ရွှေလက်တွဲသွားပြီဖြစ်တဲ့ မြန့်မာလက်ရွေးစင် ဘောလုံးကစားသမား အောင်သူနဲ့ ရွှေမင်းသမီး ပိုးအိအိခန့်တို့ရဲ့ မင်္ဂလာပုံရိပ်လေးများ

Collage_Fotor86576.png

 

ပြည်သူပရိသတ်တွေရဲ့ အချစ်တော် ဆယ်လီစုံတွဲဖြစ်တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား အောင်သူ နဲ့ မင်းသမီးလေး အောင်သူတို့ ချစ်သူဖြစ်နေတာ နှစ်နဲ့ချီ ကြာမြင့်လာပြီ ဖြစ်သလို လက်ရှိမှာတော့ ပရိသတ်တွေ လက်တွဲစေချင်တဲ့ အတိုင်း တစ်ဘ၀လုံးစာ အိမ်ထောင်ဘက်တွေအဖြစ် လက်တွဲသွားခဲ့ပြီဖြစ်ပါတယ်။

 

 

 

 

မတ်လ(၂၆) ရက်မှာ သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည်ခံပွဲလေး ကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်တွေသာမက အနုပညာရှင် အသိုင်းအ၀ိုင်းတွေကပါ သူတို့ရဲ့ မင်္ဂလာပွဲလေးအတွက် အရမ်းကို ၀မ်းသာပီတီဖြစ်ခဲ့ရပါတယ်။ အောင်သူ ကတော့ အနက်ရောင် အနောက်တိုင်း အမျိုးသားဝတ်စုံလေးဝတ်ဆင်ခဲ့ပြီး ပိုးအိအိခန့်က တော့ အဖြူရောင်မင်္ဂလာဝတ်စုံလေးနဲ့ အရမ်းကို လှပနေတာပါ။

 

 

 

 

အောင်သူ နဲ့ ပိုးအိအိခန့်တို့ရဲ့ နှစ်ယောက်ဖူးစာက သိပ်ကို ဆန်းကျယ်လွန်းလှသလို ရှားရှားပါးပါး အားကစားသမားနဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ အွန်းလိုင်းပေါ်မှာ Mobile Legend Game အတူတူ ဆော့ကစားရင်း သူငယ်ချင်းအဖြစ်ကနေ အဆင့်တွေတက်လို့ ဆွုတွေ့ချစ်ကြိုက်ခဲ့ကြတာဖြစ်တာမို့ အောင်သူ နဲ့ ပိုးအိအိခန့်တို့ရဲ့ ဆန်းကျယ်တဲ့ ဖူးစာလေးအကြောင်းနဲ့ အတူ သူတို့နှစ်ဦးရဲ့ မင်္ဂလာပုံရိပ်များကို ဆယ်လီကမ္ဘာပုံပရိသတ်များအတွက် ဖော်ပြလိုက်ရပါတယ်နော်။

 

 

 

 

 

source: aung thu
Khin Mi Mi@CeleGabar
ယူနီကုဒ်ဖြင့် ဖတ်ရန်

scroll to top