
002-19.jpg

 






ယူနီကုဒ်ဖြင့်ဖတ်ရန်


အကယ်ဒမီအတွက် အမှန်တရား ဘက်က ရပ်တည်ပေးခဲ့တဲ့ မင်းမော်ကွန်း

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေပွဲဆူခဲ့ကြတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ ပြီးဆုံးခဲ့ပါပြီ ။ အကယ်ဒမီဟာ ပရိသတ်တွေဆန္ဒ နဲ့ အလုံးစုံထပ်တူမကျခဲ့တဲ့ အတွက် ပွဲကျင်းပနေစဉ်မှာဘဲ လူမှုကွန်ရက်ပေါ် ကနေ ဝေဖန်မှုတွေရှိခဲ့တာပါ ။ အဆိုပါကိစ္စ အတွက် ရုပ်ရှင်အစည်းအရုံး ၊ အကယ်ဒမီ အကဲဖြတ်ဘုတ်အဖွဲ့ စတာတွေ ကို ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အခုလိုဝေဖန်ကြသူတွေရှိသလို အကယ်ဒမီအမှန်တရားအတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့သူတွေထဲမှာ အကယ်ဒမီ မင်းမော်ကွန်း လည်းပါဝင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ အကယ်ဒမီ ဇင်ဝိုင်းဟာ ရုပ်ရှင်အစည်းအရံးရဲ့ ဥက္ကဌဖြစ်နေပေမယ့် မင်းမော်ကွန်းကတော့ အကယ်ဒမီ အတွက် သစ္စာရှိရှိ ပရိသတ်တွေဘက်ကနေရပ်တည်ခဲ့တာပါ။ မင်းမော်ကွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “Generation gap သိပ်ကြောက်ဖို့ကောင်းတယ်
ခေတ်ကိုမသိရင်ပရိသတ်နဲ့ကွဲလွဲနေမှာပါပဲ”လို့ရေးသားထားသလို။ “အပျော်ကတစ်ဝက်ရင်ထဲမှာတော့” ဆိုပြီ ခီမောင်နှံ ၊ မီနဲ့ နေတိုးတို့ရဲ့ ပုံတွေကို တင်ပေးခဲ့တာကိုတွေ့ရပါတယ်။ ပရိသတ်တွေကတော့ မင်းမောင်ကွန်း ရဲ့ ရပ်တည်ချက်အတွက် တခဲနက်အားပေးခဲ့ကြပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ အမှန်ဘက်ကရပ်ခဲ့တဲ့ မင်းမော်ကွန်းအတွက် မှတ်ချက်ကနေတစ်ခုခုပြောခဲ့ကြပါဦးနော်။

Source – Kyaw Kyaw Htay Lwin
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top