ်မယ်ဆိုတာမျိုး လာသတိပေးတာမျိုး ဆို တကယ်ဖြစ်တတ်တယ်လို့ ပြောပြခဲ့ပါတယ် ။ သူ့ရဲ့အစောင့်ရှောက်က အထူးသဖြင့် အချစ်ရေးနဲပတ်သက်ပြီး အစောင့်ရှောက်မကြိုက်တဲ့ကောင်မလေး တစ်ယောက်နဲ့ ရည်းစားထားလိုက်တာနဲ့ လုံးဝအဆင်မပြေတော့သလို တနည်းနည်းနဲ့ကွဲကိုကွဲတယ်လို့လည်း သိရပါတယ် ။ အစောင့်အရှောက်တွေ ကြိုက်တဲ့သူနဲ့ပဲ အိမ်ထောင်ကျမယ်ထင်တယ်လို့လည်း ဇော်ဇော်ေ အာင်က သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ် ။

Source : Trend
Molly @CeleGabar

scroll to top