007-7.jpg
Source – Tin Tunn Win
ယူနီကုဒ်ဖြင့်ဖတ်ရန်
ရုပ်ရှင်အစည်းအရုံးမှာ အကယ်ဒမီဂယက်ကို ဆွေးနွေးခဲ့တဲ့ လွင်မိုး
လတ်တလောမှာတော့ ၂၀၁၈ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီရရှိခဲ့တဲံ မင်းသားမင်းသမီးတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဆီက ဝေဖန်မှုတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ် ။ အမှန်တကယ် ရသင့်ရထိုက် သူတွေကို နေရာမပေးပဲ ရွေးချယ်ခဲ့တယ်လို့ အကယ်ဒမီဘုတ်အဖွဲ့နဲ့ တကွ တာဝန်ရှိသူတွေကို ပြစ်တင် ရှုံ့ချနေကြပြီး အကယ်ဒမီ သတင်းဟာ တကယ်ကို ဂယက်ရိုက်ခဲ့တာပါ ။ အခုလို အကယ်ဒမီဘုတ်အဖွဲ့ရဲ့ ပရိသတ်တွေ လက်မခံ နိုင်အောင် ရွေးချယ်ခဲ့မှုအပေါ် တည့်တည့်ဝေဖန်ခဲ့သူတွေ ထဲမှာ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက ထိပ်ဆုံးကနေပါဝင်ခဲ့ပါတယ်။
ဒီနေ့မှတော့ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပတဲ့ ရုပ်ရှင်ပြသညှိုနှိုင်းအစည်းအဝေး မှာ လွင်မိုး လည်းတက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီးမှာ ပွဲဆူခဲ့တဲ့ အကယ်ဒမီ ကိစ္စအတွက် အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အခုလိုဆွေးနွေးခဲ့တဲ့အတွက် ရုပ်ရှင်သိုင်းလောကအတွင်းမှာ ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပရိသတ်တော်တေ်ာများများကတော့ လွင်မိုးဘက်ကနေ ထောက်ခံအားပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ရုပ်ရှင်လောကအတွက် ရှေ့ဆုံးက တိုက်ပွဲဝင်ပေးနေတဲ့ လွင်မိုး အတွက် မှတ်ချက်ကနေ တစ်ခုခုပြောပြခဲ့ကြပါဦး ။
Source – Tin Tunn Win
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
scroll to top