အတိုင္းအတာတစ္ခုထိ ေအာင္ျမင္ခဲ့တဲ့ ပန္႕ေရာ႔ခ္ကာေတြ ရဲ႕ ေရြ႕လ်ား အခမဲ့ေစ်းဆုိင္

collage-70.jpg

အိမ္တုိင္း အိမ္တုိင္း၊ မိသားစုတုိင္း မိသားစုတုိငး္မွာ အသံုးမလိုေတာ့တဲ့ ပစၥညး္ေတြအနည္းနဲ႔အမ်ား ရွိေနႀကပါတယ္။ အဲ့ဒီအသံုးမလိုေတာ့တဲ့ ပစၥညး္ေတြက တခ်ိဳ႔မိသားစုေတြအတြက္ အသံုး၀င္ေနႏိုင္ပါတယ္။ လူတခ်ိဳ႔မလိုအပ္ေတာ့တဲ့ ပစၥညး္ေတြ လိုအပ္တဲ့ လူတခ်ိဳ႔ဆီေရာက္ရွိေစဖို႔အတြက္ Free Mobile Shop (ေရြ့လ်ား အခမဲ့ေစ်းဆုိင္) ကို ရန္ကုန္ျမိဳ႕ ေန လူငယ္ေလးေတြက စတင္မိတ္ဆက္လိုက္ပါတယ္။လူငယ္ေတြရဲ႕ လမ္းေဘးတီး၀ိုင္းေတြမွာ သည္းသည္းလႈပ္အားေပးျခင္းကိုခံရတဲ့ ပန္႕ေရာခ္ကာ ေတြ လည္းပါ၀င္ခဲ့တဲ့ ဒီေစ်းဆိုင္ေလးရဲ႕ ေအာင္ျမင္မႈ က အတိုင္းအတာတစ္ခုအထိ ေရာက္ရွိခဲ့တယ္လို႕ဆိုပါတယ္။ အခမဲ႕ ေစ်းဆိုင္မွာ ေရာင္းခ်တဲ့ပစၥည္းေတြဟာ အခေၾကးေငြေပးစရာမလိုဘဲ မိမိတို႕ရဲ႕ အလိုအပ္ဆံုး အရာတစ္ခုကို ၀ယ္ယူနိုင္တာထူးျခားခ်က္တစ္ခုပါ ။

 

“အဲ့ဒီေန႔ (၁၅ရက္ေန႔)က အခမဲ့ေစ်းလာ၀ယ္သူေတြဟာ ေတာ္ေတာ္ကိုရိုးသားႀကပါတယ္။ ေစ်းမ၀ယ္ခင္က ကြ်န္ေတာ္တို႔ရဲ့ လက္ကမ္းစာေစာင္ေတြေႀကာင့္ပဲလား (ဒါမွမဟုတ္) ပင္ကိုအသိစိတ္ေႀကာင့္ပဲလားေတာ့မသိပါဘူး။ တစ္ေယာက္ကို ပစၥညး္တစ္မ်ိဳးစီပဲ ၀ယ္ယူႀကျပီ..ကိုယ့္အတြက္လိုအပ္မယ္ထင္တဲ့ဟာကို ေသခ်ာေရြးျပီးမွ ၀ယ္ယူႀကပါတယ္။ ေလာဘစိတ္တစ္ခုတညး္နဲ႔ အလကားရရင္ ဘာျဖစ္ျဖစ္ယူမယ္ဆိုတဲ့ လူမ်ိဳးေတြ မေတြ႔ရသေလာက္ပါပဲ။” လို႕ ေစ်းဆိုင္ေလးကိုစီစဥ္တဲ့ ကိုေက်ာ္သူ၀င္း က ေရးသားထားပါတယ္။ အခမဲ႕ေစ်းဆိုင္ လႈပ္ရွားမႈရဲ႕ ဗီဒီယိုေလးကို မုဒိတာပြားမ်ားနိုင္ၾကဖို႕ တင္ဆက္ေပးလိုက္ပါတယ္။

 

Free mobile shop movement!!!

What is free mobile shop?Free mobile shop is a social movement aimed at sharing things without involving money or profit. Money has desensitized us and has started to prevent us from recognizing our shared humanity.Why do we start this movement?In every house, in every family, there will be some things which are not needed anymore. Maybe those unneeded things are useful for some other people and families. Our free mobile shop is founded to present unneeded things from some people to the people who really need them. At our free mobile shop, you can sell or buy anything without money. Our world has been consumed by materialism and because of that our compassion and sharing spirit are getting less and less. We agitate not to sink into material wealth, but to share the things we don’t need with the other people. So, this is the movement to expand our compassion and sharing spirit, not based on money.

Posted by The Rebel Riot Band on Sunday, November 18, 2018

အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တဲ့ ပန့်ရော့ခ်ကာတွေ ရဲ့ ရွေ့လျား အခမဲ့ဈေးဆိုင်

အိမ်တိုင်း အိမ်တိုင်း၊ မိသားစုတိုင်း မိသားစုတိုင်းမှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေအနည်းနဲ့အများ ရှိနေကြပါတယ်။ အဲ့ဒီအသုံးမလိုတော့တဲ့ ပစ္စည်းတွေက တချို့မိသားစုတွေအတွက် အသုံးဝင်နေနိုင်ပါတယ်။ လူတချို့မလိုအပ်တော့တဲ့ ပစ္စည်းတွေ လိုအပ်တဲ့ လူတချို့ဆီရောက်ရှိစေဖို့အတွက် Free Mobile Shop (ရွေ့လျား အခမဲ့ဈေးဆိုင်) ကို ရန်ကုန်မြို့ နေ လူငယ်လေးတွေက စတင်မိတ်ဆက်လိုက်ပါတယ်။

လူငယ်တွေရဲ့ လမ်းဘေးတီးဝိုင်းတွေမှာ သည်းသည်းလှုပ်အားပေးခြင်းကိုခံရတဲ့ ပန့်ရောခ်ကာ တွေ လည်းပါဝင်ခဲ့တဲ့ ဒီဈေးဆိုင်လေးရဲ့ အောင်မြင်မှု က အတိုင်းအတာတစ်ခုအထိ ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ အခမဲ့ ဈေးဆိုင်မှာ ရောင်းချတဲ့ပစ္စည်းတွေဟာ အခကြေးငွေပေးစရာမလိုဘဲ မိမိတို့ရဲ့ အလိုအပ်ဆုံး အရာတစ်ခုကို ဝယ်ယူနိုင်တာထူးခြားချက်တစ်ခုပါ ။

“အဲ့ဒီနေ့ (၁၅ရက်နေ့)က အခမဲ့ဈေးလာဝယ်သူတွေဟာ တော်တော်ကိုရိုးသားကြပါတယ်။ ဈေးမဝယ်ခင်က ကျွန်တော်တို့ရဲ့ လက်ကမ်းစာစောင်တွေကြောင့်ပဲလား (ဒါမှမဟုတ်) ပင်ကိုအသိစိတ်ကြောင့်ပဲလားတော့မသိပါဘူး။ တစ်ယောက်ကို ပစ္စည်းတစ်မျိုးစီပဲ ဝယ်ယူကြပြီ..ကိုယ့်အတွက်လိုအပ်မယ်ထင်တဲ့ဟာကို သေချာရွေးပြီးမှ ဝယ်ယူကြပါတယ်။ လောဘစိတ်တစ်ခုတည်းနဲ့ အလကားရရင် ဘာဖြစ်ဖြစ်ယူမယ်ဆိုတဲ့ လူမျိုးတွေ မတွေ့ရသလောက်ပါပဲ။” လို့ ဈေးဆိုင်လေးကိုစီစဉ်တဲ့ ကိုကျော်သူဝင်း က ရေးသားထားပါတယ်။ အခမဲ့ဈေးဆိုင် လှုပ်ရှားမှုရဲ့ ဗီဒီယိုလေးကို မုဒိတာပွားများနိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်

Source – The Rebel Riot Band / Free Mobile Shop – Yangon

 

scroll to top