
001-22.jpg






Source – Chue Chue/ Thet Mon Myint

ယောနယ်မှာသွားရောက်ရိုက်ကူးနေပြီဖြစ်တဲ့ ကဝေသေလို့ခြောက်တဲ့တစ္ဆေ

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ၊ အသစ်သစ်သော ဖန်တီးမှုတွေ နဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း ကို တောင်းဆိုလာကြတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကြောင့် အဆင့်အတန်းမြင့်သထက်မြင့်လာတဲ့ မြန်မာ့ရုပ်ရှင်ကားကောင်းတွေကို အနုပညာရှင်တွေက ဖန်တီးလာကြပါတယ်။ အခုတစ်ခေါက်မှာလည်း ဝါရင့်အနုပညာရှင်တွေရော၊ မျက်နှာသစ် အနုပညာရှင်တွေပါ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေကြတဲ့ ရုပ်ရှင်ကားကြီးတစ်ကားထွက်ပေါ်လာပါပြီ။

နိုင်ငံကျော်စာရေးဆရာ သတိုးတေဇရဲ့ ကဝေသေလို့ခြောက်တဲ့တစ္ဆေ ဆိုတဲ့ ဝတ္ထုကို မြင့်မြတ်။ သက်မွန်မြင့် နဲ့ ခြူးလေး တို့ က အကောင်းဆုံးရိုက်ကူးပုံဖော်ပေးနေကြတာပါ။ အဆိုပါ ဇာတ်ကားကို ဂန့်ဂေါနယ်၊ ယောနယ်မှာ သွားရောက်ရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။
ဒီဇာတ်ကားလေးမှာ မြင့်မြတ်ကတော့ အောက်ပိုင်းသေနေတဲ့ကိုဖေသော် အဖြစ်ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။အဆိုပါ ဇာတ်ကားကြီးရဲ့ရိုက်ကွင်းပေါ်ကပုံရိပ်များကိုလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ အသီးသီး ဝေမျှထားတာလည်းဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ကြိုးကြိုးစားစားသရုပ်ဆောင်နေကြတဲ့ အနုပညာရှင်များအတွက် မှတ်ချကကနေ အားပေးစကားပြောပေးခဲ့ကြပါဦး။

Source – Myint Myat And Thet Mon Myint

scroll to top