33-1.png
Source : Longyiman
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဒါရိုက်တာဝိုင်းရိုက်ကူးထားတဲ လှပ်၍လွှင့်သော ကားကြီးကို အသေးစိတ်ဝေဖန်လိုက်တဲ့ နိုင်ငံခြားသား
Longyiman သိပြီးသား ပရိသတ်တွေရှိသလို မသိသေးတဲ့ ပရိသတ်တွေလည်း ရှိ နေပါသေးတယ် ။ Longyiman ဆိုတဲ့ Page ကတော့ နိုင်ငံခြားသားတစ်ယောက်ရဲ့ 502K follower ရှိတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ အတွက် အကျိုးရှိစေမယ့် အကြောင်းရာတွေကို မျှဝေပေးနေတဲ့ Page တစ်ခုပါ ။ ဒီ Blogger ဟာ မြန်မာနိုင်ငံကိုချစ်မြတ်နိုးပြီး လူငယ်တွေအတွက် စိတ်ခွန်အားပေးနေတဲ့ Blogger တစ်ယောက်ဖြစ်ပြီး လတ်တလောမှာတော့ ဒါရိုက်တာ ဝိုင်းရိုက်ကူးထားတဲ့ လှပ်၍လွှင့်သော ရုပ်ရှင်ကားကြီးကို Review အဖြစ် ပြန်လည်မျှဝေပေးခဲ့ပါတယ် ။ ဒီကားထဲမှာ သရုပ်ဆောင်တွေက အရမ်းကောင်းပေမယ့် ဇာတ်ကားက တော့ အရမ်းပျင်းဖို့ကောင်းတယ်လို့ သူက ဆိုပါတယ် ။ အကောင်းဆုံး သရုပ်ဆောင်ကတော့ ခင်ဝင့်ဝါဖြစ်ပြီး သူမ သရုပ်ဆောင်တာ အရမ်းမိုက်ပြီး နေရာတိုင်းမှာ သူမ သရုပ်ဆောင်တာဟာ လုံးဝတကယ်ဖြစ်နေတဲ့အတိုင်းခံစားရပါတယ်တဲ့ ။
သူ့အနေနဲ့ ဒီကားကိုကြည့်လိုက်ရတဲ့ ကောင်းကျိုးအနေနဲ့ ရုပ်ရှင်ရဲ့အကောင်းဆုံးအပိုင်း ဖြစ်တဲ့ ခင်ဝင့်ဝါရဲ့ သရုပ်ဆောင်ချက်တွေပါပဲ တဲ့ ။ ကျန်တာတွေလည်း တော်ကြပေမယ့် ခင်ဝင့်ဝါ သရုပ်ဆောင်တာ အရမ်းကောင်းတယ်တဲ့အပြင် ဖွေးဖွေး သရုပ်ဆောင်တာထက်တောင် ပိုကောင်းနေသေးတယ်လို့ သူက ဆိုပါတယ် ။ ဒီကားလေးကတော်တော်လေးလည်း ကောင်းသလို ကားရိုက်တဲ့သူကိုလည်း သူ့အနေနဲ့ချီးကျူပါတယ် တဲ့ ။ ရှုထောင့်တွေ ၊ ရိုက်ချက်တွေ ၊ ရှုခင်းတွေ ကတော်တော်ကောင်းတယ်လို့ ပြောပြခဲ့ပါတယ် ။ တစ်ခုရှိတာက သရုပ်ဆောင်တွေက အရမ်းကောင်းနေပေမယ့်လည်း ပြသနာကတော့ ပျင်းဖို့ကောင်းနေတာလေး တစ်ခုပါပဲတဲ့ ။ ရုပ်ရှင်ကြည့်ရတာ အရှိန်မရှိဘူး ၊ ဒရမ်မာကားတစ်ကားဆိုတာကို နားလည်ပေမယ့် အရမ်းစိတ်လှုပ်ရှားစရာမကောင်းဘူးဆိုတာလည် းသိပါတယ်လို့ သူရဲ့အမြင်ကို ပြောပြခဲ့ပါတယ် ။ ကြည့်နေရင်းနဲ့ ခံစားမိတာကတော့ တော်တော်လေးကို ပျင်းစရာကောင်းတာပါပဲ တဲ့ ပရိသတ်ကြီးရေ ..။
Source : Longyiman
Molly @CeleGabar
scroll to top