လတ်ဆတ်နုပျိုနေဆဲ အနုပညာတွေနဲ့ ပရိသတ်တွေအထူးချစ်ခင်နေရတဲ့ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးထဲက အကယ်ဒမီဆုရှင် အမေဒေါ်မြတ်မွန်
Collage_Fotor864.png
#နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီး (Official Trailer-2)
နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီး (Official Trailer-2)💢ခင်ဗျားကို အချိန်တိုင်းမျှော်နေတဲ့အမေ့ကို စိတ်ချမ်းသာစေခြင်လိုက်တာ.💢#နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီး ကို💥️မတ်လ (၂၉) ရက်နေ့မှစတင်၍တစ်ပြည်လုံးရုံတင်ပြသပါတော့မည်။💥
Posted by နို့ဘီလူး – ရုပ်ရှင်ဇာတ်ကားကြီး on Wednesday, March 27, 2019
Khin Mi Mi@CeleGabar
လက်ရှိမှာ ရုံတင်ပြသတော့မဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ မိဘ နဲ့ သားသမီးတို့ ကြားက ရဲ့ မေတ္တာဘွဲ့ကို အခြေခံ လို့ မျက်ရည်ဖြိုင်ဖြိုင်ကျရလောက်အောင် ငိုကျွေးရမဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်လမ်းကြီးရဲ့အသက်ဖြစ်တဲ့ သရုပ်ဆောင် အမေ ဒေါ်မြတ်မွန်ဟာ တစ်ချိန်က အကယ်ဒမီဆုရှင် မင်းသမီးတစ်ယောက်ဖြစ်ကာ လက်ရှိမှာတော့ အသက်(၇၇) နှစ်ရှိပြီဖြစ်ပြီး ဆံဖြူလို့ ပါးရေတွေတွန့်နေလည်းပဲ စကားပြောပုံလေးက ဖြူစင်လို့ချစ်ဖို့ကောင်းနေတုန်းပါပဲ။
ဖလပလခေတ် (၁၉၅၉) ခုနှစ်မှာ အကယ်ဒမီဆုရှင် အမေ ဒေါ်မြတ်မွန်ဟာ အသက်(၁၇) နှစ်မှာ ကကြီးရေက ဇာတ်ကားဖြင့် အကယ်ဒမီ ဆုရရှိခဲ့ပြီး တစ်ချိန်က အကယ်ဒမီစင်မြင့်မှာ ဘောင်းဘီတို၊ ခုံဖိနပ် လေး စီး ကာ ဆုတက်ယူခဲ့သူဖြစ်ပြီး လက်ရှိမှာ အမေကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကိုတောင် မမှတ်မိနိုင်တော့ဘူးလို့ ဆိုထားပါတယ်။
“အကယ်ဒမီနဲ့ ပတ်သက်လို့ အမေတို့ ခေတ်မှာ ဇာတ်ပို့ဇာတ်ရံ ဆုပေးတယ်ဆိုမရှိဘူး၊ ကား(၁၀၀) ကျော်မှာ တစ်ကားပဲ ပေးတာ၊ တစ်ယောက်ပဲ ရတာ။ ” လို့ ဆိုခဲ့ပြီး အမေဟာ တစ်ချိန်က တစ်ဦးတည်းသာ ချီးမြင့်သော အကယ်ဒမီ ပညာရှင်ဆုကို ရရှိခဲ့သူ တစ်ယောက်ဖြစ်ကာ ယနေ့မှာ မြေးဖြစ်သူ မောင်ခန့်ကျော်လေးနဲ့ လူမင်းတို့ ခင်မင်မှုုက နေ နို့ဘီလူးရုပ်ရှင် ဇာတ်ကားကြီးမှာ ရုပ်ရှင်ထပ်ရိုက်ဖြစ်ခဲ့ပြီး အမေခန်း အနေနဲ့ အမေ ဘဝရဲ့ နောက်ဆုံး သရုပ်ဆောင်ခြင်းဖြစ်ကြောင်း နဲ့ လေငန်းဖမ်းထားလို့ နောက်ထပ်ရိုက်ကူးနိုင်မည်မဟုတ်တော့ကြောင်း ဆိုခဲ့တာမို့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။
source: Myanmar Celebrity video
Khin Mi Mi@CeleGabar
scroll to top