
005-16.jpg






Source – Tyron Bejay
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရဟိတဇာတ်ရုပ်လေးနဲ့ ပရိသတ်ကို ချွေးသိပ်ပေးလိုက်တဲ့ တိုင်ရွန်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ တိုင်ရွန်ဆိုတဲ့နာမည်ဆန်းဆန်းလေးနဲ့ မင်းသားချောလေးကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပျိုပျိုမေလေးတွေကြားမှာ အရမ်းကိုရေပန်းစားတဲ့အနုပညာရှင်တစ်ယောက်ပါ။တိုင်ရွန်ဟာ ချောမောပြေပြစ်တဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့အပြင် နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်ဖြစ်ရတဲ့ ခန္ဓာကိုယ်တောင့်တောင့်နဲ့ အရပ်ရှည်ရှည်ကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ ။

တိုင်ရွန်ကဇာတ်ကားတစ်ကားရဲ့ဇာတ်ဝင်ခန်းတစ်ခု ကို ပီပြင်စွာသရုပ်ဆောင်နေပါတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်ပေါ်က နေ ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါတယ်။ဇာတ်ဝင်ခန်းရဲ့အကြောင်းလေးကိုတိုင်ရွန်က”လမ်းကြုံရင်ပန်းလေးအားပေးသွားပါဦး …Ps; တံတားအောက် ပန်းရောင်းရင်းစာသင်တဲ့ကလေးတွေအစား ပန်းကူရောင်းပေးနေတဲ့အခန်းလေးရိုက်ကူး”ဆိုပြီး ဇာတ်ရုပ်ပုံရိပ်လေးတွေနဲ့ မျှဝေထားတာဖြစ်ပါတယ် ။ ဇာတ်ကောင်စရိုက်ဟာ “ကလေးတွေအစား ကူရောင်းပေးတာပါ ညဘက်ဆိုတံတားအောက်စာသင်တဲ့ကလေးတွေအစား အဲ့လိုဇာတ်ပါ” လို့လည်း မှတ်ချက်ကနေပြောပြထားပါသေးတယ်။ တိုင်ရွန်ရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကနေ တစ်ခုခုပြောခဲ့ကြပါဦးနော်။

Source – Tyron Bejay
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top