၂၀၁၃ ခုနှစ်ကဖြေခဲ့တဲ့ အင်တာဗျူးတစ်ခုကြောင့် Troll ခံနေရတဲ့ သင်ဇာဝင့်ကျော်

2-19.png

သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမော်ဒယ်လ် သရုပ်ဆောင် မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ် ။ သူမဟာ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ပိုင်ဆိုင်ထားပြီး Sexy Photo တွေကြောင့် ပရိသတ်တွေ အများအပြား အာရုံစိုက်ခြင်းခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ဝတ်စားဆင်ယင်မှု ဖက်ရှင်ကလည်း အများနဲ့မတူပဲ အရမ်းကို Sexy ဆန်နေတဲ့အတွက် ဝေဖန်တိုက်ခိုက်မှုတွေ အများအပြား ရှိခဲ့သလို ရုပ်ရှင်အစည်းရုံးကပါ ခေါ်ယူသတိပေးခြင်းခံခဲ့ရပါတယ် ။ ဒါပေမယ့် သင်ဇာကတော့ သူမယုံကြည်ရာကိုပဲ ရှေ့ဆက်နေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူမရဲ့ဖက်ရှင်ပိုင်းကတော့ ပြောင်းလဲဝတ်ဆင် ခြင်း မရှိပါဘူး ။

လတ်တလောမှာတော့ အွန်လိုင်း Troller တွေကြားမှာ ၂၀၁၃ ခုနှစ်က သူမ ဖြေဆိုခဲ့တဲ့ မဂ္ဂဇင်း အင်တာဗျူးတစ်ခု ကို troll စရာဖြစ်နေခဲ့ပါတယ် ။ သူမ ၂၀၁၃ ခုနှစ်က ဖြေခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အမေ့စကားတစ်ခွန်းကြောင့် လုံလုံခြုံခြုံဝတ်တော့မယ်လို့စဉ်းစားထားတယ် ဆိုတဲ့အဖြေကို Troll နကြတာဖြစ်ပါတယ် ။ မေမေ့စကားတစ်ခွန်းကြောင့် လိမ္မာသွားတဲ့သမီးလေးဆိုပြီး ပရိသတ်တွေရဲ့ စနောက်ခြင်းကို ခံနေရတာပဲဖြစ်ပါတယ် ။ သင်ဇာက ၀တ်စားဆင်ယင်မှုပိုင်းမှာ ဖက်ရှင်ကျကျ ဆက်ဆီ ကျကျ ဆိုပေမယ့် အပြင်လောကမှာတော့ အရမ်းကိုစိတ်ထားကောင်းပြီး လူမှုဆက်ဆံရေးကောင်းတဲ့ မင်းသမီးတစ်ယောက်ပါတဲ့ ပရိသတ်ကြီးရေ ..။ သင်ဇာကိုချစ်တဲ့ CeleGabar ပရိတ်ကြီးကလည်း သင်ဇာဘက်က ၀န်းရံပေးလိုက်ကြပါဦးနော် ။

Source : hartha Lulin
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top