အကယ္ဒမီကို အထင္မၾကီးဘူးလို႔ေျပာလာတဲ့ သရုပ္ေဆာင္ဦးေက်ာ္သူ

7-3.png

၀ါရင့္သရုပ္ေဆာင္ မင္းသားၾကီး အကယ္ဒမီ ေက်ာ္သူ ကေတာ့ အကယ္ဒမီနဲ႔ပတ္သက္ျပီး အကယ္ဒမီပြဲျပီးတုိင္း ျပသနာတက္တယ္လုိ႕ဆိုလာပါတယ္ ။ မႏွစ္ကလည္း ျခင္းၾကီး ျခင္းငယ္နဲ႔ သြားေပးတာ ဓာတ္ပံုေတာင္ရွိတယ္ အဲ့ဓာတ္ပံုျပန္ရွာတာမေတြ႕ေသးလို႕ ေတြ႕တာနဲ႔ ေဖ့ဘုတ္ေပၚ ေကာက္တင္မွာလုို႕လည္း သိရပါတယ္ ။ လူၾကီးကလည္း လာဘ္ေပးလာဘ္ယူ ခံစားတယ္ ေပးတဲ့သူကလည္း ေပးတယ္ ဆိုေတာ့ ဒါေတြကလြဲမွားေနျပီလို႕ ဦးေက်ာ္သူက ေျပာျပလာခဲ့ပါတယ္ ။ အကယ္ဒမီ ဘုတ္အဖြဲ႕မွာ ပါ၀င္ဖို႕ဖိတ္ေခၚ ခံခဲ့ရေပမယ့္ ဦးေက်ာ္သူက ေတာ့ ျငင္းဆိုျပီးအၾကံျပဳစာသာ ပို႕ေပးခဲ့တယ္လို႕ဆုိပါတယ္ ။

 

 

 

ဗမာအကယ္ဒမီကို ဗမာေတြ မေပးပါနဲ႔ေတာ့ လို႕အၾကံျပဳလိုက္တဲ့အျပင္ ျမန္မာနုိင္ငံက ရုပ္ရွင္ဂီတ ဘက္က ကြ်မ္းက်င္သူေတြက ဘယ္ကား ဘယ္ကားကေတာ့ ေကာင္းတယ္ဆိုျပီး ေရြးခ်ယ္ျပီးမွ ဆယ္ကား သို႕မဟုတ္ ခုနွစ္ကား ေလာက္ရျပီဆုိမွ ဖိုင္နယ္မွာ အဲ့ဒီကားေတြကို အိုေကျပီဆိုရင္ အိႏၵီယ ၊ ေဟာင္ေကာင္ ၊ ကိုရီးယား အာရွနုိင္ငံေတြကို အရင္ျပျပီး အဲဒီက ပညာရွင္ေတြကို အေကာင္းဆံုး သရုပ္ေဆာင္ အေကာင္းဆံုး ဒါရိုက္တာ စသျဖင့္ မဲေလးေတြ ေပးေပးပါဆိုျပီး ၾကည္႕တဲ့ဟာေတြ အားလံုးကို စုျပီးမဲေပါင္းျပီးေပးလိုက္ရင္ အဆင္ေျပတယ္လုိ႕လည္း သူ႕ရဲ႕အျမင္ကို ဦးေက်ာ္သူက ေျပာျပခဲ့ပါတယ္ ။ အဲ့လိုလုပ္လိုက္ျခင္းျဖင့္ နိုင္ငံျခားက ေရြးတဲ့ပညာရွင္က ဘယ္မင္းသားလဲ မင္းသမီးလဲ ေမးေန မွာမ ဟုတ္ ေတာ့ပဲ ေကာင္းတဲ့သူကိုပဲေပးမွာ ျဖစ္တဲ့အတြက္ ဆုရတဲ့သူအတြက္လည္း ဂုဏ္ရွိတယ္လုိ႔  အၾကံေပးခဲ့ေပမယ့္ လူၾကီးေတြက သူတို႕စားခြက္ေပ်ာက္သြားမွာစိုးလို႕မလုပ္ၾကတဲ့အတြက္ အကယ္ဒမီဆို အထင္ကိုမၾကီးဘူးလို႕ ဦးေက်ာ္သူက ေျပာျပခဲ့ပါတယ္ ။

 

Source :  MC

Molly @CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

အကယ်ဒမီကို အထင်မကြီးဘူးလို့ပြောလာတဲ့ သရုပ်ဆောင်ဦးကျော်သူ

ဝါရင့်သရုပ်ဆောင် မင်းသားကြီး အကယ်ဒမီ ကျော်သူ ကတော့ အကယ်ဒမီနဲ့ပတ်သက်ပြီး အကယ်ဒမီပွဲပြီးတိုင်း ပြသနာတက်တယ်လို့ဆိုလာပါတယ် ။ မနှစ်ကလည်း ခြင်းကြီး ခြင်းငယ်နဲ့ သွားပေးတာ ဓာတ်ပုံတောင်ရှိတယ် အဲ့ဓာတ်ပုံပြန်ရှာတာမတွေ့သေးလို့ တွေ့တာနဲ့ ဖေ့ဘုတ်ပေါ် ကောက်တင်မှာလို့လည်း သိရပါတယ် ။ လူကြီးကလည်း လာဘ်ပေးလာဘ်ယူ ခံစားတယ် ပေးတဲ့သူကလည်း ပေးတယ် ဆိုတော့ ဒါတွေကလွဲမှားနေပြီလို့ ဦးကျော်သူက ပြောပြလာခဲ့ပါတယ် ။ အကယ်ဒမီ ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ဖိတ်ခေါ် ခံခဲ့ရပေမယ့် ဦးကျော်သူက တော့ ငြင်းဆိုပြီးအကြံပြုစာသာ ပို့ပေးခဲ့တယ်လို့ဆိုပါတယ် ။

ဗမာအကယ်ဒမီကို ဗမာတွေ မပေးပါနဲ့တော့ လို့အကြံပြုလိုက်တဲ့အပြင် မြန်မာနိုင်ငံက ရုပ်ရှင်ဂီတ ဘက်က ကျွမ်းကျင်သူတွေက ဘယ်ကား ဘယ်ကားကတော့ ကောင်းတယ်ဆိုပြီး ရွေးချယ်ပြီးမှ ဆယ်ကား သို့မဟုတ် ခုနှစ်ကား လောက်ရပြီဆိုမှ ဖိုင်နယ်မှာ အဲ့ဒီကားတွေကို အိုကေပြီဆိုရင် အိန္ဒီယ ၊ ဟောင်ကောင် ၊ ကိုရီးယား အာရှနိုင်ငံတွေကို အရင်ပြပြီး အဲဒီက ပညာရှင်တွေကို အကောင်းဆုံး သရုပ်ဆောင် အကောင်းဆုံး ဒါရိုက်တာ စသဖြင့် မဲလေးတွေ ပေးပေးပါဆိုပြီး ကြည့်တဲ့ဟာတွေ အားလုံးကို စုပြီးမဲပေါင်းပြီးပေးလိုက်ရင် အဆင်ပြေတယ်လို့လည်း သူ့ရဲ့အမြင်ကို ဦးကျော်သူက ပြောပြခဲ့ပါတယ် ။ အဲ့လိုလုပ်လိုက်ခြင်းဖြင့် နိုင်ငံခြားက ရွေးတဲ့ပညာရှင်က ဘယ်မင်းသားလဲ မင်းသမီးလဲ မေးနေ မှာမ ဟုတ် တော့ပဲ ကောင်းတဲ့သူကိုပဲပေးမှာ ဖြစ်တဲ့အတွက် ဆုရတဲ့သူအတွက်လည်း ဂုဏ်ရှိတယ်လို့ အကြံပေးခဲ့ပေမယ့် လူကြီးတွေက သူတို့စားခွက်ပျောက်သွားမှာစိုးလို့မလုပ်ကြတဲ့အတွက် အကယ်ဒမီဆို အထင်ကိုမကြီးဘူးလို့ ဦးကျော်သူက ပြောပြခဲ့ပါတယ် ။

Source : MC
Molly @CeleGabar

scroll to top