ပရိသတ္ေတြ ရဲ႕ အမုန္းေတြ ေၾကာင့္ မုန္းမာန္ အျဖစ္ေအာင္ျမင္ေနတဲ့ ကေလးသရုပ္ေဆာင္ အားကိုးရာ

005-15.jpg

ဆယ္လီကမၻာပရိသတ္ၾကီးေရ MRTV- 4 ႐ုပ္သံလိုင္းကေန ထုတ္လႊင့္ျပသေနတဲ့ “ကြၽန္မက မေဟသီ” ဆိုတဲ့ ဇာတ္လမ္းတြဲဟာ ပရိသတ္ေတြၾကားမွာ လူႀကိဳက္မ်ားၿပီး ေရပန္းစားေနပါတယ္။ ဒီဇာတ္လမ္းတြဲမွာ “မိန္းမေခ်ာ”အျဖစ္ သ႐ုပ္ေဆာင္တဲ့ သံသာမိုးသိမ့္ရဲ႕ သားျဖစ္သူ “မုန္းမာန္”ေနရာကေန ပါဝင္ထားတဲ့ ကေလးသ႐ုပ္ေဆာင္ အားကိုးရာ ကိုလည္း ပရိသတ္ေတြက သရုပ္ေဆာင္ ေကာင္းလြန္းတာေၾကာင့္ အခ်စ္ပိုေနၾကတာပါ ။




အားကိုးရာ(မုန္းမာန္) က သူ႕ ရဲ႕ ၾကိဳးစားမႈေတြကို ဧရာ၀တီနဲ႕ ေတြ႕ဆံုခိုက္မွာ အခုလိုေျပာဆိုခဲ့ပါတယ္။“သားသား ‘ကြၽန္မက မေဟသီ’မွာ အိုက္တင္ေတြကို ေတာ္ေတာ္ ႀကိဳးစားခဲ့ရတယ္။ သား အဲ့ကား ႐ိုက္တာ ၄ လေတာင္ ၾကာတယ္။ သားသား ဆိုးတဲ့ ကေလးလို သ႐ုပ္ေဆာင္ရတာ ပရိသတ္ေတြ မုန္းသြားမွာေတာ့ ေၾကာက္တယ္။ ဒါေပမဲ့ ပရိသတ္က ေျပာၾကတယ္။ သ႐ုပ္ေဆာင္ အရမ္းေတာ္တယ္။ ပရိသတ္မုန္းေအာင္ သ႐ုပ္ေဆာင္တာက ပို သ႐ုပ္ေဆာင္ေကာင္းတယ္လို႔ ေျပာတယ္။ သားအိုက္တင္ေတြကို ဒါ႐ိုက္တာကလည္း သင္ေပးတယ္။ မႀကီး မိန္းမေခ်ာကလည္း သင္ေပးတယ္။သားသား ဘဘဦးေဇာ္ျမင့္ဦး ႐ိုက္မယ့္ စီးရီးတြဲတခုမွာ သ႐ုပ္ေဆာင္ဖို႔ ရွိတယ္။ ေနာက္ထပ္ကားေတြလည္း ရွိတယ္”လို႔ ကေလးသ႐ုပ္ေဆာင္ အားကိုးရာက ေျပာဆိုထားပါတယ္။“သားသားကို ဘယ္လို ကာ႐ိုက္တာ လာေခၚေခၚ႐ိုက္တယ္။ သားသ႐ုပ္ေဆာင္တာ အရမ္းဝါသနာပါတယ္။ သားသားကို အားေပးေနၾကတဲ့ ပရိသတ္ေတြကိုလည္း သားက ခ်စ္ပါတယ္။ သားကိုလည္း ခ်စ္ေပးၾကပါ”လို႔ အားကိုးရာက ဆိုပါတယ္။ ဆယ္လီကမၻာ ပရိသတ္ၾကီးေရ အားကိုးရာအတြက္ မွတ္ခ်ကကေန အားေပးစကားေလးေတြေျပာေပးခဲ့ၾကပါဦး။

Source – burma.irrawaddy.com
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေ ရဲ့ အမုန်းတွေ ကြောင့် မုန်းမာန် အဖြစ်အောင်မြင်နေတဲ့ ကလေးသရုပ်ဆောင် အားကိုးရာ

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ MRTV- 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြားမှာ လူကြိုက်များပြီး ရေပန်းစားနေပါတယ်။ ဒီဇာတ်လမ်းတွဲမှာ “မိန်းမချော”အဖြစ် သရုပ်ဆောင်တဲ့ သံသာမိုးသိမ့်ရဲ့ သားဖြစ်သူ “မုန်းမာန်”နေရာကနေ ပါဝင်ထားတဲ့ ကလေးသရုပ်ဆောင် အားကိုးရာ ကိုလည်း ပရိသတ်တွေက သရုပ်ဆောင် ကောင်းလွန်းတာကြောင့် အချစ်ပိုနေကြတာပါ ။

အားကိုးရာ(မုန်းမာန်) က သူ့ ရဲ့ ကြိုးစားမှုတွေကို ဧရာဝတီနဲ့ တွေ့ဆုံခိုက်မှာ အခုလိုပြောဆိုခဲ့ပါတယ်။“သားသား ‘ကျွန်မက မဟေသီ’မှာ အိုက်တင်တွေကို တော်တော် ကြိုးစားခဲ့ရတယ်။ သား အဲ့ကား ရိုက်တာ ၄ လတောင် ကြာတယ်။ သားသား ဆိုးတဲ့ ကလေးလို သရုပ်ဆောင်ရတာ ပရိသတ်တွေ မုန်းသွားမှာတော့ ကြောက်တယ်။ ဒါပေမဲ့ ပရိသတ်က ပြောကြတယ်။ သရုပ်ဆောင် အရမ်းတော်တယ်။ ပရိသတ်မုန်းအောင် သရုပ်ဆောင်တာက ပို သရုပ်ဆောင်ကောင်းတယ်လို့ ပြောတယ်။ သားအိုက်တင်တွေကို ဒါရိုက်တာကလည်း သင်ပေးတယ်။ မကြီး မိန်းမချောကလည်း သင်ပေးတယ်။သားသား ဘဘဦးဇော်မြင့်ဦး ရိုက်မယ့် စီးရီးတွဲတခုမှာ သရုပ်ဆောင်ဖို့ ရှိတယ်။ နောက်ထပ်ကားတွေလည်း ရှိတယ်”လို့ ကလေးသရုပ်ဆောင် အားကိုးရာက ပြောဆိုထားပါတယ်။“သားသားကို ဘယ်လို ကာရိုက်တာ လာခေါ်ခေါ်ရိုက်တယ်။ သားသရုပ်ဆောင်တာ အရမ်းဝါသနာပါတယ်။ သားသားကို အားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း သားက ချစ်ပါတယ်။ သားကိုလည်း ချစ်ပေးကြပါ”လို့ အားကိုးရာက ဆိုပါတယ်။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ အားကိုးရာအတွက် မှတ်ချကကနေ အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦး။

Source – burma.irrawaddy.com
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top