
4-16.png


 

 

 

 

 


အားလုံး Good Night ပါ ❤️ Havana English And Korea Version ❤️နာဆင်ကြည့်ပါနော် ❤️❤️❤️Martha Htoowah

Posted by Naw Martha Htoowah on Tuesday, February 26, 2019

Valentine day အမှတ်တရအနေနဲ့❤️ ရင်တွေခုန်လွန်းလို့ပါ ❤️တေးရေး အောင်မြင့်မြတ်တေးဆို Martha Htoowah ဒီသီချင်းအသစ်လေးနဲ့ သီဆိုပေးလိုက်ပါတယ်ရှင့် ❤️Martha Htoowah

Posted by Naw Martha Htoowah on Thursday, February 14, 2019

 

ရည်မှန်းချက်တွေပြည့်စုံပြီး နွေးထွေးတဲ့မိသားစုလေး ပိုင်ဆိုင်နိုင်ကြပါစေ

🏡❤ရည်မှန်းချက်တွေပြည့်စုံပြီး နွေးထွေးတဲ့မိသားစုလေး ပိုင်ဆိုင်နိုင်ကြပါစေ ❤️❤️❤️https://www.youtube.com/channel/UCh909YXqKWBap_erL19OB9AYouTube link ကိုဝင်ပြီး Like and Subscribe လေးလုပ်ပေးကြပါနော် Thank you ❤️❤️❤️

Posted by Naw Martha Htoowah on Friday, January 4, 2019

Source : BBC
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ယုံကြည်ရာသီချင်း ကာဗာဆိုရင်းနဲ့ လူမှုကွန်ရက်ပေါ်မှာ လူသိများလာတဲ့ ကိုရီးယားက မာသထူးဝါးဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး

အိမ်လေးတစ်လုံးလိုချင်တယ်ဆိုတဲ့ သီချင်းလေးကို သီဆိုရင်း လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ရတာကနေ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ မိန်းကလေးကတော့ မာသထူးဝါး ဆိုတဲ့ ကရင်တိုင်းရင်းသူလေးပါ ။ ကရင်အဆိုတော် စောထူးဝါးရဲ့ အနုပညာသွေးကို ဆက်ခံထားနိုင်သူလေးဖြစ်ပြီး စကားပြောတတ်တဲ့ အသက်(၁) နှစ်ကျော်လောက် ကတည်းက သူမရဲ့ ပါးပါးနဲ့ အိမ်မှာ ဂစ်တာတီးပြီး သီချင်းတွေဆိုခဲ့တယ်လို့သိရပါတယ် ။ အသက်က တော့ ၁၁ နှစ်ရှိပြီဖြစ်ပြီး ကိုရီးယား က ပညာရေးကျောင်တစ်ခုမှာ ၅တန်းတက်နေတယ်လို့သိရပါတယ် ။ လွန်ခဲ့တဲ့ ၂နှစ်က ယုံကြည်ရာသီချင်းကို ကာဗာဆိုပြီး တင်ခဲ့ရာကနေ အားပေးတဲ့သူတွေ များလာတာဖြစ်တယ်လို့ မာသ လေးက ပြောပြခဲ့ပါတယ် ။ လက်ရှိ သူမဟာကိုရီးယားနိုင်ငံ၊ ဘူချောင်မြို့ မှာ နေထိုင်ပြီး ကိုရီးယားနိုင်ငံသူလေးတစ်ယောက်အဖြစ် ခံယူကာ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကြိုးစားနေသူဖြစ်ပါတယ်။

မာသ လေးရဲ့အကြီးမားဆုံးအခက်ခဲကတော့ မြန်မာစကားကို သိပ်ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်သလို မပီတဲ့အတွက် မြန်မာစကားကို ကိုရီးယားအသံထွက်နဲ့ရေးပြီးမှတ်ရတဲ့အတွက် အရမ်းခက်ခဲပါတယ်တဲ့ ။ အခုလတ်တလောမှာတော့ အဖွဲ့တစ်ဖွဲ့နဲ့သီချင်းတွေအတူဆိုဖို့ရှိသလို k-pop ဖြစ်ချင်ပေမယ့် မကတတ်တာကြောင့် အဆင်မပြေဘူးလို့ သိရပါတယ် ။ ကိုရီးယား၊ မြန်မာ၊ တရုတ်၊ ထိုင်း ၊ အင်္ဂလိပ် နဲ့ ပိုးကရင် ဘာသာစကား စုစုပေါင်း ဘာသာစကား(၆) မျိုးတတ်မြောက်တဲ့ ထူးခြားတဲ့ပါရမီရှင်လေး တစ်ယောက်လည်း ဖြစ်ပါတယ် ။ အသံကောင်းပြီးချစ်စရာကောင်းတဲ့ မာသ လေးရဲ့ သီချင်းလေးတွေကို ပရိသတ်ကြီးနားဆင်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : BBC
Molly @CeleGabar

scroll to top