သားနဲ႔ သဲသဲက ေမာင္နွမေတြလိုပဲ မရိုးသားတဲ့စိတ္လံုး၀မရွိပါဘူးဆိုတဲ့ ခင္ဇာျခည္ေက်ာ္

5-10.png

မၾကာေသးမီက ျပဳလုပ္က်င္းပခဲ့တဲ့ အကယ္ဒမီ ထူးခြ်န္ဆုေပးပြဲအခမ္းအနားၾကီးမွာ ေရႊၾကိဳအျဖစ္ပါ၀င္ ခဲ့တဲ့ အကယ္ဒမီ ခင္ဇာျခည္ေက်ာ္ ရဲ႕သားေလး ဘုန္းမင္းေနလ နဲ႔ ဟာသ သရုပ္ေဆာင္ ခင္လိႈႈင္ရဲ႕ သမီးေလး သဇင္ထူးျမင့္ တို႕ကို ပရိသတ္ေတြက သေဘာတူေနတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္ ။ အနုပညာေမာင္နွမ အခ်င္းခ်င္း ရင္းႏွီးခ်စ္ခင္ၾကတာကို သူတို႕ေလးေတြကိုခ်စ္တဲ့ ပရိသတ္ေတြက သေဘာတူျပီး လက္တြဲေစခ်င္ေနတာပဲ ျဖစ္ပါတယ္ ။ အတြဲေတြလို႕လည္း ေကာလဟာလ သတင္းေတြထြက္ေပၚ ေနေပမယ့္ ကေလးေတြကေတာ့ ေမာင္နွမလိုပါပဲလို႕ ပရိသတ္ေတြကို အတိလင္းေျပာျပထားပါတယ္ ။

 

 

 

 

အခုလို သတင္းေတြထြက္ေနတဲ့အေပၚ ဘုန္းမင္းေနလ ရဲ႕ မိခင္ျဖစ္သူ အကယ္ဒမီခင္ဇာျခည္ေက်ာ္က ဘုန္းမင္းေနလမွာေရာ သဲသဲမွာေရာ သူတို႕ကိုခ်စ္တဲ့ဖန္ေတြရွိေတာ့ သူတို႕ကိုခ်စ္တဲ့ ပရိသတ္ေတြက ေပါင္းမိသြားျပီး အတြဲလည္းအတြဲညီၾကေတာ့ နွစ္ေယာက္လံုးက လည္း ခ်စ္စရာေလးေတြ ျဖစ္ျပီး ေမာင္ႏွမဆိုလည္း ယံုၾကတယ္ အဲဒီအတြက္ ဒါက ပရိသတ္ေတြရဲ႕ ဆႏၵျဖစ္ေနတာပါလို႕ ေျပာျပလာခဲ့ပါတယ္ ။ အျပင္မွာလည္း ေတြ႕ရင္လည္း စေနာက္ေနၾကျပီး မရိုးသားတဲ့စိတ္ က ကေလးနွစ္ေယာက္လံုးမွာမရွိပါဘူးတဲ့ ။ ကဲ သဲဆိုးေလး နဲ႕ဘုန္းဆိုးေလးကိုခ်စ္တဲ့ ပရိသတ္ၾကီးေရာ .. သူတို႕နွစ္ေယာက္ သေဘာတူဦးမွာလား ။

Source : We Media

Mollly @CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

သားနဲ့ သဲသဲက မောင်နှမတွေလိုပဲ မရိုးသားတဲ့စိတ်လုံးဝမရှိပါဘူးဆိုတဲ့ ခင်ဇာခြည်ကျော်

မကြာသေးမီက ပြုလုပ်ကျင်းပခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်းအနားကြီးမှာ ရွှေကြိုအဖြစ်ပါဝင် ခဲ့တဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော် ရဲ့သားလေး ဘုန်းမင်းနေလ နဲ့ ဟာသ သရုပ်ဆောင် ခင်လှိုှုင်ရဲ့ သမီးလေး သဇင်ထူးမြင့် တို့ကို ပရိသတ်တွေက သဘောတူနေတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။ အနုပညာမောင်နှမ အချင်းချင်း ရင်းနှီးချစ်ခင်ကြတာကို သူတို့လေးတွေကိုချစ်တဲ့ ပရိသတ်တွေက သဘောတူပြီး လက်တွဲစေချင်နေတာပဲ ဖြစ်ပါတယ် ။ အတွဲတွေလို့လည်း ကောလဟာလ သတင်းတွေထွက်ပေါ် နေပေမယ့် ကလေးတွေကတော့ မောင်နှမလိုပါပဲလို့ ပရိသတ်တွေကို အတိလင်းပြောပြထားပါတယ် ။

အခုလို သတင်းတွေထွက်နေတဲ့အပေါ် ဘုန်းမင်းနေလ ရဲ့ မိခင်ဖြစ်သူ အကယ်ဒမီခင်ဇာခြည်ကျော်က ဘုန်းမင်းနေလမှာရော သဲသဲမှာရော သူတို့ကိုချစ်တဲ့ဖန်တွေရှိတော့ သူတို့ကိုချစ်တဲ့ ပရိသတ်တွေက ပေါင်းမိသွားပြီး အတွဲလည်းအတွဲညီကြတော့ နှစ်ယောက်လုံးက လည်း ချစ်စရာလေးတွေ ဖြစ်ပြီး မောင်နှမဆိုလည်း ယုံကြတယ် အဲဒီအတွက် ဒါက ပရိသတ်တွေရဲ့ ဆန္ဒဖြစ်နေတာပါလို့ ပြောပြလာခဲ့ပါတယ် ။ အပြင်မှာလည်း တွေ့ရင်လည်း စနောက်နေကြပြီး မရိုးသားတဲ့စိတ် က ကလေးနှစ်ယောက်လုံးမှာမရှိပါဘူးတဲ့ ။ ကဲ သဲဆိုးလေး နဲ့ဘုန်းဆိုးလေးကိုချစ်တဲ့ ပရိသတ်ကြီးရော .. သူတို့နှစ်ယောက် သဘောတူဦးမှာလား ။

Source : We Media
Mollly @CeleGabar
ယူနီကုဒ်ဖြင့်တ်ရန်

scroll to top