နုိ႕ဘီလူးကားရိုက္ကူးေနရင္းနဲ႔ ရိႈက္ၾကီးတငင္ ငိုခဲ့ရတယ္ဆိုတဲ့ ေအာင္ခိုင္

5-11.png

ဒါရိုက္တာ အန္ကယ္ေလး ရိုက္ကူးတဲ့ နို႕ဘီလူး ဇာတ္ကားၾကီးဟာ မိဘနဲ႕သားသမီးၾကားမွာရွိတဲ့ ခ်စ္ျခင္းေမတၱာတရားေတြနဲ႕ လူငယ္ေတြအတြက္ ပညာေပး ရိုက္ကူးထားတဲ့ကားေလးပဲ ျဖစ္ပါတယ္ ။ ၾကည္႕ရႈၾကတဲ့ ပရိသတ္ေတြကလည္း မ်က္ရည္လည္ေအာင္ေကာင္းတဲ့ ဇာတ္ကားလို႕ ခ်ီးက်ဴးေနၾကတာေတြ႕ရပါတယ္ ။ အထူးသျဖင့္ ဒီဇာတ္ကားမွာ ဗီလိန္အျဖစ္ ပါ၀င္ထားတဲ့ အကယ္ဒမီ ဦးေအာင္ခုိင္ ကေတာ့ ဒီကားရိုက္ကူးခဲ့တာ သူ႕အတြက္ အရမ္းကိုခက္ခဲခဲ့ပါတယ္ ။ ဒီကာရိုက္တာကို လုပ္ရမွာ တုန္လႈတ္ေနသလို မိဘကို ေစာ္ကားတဲ့သားတစ္ေယာက္ အေနနဲ႕ရိုက္ဖို႕ မ၀ံ့မရဲျဖစ္ခဲ့ရတယ္လုိ႕သိရပါတယ္ ။

 

ဦးေအာင္ခိုင္က အေမနဲ႔ပတ္သက္ျပီး အရမ္းခံစားခ်က္ျပင္းသလို ဦးေအာင္ခိုင္အေမ က ဒိုးတူေဘာင္ဖက္ နဲ႔ ေကာက္စိုက္ျပီး ရႊံ႕ထဲဗြက္ထဲမွာ အလုပ္လုပ္ခဲ့ျပီး ငယ္ငယ္အရမ္းကိုဆင္းရဲခ်ိဳ႕တဲ့ တဲ့ ဘ၀က လာခဲ့တာလုိ႕ သိရပါတယ္ ။ အေမနဲပတ္သက္ျပီး အရမ္းကိုခံစားခ်က္ျပင္းထန္တယ္လုိ႕ ဦးေအာင္ခုိင္က ေျပာျပခဲ့ပါတယ္ ။ ဒီကားကို မရိုက္ခင္က အန္ကယ္ေလးက ေခၚျပီး အစ္ကိုရဲ႕ အျပင္က ကာရိုက္တာနဲ႔ ဆန္႕က်င္ဘက္ပဲ အေမဆိုတဲ့ အင္မတန္တန္ဖိုးၾကီးမားတဲ့ သူတစ္ေယာက္ကို ပစ္စလတ္ခတ္ ေစာ္ကားရမွာ ေနာက္ဆံုး အေမကို အခ်ဳပ္ထဲထည္႕ျပီး အစာငတ္ေရငတ္ထားျပီးမွ အေမစားတဲ့ပန္းကန္ကို လက္နဲ႔မေပးဘဲ ေျခေထာက္နဲ႔ကန္ျပီးေပးတဲ့အခန္း ပါ၀င္ျပီး ကိုယ္က သရုပ္ေဆာင္ျဖစ္တဲ့အတြက္ မလုပ္ခ်င္လို႕လည္း မရဘူးလို႕ေျပာျပခဲ့ပါတယ္ ။

 

 

ဒါေပမယ့္ အန္ကယ္ေလးကလည္း “ အစ္ကို ဒီဟာေလးကို လုပ္ျပလိုက္လို႕ လူငယ္ေတြက ေၾသာ္ .. မိခင္ကို အေမကို ပစ္မွားေစာ္ကားမိရင္ ဒီလိုမိ်ဳးျပစ္ဒဏ္ကိုခံရတယ္ဆိုတာမ်ိဳးကို လာၾကည္႕တဲ့ကေလး ဆယ္ေယာက္မွာ သံုး ေလးေယာက္ေလာက္က အသိဥာဏ္ရသြားရင္ ကြ်န္ေတာ္တို႕ၾကိဳးစားရၾကိဳးနပ္ပါလိမ့္မယ္ “ လို႕ အားေပးစကားေျပာခဲ့တယ္လုိ႕သိရပါတယ္ ။ ဒီအခန္းကို ရိုက္ဖို႕အတြက္ မရွိေတာ့တဲ့ အေမကိုေရာ ဒီကားထဲမွာအေမေနရာက သရုပ္ေဆာင္မယ့္ သရုပ္ေဆာင္ကိုေရာ ကန္ေတာ့ျပီးေတာင္းပန္ခဲ့တယ္လို႕လည္း သိရပါတယ္ ။ ဒီအခန္းရိုက္ျပီးေတာ့ အန္ကယ္ေလးရဲ႕ အားေပးစကားေတြ နားေထာင္ရင္း ရိႈက္ၾကီးတငင္ ငိုခဲ့ရတယ္ လို႕လည္း ေျပာျပခဲ့ပါတယ္ ။

Source : Fashion Magazine Myanmar
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

နို့ဘီလူးကားရိုက်ကူးနေရင်းနဲ့ ရှိုက်ကြီးတငင် ငိုခဲ့ရတယ်ဆိုတဲ့ အောင်ခိုင်

ဒါရိုက်တာ အန်ကယ်လေး ရိုက်ကူးတဲ့ နို့ဘီလူး ဇာတ်ကားကြီးဟာ မိဘနဲ့သားသမီးကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ လူငယ်တွေအတွက် ပညာပေး ရိုက်ကူးထားတဲ့ကားလေးပဲ ဖြစ်ပါတယ် ။ ကြည့်ရှုကြတဲ့ ပရိသတ်တွေကလည်း မျက်ရည်လည်အောင်ကောင်းတဲ့ ဇာတ်ကားလို့ ချီးကျူးနေကြတာတွေ့ရပါတယ် ။ အထူးသဖြင့် ဒီဇာတ်ကားမှာ ဗီလိန်အဖြစ် ပါဝင်ထားတဲ့ အကယ်ဒမီ ဦးအောင်ခိုင် ကတော့ ဒီကားရိုက်ကူးခဲ့တာ သူ့အတွက် အရမ်းကိုခက်ခဲခဲ့ပါတယ် ။ ဒီကာရိုက်တာကို လုပ်ရမှာ တုန်လှုတ်နေသလို မိဘကို စော်ကားတဲ့သားတစ်ယောက် အနေနဲ့ရိုက်ဖို့ မဝံ့မရဲဖြစ်ခဲ့ရတယ်လို့သိရပါတယ် ။

ဦးအောင်ခိုင်က အမေနဲ့ပတ်သက်ပြီး အရမ်းခံစားချက်ပြင်းသလို ဦးအောင်ခိုင်အမေ က ဒိုးတူဘောင်ဖက် နဲ့ ကောက်စိုက်ပြီး ရွှံ့ထဲဗွက်ထဲမှာ အလုပ်လုပ်ခဲ့ပြီး ငယ်ငယ်အရမ်းကိုဆင်းရဲချို့တဲ့ တဲ့ ဘဝက လာခဲ့တာလို့ သိရပါတယ် ။ အမေနဲပတ်သက်ပြီး အရမ်းကိုခံစားချက်ပြင်းထန်တယ်လို့ ဦးအောင်ခိုင်က ပြောပြခဲ့ပါတယ် ။ ဒီကားကို မရိုက်ခင်က အန်ကယ်လေးက ခေါ်ပြီး အစ်ကိုရဲ့ အပြင်က ကာရိုက်တာနဲ့ ဆန့်ကျင်ဘက်ပဲ အမေဆိုတဲ့ အင်မတန်တန်ဖိုးကြီးမားတဲ့ သူတစ်ယောက်ကို ပစ်စလတ်ခတ် စော်ကားရမှာ နောက်ဆုံး အမေကို အချုပ်ထဲထည့်ပြီး အစာငတ်ရေငတ်ထားပြီးမှ အမေစားတဲ့ပန်းကန်ကို လက်နဲ့မပေးဘဲ ခြေထောက်နဲ့ကန်ပြီးပေးတဲ့အခန်း ပါဝင်ပြီး ကိုယ်က သရုပ်ဆောင်ဖြစ်တဲ့အတွက် မလုပ်ချင်လို့လည်း မရဘူးလို့ပြောပြခဲ့ပါတယ် ။

ဒါပေမယ့် အန်ကယ်လေးကလည်း “ အစ်ကို ဒီဟာလေးကို လုပ်ပြလိုက်လို့ လူငယ်တွေက သြော် .. မိခင်ကို အမေကို ပစ်မှားစော်ကားမိရင် ဒီလိုမျိုးပြစ်ဒဏ်ကိုခံရတယ်ဆိုတာမျိုးကို လာကြည့်တဲ့ကလေး ဆယ်ယောက်မှာ သုံး လေးယောက်လောက်က အသိဉာဏ်ရသွားရင် ကျွန်တော်တို့ကြိုးစားရကြိုးနပ်ပါလိမ့်မယ် “ လို့ အားပေးစကားပြောခဲ့တယ်လို့သိရပါတယ် ။ ဒီအခန်းကို ရိုက်ဖို့အတွက် မရှိတော့တဲ့ အမေကိုရော ဒီကားထဲမှာအမေနေရာက သရုပ်ဆောင်မယ့် သရုပ်ဆောင်ကိုရော ကန်တော့ပြီးတောင်းပန်ခဲ့တယ်လို့လည်း သိရပါတယ် ။ ဒီအခန်းရိုက်ပြီးတော့ အန်ကယ်လေးရဲ့ အားပေးစကားတွေ နားထောင်ရင်း ရှိုက်ကြီးတငင် ငိုခဲ့ရတယ် လို့လည်း ပြောပြခဲ့ပါတယ် ။

Source : Fashion Magazine Myanmar
Molly @CeleGabar

scroll to top