
4-15.png


 

 

 


ကိုကိုပြောသလိုပဲ 🙄

Posted by Thethtet Sone on Sunday, October 14, 2018

 

Source : Daung
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပရိသတ်အသည်းယားစေမယ့် စကားလေးတစ်ခွန်းကို ဆိုလိုက်တဲ့ ဒေါင်း

ပရိသတ်ကြီးက ဒုတိယ ရဲတိုက်လို့တင်စားထားတဲ့ ဒေါင်းကတော့ သရုပ်ဆောင်ပီပြင်ရုံတင်မကပါဘူး သူ့ရဲ့ ခန့်ညားချောမောတဲ့ ရုပ်ရည်ကြောင့် မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ်ဝန်းရံခံနေရတဲ့ နာမည်ကြီးမင်းသားချောလေး တစ်ယောက်ပါ ။ ရဲတိုက်လို ဆွဲဆောင်မှုရှိတဲ့ မျက်နှာသွင်ပြင်နဲ့ ရိုးရိုးရှင်းရှင်းနေတတ်တဲ့ ဒေါင်းဟာ ရဲတိုက်ရဲ့ ဆာတိုရီကပဲ စင်တင်တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ် ။ လတ်တလောမှာတော့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းအစားဆုံး နဲ့ စိတ်ဝင်စားမှုအမြင့်ဆုံးမင်းသားတစ်ယောက်ဖြစ်လို့နေပါတယ် ။
လတ်တလောမှာတော့ ဒေါင်းရဲ့ ဗီဒီယိုလေးတစ်ခုဟာ မိန်းကလေး ပရိတ်တွေကြားမှာ အတော်လေး ရေပန်းစားနေတာ တွေ့ရပါတယ် ။ ဒေါင်းတစ်ယောက် သူ့ကိုနှဖူးပြောင်တယ်လို့ ပြောလာတဲ့ ပရိသတ်တွေကို “ နှဖူးပြောင်တာဘာဖြစ်လဲ နှဖူးပြောင်တာ လူ့လောကမှာ အရေးမှမကြီးတာ “ လို့ Live လွှင့်ရင်း ပြောခဲ့တဲ့ စကားလေးကို မိန်းကလေး ပရိသတ်တွေ အများအပြား ရှဲထားကြပြီး နှဖူးပြောင်တဲ့ ပျိုပျိုမေတွေကတော့ ဒေါင်းရဲ့ စကားကို တခဲနက်အားပေးထောက်ခံနေကြတာဖြစ်ပါတယ် ။ ဒေါင်းကိုချစ်တဲ့ CeleGabar ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို အခုပဲ မျှဝေပေးလိုက်ပြီနော် ။ ကဲ နှဖူးပြောင်တဲ့သူတွေရဲ့ဘက်မှာ ကိုကိုဒေါင်းရှိနေပြီပဲ ဘာလိုသေးလဲ ။

Source : Daung
Molly @CeleGabar

scroll to top