
1-19.png


 

 

 


Source : Daung
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အသက် ၂၉ နှစ်ပြည့်မွေးနေ့ ရှင်မင်းသားချောလေး ဒေါင်း

ညို့ငင်အားပြင်းတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင်ဒေါင်းကတော့ မိန်းကလေး ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို တခဲနက်ရရှိ ပိုင်ဆိုင်ထားတဲ့ မင်းသား ချောတစ်ယောက်ပါ ။ အနုပညာရှင် အချင်းချင်းတောင် သရုပ်ဆောင်နေရင်းနဲ့ သူ့ရဲ့မျက်ဝန်းတွေကို သေချာမကြည့်ရဲဘူးလို့ ပြောလာတဲ့ထိ ဘုရားပေးတဲ့ ဆွဲေ ဆာင်မှုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ ။ ဒီနေ့ မတ်လ ၃၀ ရက်နေ့နေ့လေးကတော့ သရုပ်ဆောင်မင်းသားချောလေး ဒေါင်းရဲ့ အသက် ၂၉ နှစ်ပြည့်မွေးနေ့ မင်္ဂလာရက်မြတ်လေးပဲ ဖြစ်ပါတယ် ။

အသက် ၂၉ နှစ်လို့မထင်ရလောက်အောင် နုပျိုနေတဲ့ဒေါင်းကတော့ ပျိုပျိုမေတို့ရဲ့ အသည်းစွဲလေး ဖြစ်နေတာ ဆန်းတော့လည်း မဆန်းပါဘူးနော် ။ ပရိသတ်တွေအားလုံးကလ ည်း ဒေါင်း ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းတွေ အများကြီးပေးထားကြတာတွေ့ရပါတယ် ။ လတ်တလောမှာတော့ ဒေါင်းတစ်ယောက် ချစ်ခြင်းဖြင့်လွမ်းစေ ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးနေတာဖြစ်ပြီး နောင်မင်းလတ် အဖြစ်သရုပ်ဆောင်ထားပါတယ် ။ ဒေါင်းရဲ့ ၂၉ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အနုပညာအလုပ်တွေမှာ အောင်မြင်မှုတွေရပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေ အများကြီးရပါစေလို့ CeleGabar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Daung
Molly @CeleGabar

scroll to top