ေမြးရပ္ေျမရခုိင္ကိုျပန္ျပီး ဘုရားေနကဇာတင္မယ္ဆိုတဲ့ ေနတိုး

2-18.png

ရခိုင္တုိင္းရင္းသားေလး ျဖစ္တဲ့ေနတိုးကေတာ့ သရုပ္ေဆာင္ေလာကမွာ ထိပ္တန္းမင္းသားတစ္ေယာက္ အျဖစ္ ရပ္တည္ေနတဲ့ မင္းသားတစ္ေယာက္ ျဖစ္သလို သူ႕ရဲ႕ပီျပင္တဲ့သရုပ္ေဆာင္မႈေတြေၾကာင့္ အကယ္ဒမီဆုေတြ ရရွိထားတဲ့ မင္းသားတစ္ေယာက္ပါ ။ လတ္တေလာမွာေတာ့ ေမြးရပ္ေျမရခုိင္မွာ ဧျပီ လ ၆၊ ၇ရက္ေန႔ေတြမွာ မင္းေသြးနဲ႔အတူ မိသားစု၀င္ေတြ အားလံုး လွဴဒါန္းမယ့္ ေၾကးသြန္းဘုရားၾကီး ကို ဘုရားေနကဇာတင္ ပြဲရွိတယ္လုိ႕ သိရပါတယ္ ။ ဒီတစ္ေခါက္ ရခုိင္ျပန္တာဟာ နွစ္ ၂၀ေက်ာ္ၾကာ မျပန္ျဖစ္တဲ့ ရခုိင္ကို ပထမဆံုး ျပန္သြားျခင္းျဖစ္တယ္ လုိ႕လည္း သိရပါတယ္ ။

 

 

 

ေနတိုးဟာ ေမြးတဲ့ေနရာနဲ႕ ၾကီးျပင္းတဲ့ရြာမတူဘဲ ေမြးတဲ့ေနရာက ေတာထူရြာ ျဖစ္ျပီး ၾကီးျပင္းတဲ့ေနရာကေတာ့ မာန္ေအာင္ျမိဳ႕ျဖစ္ပါတယ္ ။ မာန္ေအာင္ ကြ်န္းက မာန္ေအာင္ျမိဳ႕နဲ႕ရြာေသးေသးေလးေတြရွိတဲ့ထဲကမွ ေနတိုးက ေတာထူရြာဆိုတဲ့ ရြာေလးမွာ ေမြးဖြားခဲ့တာျဖစ္ျပီး မာန္ေအာင္ျမိဳ႕မွာေက်ာင္းတက္ျပီး ၾကီးျပင္းခဲ့တာျဖစ္တယ္လုိ႕ ေနတိုးကေျပာျပခဲ့ပါတယ္ ။ ဘုရားတည္တဲ့ကိစၥနဲ႔ ေမြးရပ္ေျမခဏခဏ ျပန္ေနတဲ့ ေနတိုးရဲ႕ မိခင္က ေနတိုးကို တကယ္လုိ႕ေမြးရပ္ေျမ ျပန္ရင္ ဘာမွမွတ္မိမွာမဟုတ္ဘူး အရာအားလံုးက ေျပာင္းလဲ ေနျပီလုိ႕ေျပာျပခဲ့လို႕ ေနတိုးတစ္ေယာက္ကေတာ့ ေမြးရပ္ေျမ ရခိုင္ကို ျပန္ရမွာ တကယ္ပဲ အရမ္းကို ရင္ခုန္ေနရပါတယ္လို႕ ေျပာျပခဲ့ပါတယ္ ။

Source : 7Sense Creation

Molly @CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးရပ်မြေရခိုင်ကိုပြန်ပြီး ဘုရားနေကဇာတင်မယ်ဆိုတဲ့ နေတိုး

ရခိုင်တိုင်းရင်းသားလေး ဖြစ်တဲ့နေတိုးကတော့ သရုပ်ဆောင်လောကမှာ ထိပ်တန်းမင်းသားတစ်ယောက် အဖြစ် ရပ်တည်နေတဲ့ မင်းသားတစ်ယောက် ဖြစ်သလို သူ့ရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေ ရရှိထားတဲ့ မင်းသားတစ်ယောက်ပါ ။ လတ်တလောမှာတော့ မွေးရပ်မြေရခိုင်မှာ ဧပြီ လ ၆၊ ၇ရက်နေ့တွေမှာ မင်းသွေးနဲ့အတူ မိသားစုဝင်တွေ အားလုံး လှူဒါန်းမယ့် ကြေးသွန်းဘုရားကြီး ကို ဘုရားနေကဇာတင် ပွဲရှိတယ်လို့ သိရပါတယ် ။ ဒီတစ်ခေါက် ရခိုင်ပြန်တာဟာ နှစ် ၂၀ကျော်ကြာ မပြန်ဖြစ်တဲ့ ရခိုင်ကို ပထမဆုံး ပြန်သွားခြင်းဖြစ်တယ် လို့လည်း သိရပါတယ် ။

နေတိုးဟာ မွေးတဲ့နေရာနဲ့ ကြီးပြင်းတဲ့ရွာမတူဘဲ မွေးတဲ့နေရာက တောထူရွာ ဖြစ်ပြီး ကြီးပြင်းတဲ့နေရာကတော့ မာန်အောင်မြို့ဖြစ်ပါတယ် ။ မာန်အောင် ကျွန်းက မာန်အောင်မြို့နဲ့ရွာသေးသေးလေးတွေရှိတဲ့ထဲကမှ နေတိုးက တောထူရွာဆိုတဲ့ ရွာလေးမှာ မွေးဖွားခဲ့တာဖြစ်ပြီး မာန်အောင်မြို့မှာကျောင်းတက်ပြီး ကြီးပြင်းခဲ့တာဖြစ်တယ်လို့ နေတိုးကပြောပြခဲ့ပါတယ် ။ ဘုရားတည်တဲ့ကိစ္စနဲ့ မွေးရပ်မြေခဏခဏ ပြန်နေတဲ့ နေတိုးရဲ့ မိခင်က နေတိုးကို တကယ်လို့မွေးရပ်မြေ ပြန်ရင် ဘာမှမှတ်မိမှာမဟုတ်ဘူး အရာအားလုံးက ပြောင်းလဲ နေပြီလို့ပြောပြခဲ့လို့ နေတိုးတစ်ယောက်ကတော့ မွေးရပ်မြေ ရခိုင်ကို ပြန်ရမှာ တကယ်ပဲ အရမ်းကို ရင်ခုန်နေရပါတယ်လို့ ပြောပြခဲ့ပါတယ် ။

Source : 7Sense Creation
Molly @CeleGabar

scroll to top