မဂၤလာသတင္းၾကားရဖို႕ မၾကာေတာ့ဘူးဆိုတဲ့ ေနတိုးနဲ႕ ေ၀းေသးတယ္ဆိုတဲ့ ထြန္းထြန္းတို႕အေၾကာင္း ေျပာျပလာတဲ့ နွင္းဆီအဖြဲ႕သားမ်ား

Collage_Fotor5323.png

 

 

ပရိသတ္ေတြကို တေသာေသာ ရယ္ေမာေစနို္င္ေသာ ဟာသလူျပက္ေတြအျဖစ္ တစ္နွစ္မွာ တၾကိမ္နွင္းဆီအျငိမ္မွာ တဖက္တလွမ္းကေန အျမဲကျပ ေဖ်ာ္ေျဖေလ႕ရွိတဲ့ နွင္းဆီအျငိမ္႕ အဖြဲ႕သားေတြျဖစ္ၾက ေသာ မင္းသား ေနတိုး၊ ထြန္းထြန္း၊ မင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗို နဲ႕ ရဲေလး တို႕ဟာ အျပင္ေလာကမွာလည္း ညီအကိုရင္းလို ခ်စ္ခင္ရင္းနွီးၾကသူေတြျဖစ္ၾကပါတယ္။

 

 

 

မင္းသား ေနတိုး၊ ထြန္းထြန္း၊ မင္းေမာ္ကြန္း နဲ႕ ေက်ာ္ေက်ာ္ဗို တို႕ကို ပြဲတစ္ခုမွာ အတူတူ ျမင္ေတြ႕ရခ်ိန္မွာေတာ့ ညီအကိုလိုခင္မင္ေတြအေၾကာင္း နဲ႕ပတ္သက္လို႕ ေျဖၾကားခဲ့ျပီး ဒီနွစ္မွာ ဇာတ္ပို႕အကယ္ဒမီဆုရရွိခဲ့တဲ့ ကိုၾကံ(ေက်ာ္ေက်ာ္ဗို) အတြက္ကိုလည္း အားလံုးက အတူတူဂုဏ္ျပဳေပးခဲ့ပါတယ္။ နွင္းဆီအဖြဲ႕သားေတြ ရဲ႕အမွတ္တရေတြအေနနဲ႕ ဆင္တူလူျပက္၀တ္စံုေလးေတြနဲ႕ အတူ ဆင္တူေရႊရင္ထိုးေလးေတြကို ယေန႕တိုင္ တန္ဖိုးထားကာ သိမ္းထားခဲ့ေၾကာင္းဆိုခဲ့ပါတယ္။

 

 

 

 

မိန္းမမရေသးတဲ့ ေနတိုး နဲ႕ ထြန္းထြြန္းကို အိမ္ေထာင္က်သြားျပီျဖစ္တဲ့ ကိုၾကံ႕ နဲ႕ မင္းေမာ္ကြန္းက ေဆးေပးမီးယူအတည္တက် ယူေစခ်င္ျပီျဖစ္ေသာ္လည္း မင္းသား ေနတိုးကေတာ့ သူ႕ရဲ႕မဂၤလာသတင္းၾကားရဖို႕ အရမ္းၾကီးမလိုေတာ့ဘူးဆိုထားသလို ထြန္းထြန္းကေတာ့” ေ၀းပါေသးတယ္၊ မိန္းမထဲမွာ မေတြ႕ရင္ေယာက်္ားထဲမွာ ယူပါမယ္”လို႕ စေနာက္ကာ ဆိုလိုက္ပါေသးတယ္။ ဆယ္လီကမာၻပရိသတ္ၾကီးေကာ ေနတိုးနဲ႕ ထြန္းထြန္းကို အိမ္ေထာင္ျပဳေစခ်င္ျပီလား..။

 

 

 


source: Myanmar Celebrity video
Khin Mi Mi@CeleGabar

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ပရိသတ်တွေကို တသောသော ရယ်မောစေနိုင်သော ဟာသလူပြက်တွေအဖြစ် တစ်နှစ်မှာ တကြိမ်နှင်းဆီအငြိမ်မှာ တဖက်တလှမ်းကနေ အမြဲကပြ ဖျော်ဖြေလေ့ရှိတဲ့ နှင်းဆီအငြိမ့် အဖွဲ့သားတွေဖြစ်ကြ သော မင်းသား နေတိုး၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို နဲ့ ရဲလေး တို့ဟာ အပြင်လောကမှာလည်း ညီအကိုရင်းလို ချစ်ခင်ရင်းနှီးကြသူတွေဖြစ်ကြပါတယ်။

မင်းသား နေတိုး၊ ထွန်းထွန်း၊ မင်းမော်ကွန်း နဲ့ ကျော်ကျော်ဗို တို့ကို ပွဲတစ်ခုမှာ အတူတူ မြင်တွေ့ရချိန်မှာတော့ ညီအကိုလိုခင်မင်တွေအကြောင်း နဲ့ပတ်သက်လို့ ဖြေကြားခဲ့ပြီး ဒီနှစ်မှာ ဇာတ်ပို့အကယ်ဒမီဆုရရှိခဲ့တဲ့ ကိုကြံ(ကျော်ကျော်ဗို) အတွက်ကိုလည်း အားလုံးက အတူတူဂုဏ်ပြုပေးခဲ့ပါတယ်။ နှင်းဆီအဖွဲ့သားတွေ ရဲ့အမှတ်တရတွေအနေနဲ့ ဆင်တူလူပြက်ဝတ်စုံလေးတွေနဲ့ အတူ ဆင်တူရွှေရင်ထိုးလေးတွေကို ယနေ့တိုင် တန်ဖိုးထားကာ သိမ်းထားခဲ့ကြောင်းဆိုခဲ့ပါတယ်။

မိန်းမမရသေးတဲ့ နေတိုး နဲ့ ထွန်းထွန်းကို အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ကိုကြံ့ နဲ့ မင်းမော်ကွန်းက ဆေးပေးမီးယူအတည်တကျ ယူစေချင်ပြီဖြစ်သော်လည်း မင်းသား နေတိုးကတော့ သူ့ရဲ့မင်္ဂလာသတင်းကြားရဖို့ အရမ်းကြီးမလိုတော့ဘူးဆိုထားသလို ထွန်းထွန်းကတော့” ဝေးပါသေးတယ်၊ မိန်းမထဲမှာ မတွေ့ရင်ယောကျ်ားထဲမှာ ယူပါမယ်”လို့ စနောက်ကာ ဆိုလိုက်ပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးကော နေတိုးနဲ့ ထွန်းထွန်းကို အိမ်ထောင်ပြုစေချင်ပြီလား..။

 

scroll to top