(၁၆)နှစ်ပြည့်ကာ လူပျိုပေါက်အရွယ်ရောက်လာပြီးဖြစ်တဲ့ တစ်ချိန်က ကလေးသရုပ်ဆောင်လေး မောင်ခန့်ကျော်
Collage_Fotor2502.png
မောင်ခန့်ကျော်
တစ်ခေတ်တစ်ခါက အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အကော်ဒီယံအုန်းကျော်နဲ့ အကယ်ဒမီ ဒေါ်မြတ်မွန်တို့ရဲ့ မြေးမောင်ခန့်ကျော် ဘိုးဘွားတို့ရဲ့ ခြေရာနင်းနိုင်မလား …မကြာမီရုံတင်တော့မယ့် နို့ဘီလူး ကားမှာ အကယ်ဒမီဒေါ်မြတ်မွန်နဲ့ မြေးဖြစ်သူ မောင်ခန့်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ #CeleGabar#CG
Posted by Cele Gabar on Thursday, March 28, 2019
Khin Mi Mi @Celegbar
ပရိသတ်တွေ ရင်းနှီးနေတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မောင်ခန့်ကျော်ဟာ ပရိသတ်တို့ ဇာတ်လမ်းနဲ့ ရုပ်ရှင် အတော်အများမှာ ပါဝင်ခဲ့ဖူးတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ကောင်းတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ယနေ့တိုင် မပျောက်ကွယ်သွားပဲ ပညာရေးတဖက်နဲ့ ရပ်တည်နေတာဟာလည်း တကယ့်ကို ချီးကျူးစရာပါ။
အနုပညာမျိုးရိုးအနေနဲ့ နို့ဘီလူးရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သော အကယ်ဒမီ သရုပ်ဆောင် အမေ ဒေါ်မြတ်မွန်ရဲ့ မြေးလေး တော်စပ်သူ တစ်ယောက်ဖြစ်ပြီး အဘိုးဖြစ်သူကတော့ ပရိသတ်တွေ အင်မတန်မှ လေးစားချစ်ခင်ရပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အကော်ဒီယံ အုန်းကျော်ဖြစ်ပါတယ်။အသက်(၇၇) နှစ်ရှိပြီဖြစ်တဲ့ အဘွားဖြစ်သူ ဒေါ်မြတ်မွန် ” က ကလေးသရုပ်ဆောင် လုပ်လာတာ အဘွားထက်တောင် များသေးတယ်။သူက နို့ဘီလူးမှာလည်း ပါတယ်။ ” လို့ မြေးလေးအကြောင်းကို အင်တာဗျူးမှာ ဆိုခဲ့ပြန်ပါတယ်။
လက်ရှိမှာ မောင်ခန့်ကျော်လေး ဟာ (၁၀)တန်း စာမေး့ွဲကို ဖြေဆိုထားပြီးပြီဖြစ်ပြီး မကြာခင်မှာ အသက်(၁၆)နှစ် ပြည့်တော့မဲ့ မင်းသားချောလေးတစ်ယောက်လို့ ဆိုရင် လည်း မမှားပါဘူး။တကယ့်ကို လိမ္မာရေးခြားရှိတဲ့ အဘွားချစ် မြေးလေး ဖြစ်သလို နို့ဘီလူးရုပ်ရှင် ဇာတ်ကားကြီးမှာ လူမင်းရဲ့ ငယ်ဇာတ်ရုပ်မျာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ရိုက်ကူးခဲ့စဉ်နဲ့ ယခုရုံတင်ပြသစဉ် အချိန်လေးမှာ မောင်ခန့်ကျော်လေးတစ်ယောက် လူပျိုပေါက် အရွယ်လေးရောက်ရှိလာခဲ့ပြီဖြစ်သလို မိန်းကလေးပရိသတ် အတော်အများ စိတ်ဝင်တစားဖြစ်နေရတဲ့ လူငယ်လေးတစ်ယောက်လည်းဖြစ်ပါတယ်။
Source: Celegabar video & နို့ဘီလူး။
Khin Mi Mi @Celegbar
scroll to top