နာရီတစ္ရာ့တစ္ဆယ္ရဲ႕ ကြဲျပားမႈေတြကို ပရိသတ္ေတြဆီ အသိေပးလိုက္တဲ့ ဒါရိုက္တာ တင္ေအာင္စိုး (ပန္းျမိဳ႕ေတာ္)

002-18.jpg

ဆယ္လီကမၻာပရိသတ္ၾကီးေရ ၊ ဒီႏွစ္ တပ္မေတာ္ေန႕ ဂုဏ္ျပဳဇာတ္လမ္းျဖစ္တဲ့ နာရီတစ္ရာ့တစ္ဆယ္ ကို ပရိသတ္ေတြၾကည့္ရႈျပီးျဖစ္ပါလိမ့္မယ္။ နာရီတစ္ရာ႕တစ္ဆယ္ ဟာ ခက္ခဲၾကမ္းတမ္းလွတဲ့ ေရတပ္သားေတြရဲ႕ အျပင္းအထန္ေလ့က်င့္ရတဲ့ ငရဲပတ္ ကို အခ်စ္၊ အလြမ္း၊ သံေယာဇဥ္ေတြေပါင္းစပ္ျပီး ဖန္တီးထားတာေၾကာင့္ စစ္သားခ်စ္သူ ပရိသတ္ေတြ သေဘာေခြ႔ခဲ့ၾကတဲ့ ဇာတ္ကားေကာင္းတစ္ခုပါ ။နာရီတစ္ရာ႔တစ္ဆယ္ ရဲ႕ ကြဲျပားမႈေတြကို လူမႈကြန္ရက္ကတဆင့္ ပရိသတ္ေတြဆီ အသိေပးလိုက္တာက ဒါရိုက္တာ တင္ေအာင္စိုး(ပန္းျမိဳ႕ေတာ္)ပါ။





ဒါရိုက္တာ တင္ေအာင္စိုးက “နာရီတစ္ရာ့တစ္ဆယ္… ဟာ ဟိုးအရင္ ၾကည္းတပ္ဇာတ္လမ္းေတြလို အပစ္အခတ္ေတြ အနင့္အနဲ ေတြ တိုက္ပြဲေတြ ႏွင့္ မဟုတ္ပါဘူး …တပ္မေတာ္(ေရ) ရဲ႕ ေလ့က်င့္ေရး ကို ဇာတ္လမ္းဖြဲ႕ၿပီး႐ိုက္ကူးထားတာျဖစ္ပါတယ္… ေသခ်ာတာက သာမန္ ျပည္သူလူထု နဲ႔ တပ္မိသားစုေတြဟာ ေရတပ္ရဲ႕ အစိတ္အပိုင္း အခ်ိဳ႕ကို သိသြားမယ္… ခံစားတတ္သြားမယ္ …တပ္မေတာ္ရဲ႕ ေလ့က်င့္ေရး အခန္း က႑ေတြ ကို သိရွိသြားမယ္ … ဒါပါပဲခ်စ္ျခင္းမုန္းျခင္းဆိုတာ ေနရာအႏွံ႔မွာရွိေနမွာမို႔ …ဘယ္သူ႔ကိုမွ အရမ္းေကာင္းတယ္အရမ္းႀကိဳးစားထား တယ္ ဘာ ညာေျပာမေနေတာ့ပါဘူး …တစ္ခ်ိဳ႕ေတြရဲ႕ စိတ္ေနစိတ္ထားကလည္း အစြန္းေရာက္ ေနတာကို မႏွစ္က ဇာတ္လမ္းရဲ႕ အေတြ႕အၾကံဳေတြအရ သိခြင့္ရထားတဲ့အခါ …ၾကည့္ပါ…. ႀကိဳက္တာေျပာပါ… ဒါပါပဲေနာ္” လို႕ေရးသားထားတာကိုေတြ႔ရပါတယ္။ ဆယ္လီကမၻာပရိသတ္ၾကီးေရ နာရီတစ္ရာ႔တစ္ဆယ္ကို သေဘာၾကတယ္ဆိုရင္ မွတ္ခ်က္ကေန အားေပးစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။

Source – Tin Aung Soe
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

နာရီတစ်ရာ့တစ်ဆယ်ရဲ့ ကွဲပြားမှုတွေကို ပရိသတ်တွေဆီ အသိပေးလိုက်တဲ့ ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ ဒီနှစ် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ နာရီတစ်ရာ့တစ်ဆယ် ကို ပရိသတ်တွေကြည့်ရှုပြီးဖြစ်ပါလိမ့်မယ်။ နာရီတစ်ရာ့တစ်ဆယ် ဟာ ခက်ခဲကြမ်းတမ်းလှတဲ့ ရေတပ်သားတွေရဲ့ အပြင်းအထန်လေ့ကျင့်ရတဲ့ ငရဲပတ် ကို အချစ်၊ အလွမ်း၊ သံယောဇဉ်တွေပေါင်းစပ်ပြီး ဖန်တီးထားတာကြောင့် စစ်သားချစ်သူ ပရိသတ်တွေ သဘောခွေ့ခဲ့ကြတဲ့ ဇာတ်ကားကောင်းတစ်ခုပါ ။နာရီတစ်ရာ့တစ်ဆယ် ရဲ့ ကွဲပြားမှုတွေကို လူမှုကွန်ရက်ကတဆင့် ပရိသတ်တွေဆီ အသိပေးလိုက်တာက ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ပါ။

ဒါရိုက်တာ တင်အောင်စိုးက “နာရီတစ်ရာ့တစ်ဆယ်… ဟာ ဟိုးအရင် ကြည်းတပ်ဇာတ်လမ်းတွေလို အပစ်အခတ်တွေ အနင့်အနဲ တွေ တိုက်ပွဲတွေ နှင့် မဟုတ်ပါဘူး …တပ်မတော်(ရေ) ရဲ့ လေ့ကျင့်ရေး ကို ဇာတ်လမ်းဖွဲ့ပြီးရိုက်ကူးထားတာဖြစ်ပါတယ်… သေချာတာက သာမန် ပြည်သူလူထု နဲ့ တပ်မိသားစုတွေဟာ ရေတပ်ရဲ့ အစိတ်အပိုင်း အချို့ကို သိသွားမယ်… ခံစားတတ်သွားမယ် …တပ်မတော်ရဲ့ လေ့ကျင့်ရေး အခန်း ကဏ္ဍတွေ ကို သိရှိသွားမယ် … ဒါပါပဲချစ်ခြင်းမုန်းခြင်းဆိုတာ နေရာအနှံ့မှာရှိနေမှာမို့ …ဘယ်သူ့ကိုမှ အရမ်းကောင်းတယ်အရမ်းကြိုးစားထား တယ် ဘာ ညာပြောမနေတော့ပါဘူး …တစ်ချို့တွေရဲ့ စိတ်နေစိတ်ထားကလည်း အစွန်းရောက် နေတာကို မနှစ်က ဇာတ်လမ်းရဲ့ အတွေ့အကြုံတွေအရ သိခွင့်ရထားတဲ့အခါ …ကြည့်ပါ…. ကြိုက်တာပြောပါ… ဒါပါပဲနော်” လို့ရေးသားထားတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နာရီတစ်ရာ့တစ်ဆယ်ကို သဘောကြတယ်ဆိုရင် မှတ်ချက်ကနေ အားပေးစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Source – Tin Aung Soe
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top