ဘုရားတည္ခြင့္ ရရွိဖို႕ အေမစုထံ တိုင္ၾကားအသနားခံေတာ့မယ့္ ေဟမာေနဝင္း

004-1.png

ဆယ္လီကမၻာ ပရိသတ္ၾကီးေရ၊ ပဲခူးတိုင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နယ္၊ ဇီးျပဴကုန္းရြာမရွိ ဇမၺဴထိန္လင္းေစတီေတာ္ သာသနာ့ေျမ ၂ ဒသမ ၅၃ ဧက အျငင္းပြားမႈႏွင့္ပတ္သက္၍ မတ္ ၂၉ ရက္တြင္ ရန္ကုန္ၿမိဳ႕ Orchid ဟိုတယ္တြင္ က်င္းပျပဳလုပ္ခဲ့တယ္လို႕ သိရပါတယ္။အဆိုပါဇမၺဴထိန္လင္းေ စတီေတာ္ သာသနာ့ေျမ ၂ ဒသမ ၅၃ဧက ကိစၥဟာ ပဲခူးတိုင္းဝန္ၾကီးခ်ဳပ္ႏွင့္ ႏိုင္ငံေက်ာ္ ေတးသံရွင္ ေဟမာေနဝင္း ဘုရားတည္ထားမယ့္ ေျမေနရာ အျငင္းပြားမႈျဖစ္တယ္လို႕လည္း သတင္းေဖာ္ျပခ်က္ေတြအရသိရပါတယ္။





သတင္းစာရွင္းလင္းပြဲ တြင္ ေဟမာေနဝင္း ႏွင့္ သက္ဆိုင္သူမ်ားက ဇမၺဴထိန္လင္းေစတီေတာ္သာသနာ့ေျမ ၂ ဒသမ ၅၃ဧကတြင္ ေတးသံရွင္ေဟမာေန၀င္းမွ ဘုရားတည္ရန္ျပဳလုပ္စဥ္ ေျမအျငင္းပြားမႈျဖစ္စဥ္မ်ား ျဖစ္ပြားၿပီး အင္အားအမ်ားအျပားျဖင့္ ဇမၺဴထိန္လင္းေစတီေတာ္သို႔ ၀င္စီးကာ စိုက္ထူထားသည့္ အလံတိုင္မ်ားဆြဲႏုတ္ခဲ့ျခင္းျဖစ္စဥ္၊ ျဖစ္တယ္လို႕ ရွင္းလင္းေျပာဆိုခဲ့ၾကပါတယ္
အဆုိပါကိစၥႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားမွ တိက်သည့္ေျဖရွင္းမႈမ်ား ျပဳလုပ္ေပးျခင္းမရွိသည့္အတြက္ သာသနာေရး၀န္ႀကီးဌာန၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္႐ံုး၊ ႏိုင္ငံေတာ္သမၼတထံ တိုင္ၾကားမွာျဖစ္တယ္လို႕ ေဒၚေဟမာေန၀င္းက မီဒီယာေတြကို ေျပာဆိုလိုက္ပါတယ္။ဆယ္လီကမၻာ ပရိသတ္ၾကီးေရ ဘုရားတည္ခြင့္ရဖို႕ အေမစုထံ အသနားခံတိုင္ၾကားေတာ့မယ့္ မေဟမာအတြက္ မွတ္ခ်က္ကေနတစ္ခုခုေျပာခဲ့ၾကပါဦး။

Source – News Watch
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘုရားတည်ခွင့် ရရှိဖို့ အမေစုထံ တိုင်ကြားအသနားခံတော့မယ့် ဟေမာနေဝင်း

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဇီးပြူကုန်းရွာမရှိ ဇမ္ဗူထိန်လင်းစေတီတော် သာသနာ့မြေ ၂ ဒသမ ၅၃ ဧက အငြင်းပွားမှုနှင့်ပတ်သက်၍ မတ် ၂၉ ရက်တွင် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါဇမ္ဗူထိန်လင်းေ စတီတော် သာသနာ့မြေ ၂ ဒသမ ၅၃ဧက ကိစ္စဟာ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် နိုင်ငံကျော် တေးသံရှင် ဟေမာနေဝင်း ဘုရားတည်ထားမယ့် မြေနေရာ အငြင်းပွားမှုဖြစ်တယ်လို့လည်း သတင်းဖော်ပြချက်တွေအရသိရပါတယ်။

သတင်းစာရှင်းလင်းပွဲ တွင် ဟေမာနေဝင်း နှင့် သက်ဆိုင်သူများက ဇမ္ဗူထိန်လင်းစေတီတော်သာသနာ့မြေ ၂ ဒသမ ၅၃ဧကတွင် တေးသံရှင်ဟေမာနေဝင်းမှ ဘုရားတည်ရန်ပြုလုပ်စဉ် မြေအငြင်းပွားမှုဖြစ်စဉ်များ ဖြစ်ပွားပြီး အင်အားအများအပြားဖြင့် ဇမ္ဗူထိန်လင်းစေတီတော်သို့ ဝင်စီးကာ စိုက်ထူထားသည့် အလံတိုင်များဆွဲနုတ်ခဲ့ခြင်းဖြစ်စဉ်၊ ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ကြပါတယ်
အဆိုပါကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ တိကျသည့်ဖြေရှင်းမှုများ ပြုလုပ်ပေးခြင်းမရှိသည့်အတွက် သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နိုင်ငံတော်သမ္မတထံ တိုင်ကြားမှာဖြစ်တယ်လို့ ဒေါ်ဟေမာနေဝင်းက မီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ဘုရားတည်ခွင့်ရဖို့ အမေစုထံ အသနားခံတိုင်ကြားတော့မယ့် မဟေမာအတွက် မှတ်ချက်ကနေတစ်ခုခုပြောခဲ့ကြပါဦး။

Source – News Watch
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top