မိန်းမချော ကာရိုက်တာ ပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ ကမ်းလှမ်းကြတယ်ဆိုတဲ့ သံသာမိုးသိမ့်

6-5.png


 

 

 

 


Source : Popular
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

မိန်းမချော ကာရိုက်တာ ပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ ကမ်းလှမ်းကြတယ်”လို့ သံသာမိုးသိမ့်

သံသာမိုးသိမ့်ကတော့ အခုလက်ရှိ MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ကျွန်မက မဟေသီ ဆိုတဲ့ ကားမှာ ဗီလိန်နေရာက သရုပ်ဆောင်ပြီး ပရိသတ်မုန်းလောက်အောင် ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ နဲ့ မိန်းမချော ဆိုတဲ့ကာရိုက်တာနဲ့ မင်းသမီးချောလေး တစ်ယောက်ပါ ။ သူမရဲ့ သရုပ်ပီပြင်လှတဲ့ ဗီလိန် ကာရိုက်တာကြောင့် မုန်းတဲ့ ပရိသတ်တွေရှိသလို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ ။ လတ်တလောမှာတော့ ကျော်ထက်ဇော်နဲ့ အချစ်ဖွဲ့လေညင်း ဆိုတဲ့ စီးရီးတွဲလေးကို ထိုင်းဒါရိုက်တာနဲ့ရိုက်ကူးနေတယ်လို့သိရပါတယ် ။ ပင်းတယမှာ တစ်လခွဲ ရန်ကုန်မှာလေးလ နေပြည်တော်မှာ တစ်လ ရိုက်ကူးပြီး ၈လပိုင်းမှာလောက်မှာ ဒီစီးရီးလေးပြီးမယ်လို့သိရပါတယ် ။

မိန်းမချော ကာရိုက်တာနဲ့ ပရိသတ်တွေကြားမှာပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ လာကမ်းလှမ်းကြတဲ့အတွက် အရမ်းဝမ်းသာသလို အခွင့်အရေးရရင်လည်း လုပ်မှာပါလို့ သူမ က ပြောပြခဲ့ပါတယ် ။ ပရိသတ်တစ်ယောက်နဲ့ ကျွန်မက မဟေသီ ကားကိုပြန်ကြည့်တဲ့အခါမှာတော့ တချို့နေရာလေးတွေမှာ အားမရတာ လေးတွေတွေ့ပါတယ်တဲ့ ။ သူမအနေနဲ့ သူမ ဝေါထဲမှာ ဖြစ်ဖြစ် MRTV -4 Page မှာဖြစ်ဖြစ် သူမအတွက်ပေးထားသမျှကွန်မန့်တွေကို တစ်ကြောင်းမကျန် အကုန်လိုက်ဖတ်လေ့ရှိသလို ပြင်ဆင်စရာရှိတာလေးတွေ လည်း ပြင်ဆင်ဖြစ်တယ်လို့သိရပါတယ် ။ ကဲ CeleGabar ပရိသတ်ကြီးကရော မိန်းမချောကို ချစ်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Popular
Molly @CeleGabar

scroll to top