ဆင္းရဲတဲ့ ဘဝအမွန္ကို ဗီဒီယိုေလးနဲ႔ ပရိသတ္ေတြကို အသိေပးခဲ့တဲ့ ျဖဴျဖဴေထြး

006-7.jpg

 

ဆယ္လီကမၻာ ပရိသတ္ၾကီးေရ ။အႏုပညာေလာကထဲမွာ ပရိသတ္ေတြသတိထားမိလာတဲ့ ျဖဴျဖဴေထြးကေတာ့ အႏုပညာအလုပ္ေတြကို တစ္စိုက္မတ္မတ္လုပ္ေဆာင္ၿပီးအႏုပညာေလာကထဲကိုဝင္ေရာက္လာတာပဲျဖစ္ပါတယ္။ျဖဴျဖဴေထြးက တကၠသိုလ္ေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး ေက်ာင္းစာတစ္ဖက္ အလုပ္ကတစ္ဖက္နဲ႔ ႏွစ္ခုလုံးကို လစ္ဟာမႈမရွိေအာင္ ေဆာင္႐ြက္ေနတဲ့ အႏုပညာဝါသနာအိုးေလးတစ္ေယာက္ပါ။ သေဘာျဖဴအူစင္း တဲ့ ေတာသူမေလး ျဖဴျဖဴေထြးတစ္ေယာက္ သူ႕ရဲ႕ ဘဝအမွန္ တစ္စိတ္တစ္ပိုင္းကို ဗီဒီယိုရိုက္ကူးျပီး ပရိသတ္သိေအာင္ျဖန္႕ေဝခဲ့ပါတယ္။




ျဖဴျဖဴေထြးတစ္ေယာင္ ဖားအံပြဲ ကအျပန္ ရြာ ကို ဝင္ျပီး ရြာမွာရွိတဲ့ သက္ၾကီးရြယ္အို အဘိုးအဘြားေတြအတြက္ ေထာက္ပံ့မႈေတြ ကို တႏိုင္တပိုင္ ျပဳလုပ္ခဲ့တာပါ။ အႏုပညာေၾကးေလးေတြကို အိမ္ျပင္ေဆာက္ဖို႕ အသံုးခ်လိုက္တဲ့ ျဖဴျဖဴေထြးတစ္ေယာက္ သူၾကီးျပင္းလာခဲ့ရတဲ့ အမွတ္တရေလးေတြကို ဗီဒီယိုေလးကေနတဆင့္ ပရိသတ္ေတြသိေအာင္ တင္ျပလိုက္တာပါ။ ပရိသတ္အမ်ားစုကေတာ့ မိသားစုကို ရိုးသားစြာ ရွာေဖြေကၽြးေမြးေနတဲ့ ျဖဴျဖဴေထြးကို မွတ္ခ်က္ေတြကေန ခ်ီးက်ဴးခဲ့ပါတယ္။ ဆယ္လီကမၻာ ပရိသတ္ၾကီးလည္း ဗီဒီယိုေလးကို ၾကည့္ရင္း ျဖဴျဖဴေထြးအတြက္ စကားလက္ေဆာင္ပါးခဲ့ၾကပါဦး။

ဆင္းရဲတဲ့ ဘဝအမွန္ကို ဖြင့္ခ်လိုက္တဲ႔ ျဖဴျဖဴေထြး

"ဆင္းရဲတဲ့ ဘဝအမွန္ကို ဖြင့္ခ်လိုက္တဲ႔ ျဖဴျဖဴေထြး"ဘဝအမွန္ကို ရိုးရိုးသားသားဖြင့္ခ်လိုက္တာေၾကာင့္ ပရိသတ္ေတြ အံ့ၾသခဲ့ရတာပါ :OCrd – Phyu Phyu Htwe#CeleGabar

Posted by CeleGabar TV on Friday, March 29, 2019

Source – Phyu Phyu Htwe
Yenanthar Khin Khin Se @ CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆင်းရဲတဲ့ ဘဝအမှန်ကို ဗီဒီယိုလေးနဲ့ ပရိသတ်တွေကို အသိပေးခဲ့တဲ့ ဖြူဖြူထွေး

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ။အနုပညာလောကထဲမှာ ပရိသတ်တွေသတိထားမိလာတဲ့ ဖြူဖြူထွေးကတော့ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ဆောင်ပြီးအနုပညာလောကထဲကိုဝင်ရောက်လာတာပဲဖြစ်ပါတယ်။ဖြူဖြူထွေးက တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျောင်းစာတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နှစ်ခုလုံးကို လစ်ဟာမှုမရှိအောင် ဆောင်ရွက်နေတဲ့ အနုပညာဝါသနာအိုးလေးတစ်ယောက်ပါ။ သဘောဖြူအူစင်း တဲ့ တောသူမလေး ဖြူဖြူထွေးတစ်ယောက် သူ့ရဲ့ ဘဝအမှန် တစ်စိတ်တစ်ပိုင်းကို ဗီဒီယိုရိုက်ကူးပြီး ပရိသတ်သိအောင်ဖြန့်ဝေခဲ့ပါတယ်။

ဖြူဖြူထွေးတစ်ယောင် ဖားအံပွဲ ကအပြန် ရွာ ကို ဝင်ပြီး ရွာမှာရှိတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေအတွက် ထောက်ပံ့မှုတွေ ကို တနိုင်တပိုင် ပြုလုပ်ခဲ့တာပါ။ အနုပညာကြေးလေးတွေကို အိမ်ပြင်ဆောက်ဖို့ အသုံးချလိုက်တဲ့ ဖြူဖြူထွေးတစ်ယောက် သူကြီးပြင်းလာခဲ့ရတဲ့ အမှတ်တရလေးတွေကို ဗီဒီယိုလေးကနေတဆင့် ပရိသတ်တွေသိအောင် တင်ပြလိုက်တာပါ။ ပရိသတ်အများစုကတော့ မိသားစုကို ရိုးသားစွာ ရှာဖွေကျွေးမွေးနေတဲ့ ဖြူဖြူထွေးကို မှတ်ချက်တွေကနေ ချီးကျူးခဲ့ပါတယ်။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း ဗီဒီယိုလေးကို ကြည့်ရင်း ဖြူဖြူထွေးအတွက် စကားလက်ဆောင်ပါးခဲ့ကြပါဦး။

Source – Phyu Phyu Htwe
Yenanthar Khin Khin Se @ CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top