
004-17.jpg






Source – Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ငယ်ငယ်ကတည်းက မပြောင်းလဲတဲ့ အကျင့်လေး အလင်းပြလိုက်တဲ့ သရုပ်ဆောင်နိုင်းနိုင်း

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ၊ လူတိုင်းလူတိုင်းမှာ ငယ်စဉ် ကတည်း က အခုအချိန်ထိ ပြောင်းလဲလို့မရနိုင်တဲ့ အကျင့်စရိုက်လေးတွေရှိတတ်ကြပါတယ်။ ကောင်းတဲ့အကျင့်ဖြစ်စေ ၊ ဆိုးတဲ့ အကျင့်ဖြစ်စေ ငယ်စဉ်ကတည်းက ပါလာရင် ကြီးတဲ့ အခါ ပြင်ဖို့ ခက်ခဲတတ်ကြတာပါ။ အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသားချော နိုင်းနိုင်းတစ်ယောက် ကတော့ ငယ်ငယ်ကတည်းက ပြင်ဖို့ခက်တဲ့ အကျင့်လေးတစ်ခု ကို လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်သိအောင်ချပြလိုက်ပါတယ်။

နိုင်းနိုင်းက “ငယ်ငယ်လေးကတည်းက ဆိုင်ကယ်မြင်ရင် မနေနိုင်တဲ့ အကျင့်က ခုထိမပြောင်းလဲပဲ ရှိနေတုန်းပါ။ ကလေးတုန်းကပုံပြန်ကြည့်ပြီး….ပြောင်းလဲခြင်းတွေ၊ အိုမင်းခြင်းတွေ ပါအမြဲကပ်လျက်ရှိနေတာ ကိုသတိကပ်မိတယ်။ ကျွန်တော်ချစ်သော ပရိတ်သတ်ကြီးရေ..အချိန်တွေ တစ်အားမြန်တယ်နော်…ဒါဆိုဘာလုပ်မလဲ??? စိတ်ချမ်းသာသောနေ့တစ်နေ့ဖြစ်ပါစေဗျား။
#Actor99” ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နိုင်းနိုင်း လိုပဲ ငယ်ငယ်ကတည်းက မပြောင်းလဲနိုင်တဲ့ ဘယ်လိုအကျင့်လေးတွေရှိနေခဲ့ကြသလဲ မှတ်ချက်ကနေတစ်ခုခုပြောခဲ့ကြပါဦး ။

Source – Cele Gabar
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top