
003-17.jpg

 







 


Source – JCGV
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရုံမတင်ခင်မှာဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့ လေဆန်ကကြိုး ရုပ်ရှင်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို ရရှိထားတဲ့ မင်းသားချောလေးဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ လေဆန်ကကြိုး ရုပ်ရှင်ကားကြီးဟာ မကြာခင် ပြသတော့မှာဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားဟာ ဒေါင်းကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဖြစ်ပေမယ့်လည်း ဒေါင်းရဲ့ အနုပညာစန်း ကတောင် မကယ်နိုင်တော့တဲ့ အခက်အခဲ ကို စတင် ရင်ဆိုင်နေရပြီဖြစ်ပြီပါတယ်။

အဆိုပါ ဇာတ်လမ်းရဲ့ သရုပ်ဆောင်များကို ဖော်ပြထားရာမှာ လက်ရှိမြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးဇင်ဝိုင်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဖော်ပြထားတာကြောင့် အကယ်ဒမီ မကျေပွဲ အဖြစ် ရုပ်ရှင်ချစ် အမာခံပရိသတ်တွေက အဆိုပါ ဇာတ်ကားကို မကြည့်ကြဖို့ မှတ်ချက်တွေကနေတဆင့် ပြောဆိုထားကြတာကိုတွေ့ရပါတယ်။ ဒေါင်း ပါနေပေမယ့် ၊ ဒေါင်းကိုချစ်ပေမယ့် ဦးဌေး ပါဝင်သရုပ်ဆောင်ထားတာကြောင့် အခုလို ရုံမတင်ခင်မှာဘဲ အခက်အခဲတွေစတင်ကြုံတွေ့နေရတာဖြစ်ပါတယ်။ တကယ်လို့ ပြသမယ်ဆိုရင်လည်း ဦးဌေး ပါဝင်သရုပ်ဆောင်ထားသော အခန်းများကို ဆင်ဆာဖြတ်ပေးကြဖို့ တောင်းဆိုထားတာတွေကိုလည်းတွေ့ရပါ တယ်။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ရုံမတင်ခင်အခက်အခဲတွေစတင်ရင် ဆိုင်နေရ တဲ့ လေဆန်ကကြိုး ရုပ်ရှင်ကြီးအတွက် မှတ်ချက်ကနေ တစ်ခုခုပြောခဲ့ကြပါဦး။

Source – JCGV
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top