001-23.jpg
Source – Myat Thu Thu Zin
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဝါရင့်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေပြီဖြစ်တဲ့ မြတ်သူသူဇင်(မြညို)
ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ ပရိသတ်ကြီးရဲ့ အချစ်တော် မြညိုမင်းသမီးလေး မြတ်သူသူဇင် ကတော့ ပျားရည်အိုင်ဇာတ်လမ်းပြီးသွားတဲ့ တိုင်အောင် ပရိသတ်တွေက မြညို အဖြစ် အသိအမှတ်ပြုထားကြတာပါ ။ မြတ်သူူသူဇင် ဟာ သရုပ်ဆောင် ပိုင်းမှာလည်း ထူးချွန်သလို ဇာတ်လမ်းတွဲတွေမှာလည်း မတူညီတဲ့ ဇာတ်ကောင်းစရိုက်တွေကို ပီပြင်စွာ သရုပ်ဆောင်ထားနိုင်တာ ကိုတွေ့ရပါတယ်။ မြတ်သူသူဇင်ဟာ အခွင့်အကောင်းတစ်ခုကို ရရှိလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
မြတ်သူ ဟာ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီးဖြစ်တဲ့ မင်းမော်ကွန်း နဲ့ တွဲဖက်ပြီး လောင်းရိပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခွင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ရှေးဆန်တဲ့ အပြင် အဆင်တွေနဲ့ သရုပ်ဆောင်ရတာကြောင့် မြန်မာဆန်တဲ့ အလှပိုင်ရှင် မြတ်သူနဲ့တော့ ကွက်တိဖြစ်နေခဲ့တာပါ ။ မြတ်သူ ကတော့ လူမှုကွန်ရက်စာမျက်နှာမှာ “လောင်းရိပ်ရုပ်ရှင်ကားကြီးအတွက် နေရာပေးပြီး ခေါ်ပေးတဲ့ အကိုဒါရိုက်တာပြည်ဟိန်းသီဟ အရမ်းကျေးဇူးတင်ပါတယ်ရှင့်
ဝတ်စုံနဲ့မိတ်ကပ်တွေ ကူညီပေးကြတဲ့ ချစ်မမများတကယ်အရမ်းကျေးဇူးတင်ပါ တယ်နော် ချစ်ရတဲ့သူတွေအတွက် ခုထက်ပိုကြိုးစားပါ့မယ်။ မြညိုကို အခုချိန်ထိ ချစ်ပေး အားပေးကြလို့ တကယ်ဝမ်းသာပါတယ် ဒီကားလေးမှာ နေရာလေးတနေရာစာပါရတုန်း အားပေးကြတဲ့သူတွေအတွက် ပိုကြိုးစားခဲ့ပါတယ်” လို့ရေးသားထားတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် စတင်ရိုက်ကူးနေပြီဖြစ်တဲ့ မြတ်သူသူဇင်အတွက် မှတ်ချက်ကနေ အားပေးစကားပြောခဲ့ကြပါဦး ။
Source – Myat Thu Thu Zin
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
scroll to top