
1-20.png


 

 

 


Source : Kyawhtet Thu
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဇင်ဝိုင်းကြောင့် ဖျော်ဖြေရေး အနှောက်ယှက်ဖြစ်ခဲ့ရတဲ့ မီမီဝင်းဖေ

၂၀၁၈ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကတော့ ပရိသတ်တွေကြားမှာ ဂယက်အရိုက်ဆုံး ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ် ။ အကယ်ဒမီဘုတ်အဖွဲ့ဝင်တွေ ကိုလည်း ပရိသတ်တွေက မကျေမနပ် ဖြစ်ခဲ့ကြတဲ့ အထိ ဂယက်တွေ ရိုက်ခဲ့တာဖြစ်ပါတယ် ။ မကြာခင်မှာပဲ အကယ်ဒမီအတွက် အကဲဖြတ်ပေးကြတဲ့ ဘုတ်အဖွဲ့တွေ လာဘ်ပေးလာဘ်ယူ ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့သလို မတရားဘူးလို့ ပရိသတ်တွေ စီက ဝေဖန်သံတွေလည်း ထွက်ရှိခဲ့ပါတယ် ။ အနုပညာရှင် အသိုင်းအဝိုင်းထဲမှာကို အကယ်ဒမီ ဘုတ်အဖွဲ့ရဲ့ အားနည်းချက်တွေကို ဝေဖန်ထောက်ပြခံခဲ့ရတဲ့အထိ ဒီနှစ်အကယ်ဒမီ ပေးပွဲဟာ ပွဲဆူခဲ့တာပါ ။

လတ်တလောမှာတော့ the 5ive concert liveမှာ တေးသံရှင် မီမီဝင်းဖေက ပန်းချစ်သူသီချင်း ဆိုနေစဉ် နောက်ခံ LED screenမှာ ဒဏ္ဍာရီရုပ်ရှင်ကားထဲက ဇင်ဝိုင်းပုံကြီးပေါ်လာတော့ . ပရိသတ်အရမ်းကြိုက်ခဲ့ပြီး ဦး ဇင်ဝိုင်းကိုယ်တိုင် အကယ်ဒမီတစ်ပေးခံခဲ့ရတဲ့ ကားဖြစ်နေပေမယ့် ပိတ်ပေးပါဆိုပြီး အောက်ကပရိသတ်တွေက ဝိုင်းအော်ခဲ့ကြတယ်လို့သိရပါတယ် ။ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်ကအသက်ပါ ၊ ခုလိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ကပါ ဒီလိုဆန့်ကျင်နေကြတဲ့အတွက် ရလဒ် ကတော့ ကောင်းစရာမမြင်ပါဘူး ပရိသတ်ကြီးရေ ..။

Source : Kyawhtet Thu
Molly @CeleGabar

scroll to top