ျမန္မာေငြ သိန္း(၄၀၀၀) ေက်ာ္တန္ ကမာၻ႕အျမန္ဆံုး Ferrariကားၾကီးကို ၀ယ္ယူလိုက္တဲ့ နုတ္ခမ္းနီမေလးေတြရဲ႕ အခ်စ္ေတာ္ ဦးစိုင္း

Collage_Fotor5736.png

 

လူငယ္ပရိသတ္ေတြအတြက္သာမက အနုပညာသည္အခ်င္းခ်င္းေတာင္ စံျပထားရေလာက္ေအာင္ စိတ္သေဘာတည္ျငိမ္ရင့္က်က္ျပီး (၁၅)နွစ္တာမွ် ျဖတ္သန္းခဲ့တဲ့ အနုပညာသက္တမ္း အခ်ိန္ေလးအတြင္း ဘာအရွဴပ္အရွင္းမွ မရွိပဲ ယေန႕တိုင္ ေအာင္ျမင္မွု ရရွိေနသူ တစ္ဦးကေတာ့ နုတ္ခမ္းနီမ ေလးေတြရဲ႕ အခ်စ္ေတာ္ စိုင္းစိုင္းခမ္းလွိဳင္ ျဖစ္ပါတယ္။

 

 

 

 

အဆိုေတာ္၊ စာေရးဆရာ၊ ရုပ္ရွင္မင္းသားတစ္ေယာက္ ျဖစ္သလို တဖက္မွာလည္း မိန္းကေလးေတြ အသည္းစြဲ “SAI” Cosmetix Company ကို တည္ေထာင္သူ လုပ္ငန္းရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ လာမဲ့ ေအပရယ္လ(၃၀) မွာ သူ႕ရဲ႕ အသက္(၄၀) နွစ္ျပည္႕မွာ ျဖစ္သလို နွစ္စဥ္က်င္းပေနၾကျဖစ္တဲ့ ဦးစိုင္းရဲ႕ Birthday Show 2019 ကို ရန္ကုန္ျမို႕မွာ က်င္းပမွာျဖစ္ျပီး လက္မွတ္အလုအယွက္ ၀ယ္ယူသူေတြနဲ႕ စတင္စည္ကားလို႕ ေနျပီျဖစ္ပါတယ္။

 

 

 

လတ္တေလာမွာ စိုင္းစိုင္းခမ္းလွိဳင္ ၀ယ္လိုက္တဲ့ အနီေရာင္ Ferrari ကားနဲ႕ပတ္သက္လို႕ ပရိသတ္ေတြ အရမ္းကို စိတ္၀င္စားနခဲ့ျကျပီး ဒီကားရဲ႕ ေမာ္ဒယ္ အမ်ိဳးအစားကေတာ့ Ferrari 458 Italia (2015) ျဖစ္ကာ အေမရိကန္ ေဒၚလာ($239,340 ) ၊ ျမန္မာတန္ဖိုးေငြ သိန္း(၄၀၀၀) ၀န္းက်င္ ရွိပါတယ္။ 2015 Ferrari 458 Italia (2015)ဟာ ေနာက္ဆံုးထြက္ရွိထားတဲ့ ကမာၻ႕အျမန္ဆံုး ကားအမ်ိဳးအစားေတြထဲက တစ္ခုျဖစ္ျပီး ျမင္းေကာင္ေရအား(၅၇၀) အင္ဂ်င္ နဲ႕ တစ္နာရီကို မိုင္(၁၀၀) ေက်ာ္နွုန္းနဲ႕ သြားနိုင္တဲ့ ေစ်းအၾကီးဆံုး နဲ႕ အျမန္ဆံုး ျပိုင္ကားအမ်ိဳးအစားေတြထဲက တစ္ခုျဖစ္ပါတယ္။နိုင္ငံ (၁၃) နိုင္ငံကို တင္သြင္းေရာက္ခ်ျပီး ထိုင္စရာခံု(၂) ခံုသာ ပါ၀င္တဲ့ စိုင္းစိုင္းရဲ႕ ကားသစ္အေၾကာင္းကို စိတ္၀င္စားေနၾကမဲ့ ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

 

 

 

source: Sai Sai Kham leng & 3dexport.com
Khin Mi Mi@CeleGabar
ယူနီကုဒ္ျဖင့္ ဖတ္ရန္

လူငယ်ပရိသတ်တွေအတွက်သာမက အနုပညာသည်အချင်းချင်းတောင် စံပြထားရလောက်အောင် စိတ်သဘောတည်ငြိမ်ရင့်ကျက်ပြီး (၁၅)နှစ်တာမျှ ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း အချိန်လေးအတွင်း ဘာအရှူပ်အရှင်းမှ မရှိပဲ ယနေ့တိုင် အောင်မြင်မှု ရရှိနေသူ တစ်ဦးကတော့ နုတ်ခမ်းနီမ လေးတွေရဲ့ အချစ်တော် စိုင်းစိုင်းခမ်းလှိုင် ဖြစ်ပါတယ်။

အဆိုတော်၊ စာရေးဆရာ ၊ ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်သလို တဖက်မှာလည်း မိန်းကလေးတွေ အသည်းစွဲ “SAI” Cosmetix Company ကို တည်ထောင်သူ လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ လာမဲ့ အေပရယ်လ(၃၀) မှာ သူ့ရဲ့ အသက်(၄၀) နှစ်ပြည့်မှာ ဖြစ်သလို နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ဦးစိုင်းရဲ့ Birthday Show 2019 ကို ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပြီး လက်မှတ်အလုအယှက် ဝယ်ယူသူတွေနဲ့ စတင်စည်ကားလို့ နေပြီဖြစ်ပါတယ်။

လတ်တလောမှာ စိုင်းစိုင်းခမ်းလှိုင် ဝယ်လိုက်တဲ့ အနီရောင် Ferrari ကားနဲ့ပတ်သက်လို့ ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနခဲ့ကြပြီး ဒီကားရဲ့ မော်ဒယ် အမျိုးအစားကတော့ Ferrari 458 Italia (2015) ဖြစ်ကာ အမေရိကန် ဒေါ်လာ($239,340 ) ၊ မြန်မာတန်ဖိုးငွေ သိန်း(၄၀၀၀) ဝန်းကျင် ရှိပါတယ်။ 2015 Ferrari 458 Italia (2015)ဟာ နောက်ဆုံးထွက်ရှိထားတဲ့ ကမ္ဘာ့အမြန်ဆုံး ကားအမျိုးအစားတွေထဲက တစ်ခုဖြစ်ပြီး မြင်းကောင်ရေအား(၅၇၀) အင်ဂျင် နဲ့ တစ်နာရီကို မိုင်(၁၀၀) ကျော်နှုန်းနဲ့ သွားနိုင်တဲ့ ဈေးအကြီးဆုံး နဲ့ အမြန်ဆုံး ပြိုင်ကားအမျိုးအစားတွေထဲက တစ်ခုဖြစ်ပါတယ်။နိုင်ငံ (၁၃) နိုင်ငံကို တင်သွင်းရောက်ချပြီး ထိုင်စရာခုံ(၂) ခုံသာ ပါဝင်တဲ့ စိုင်းစိုင်းရဲ့ ကားသစ်အကြောင်းကို စိတ်ဝင်စားနေကြမဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

source: Sai Sai Kham leng & 3dexport.com
Khin Mi Mi@CeleGabar

 

scroll to top