2-20.png
Source : Nan Khin Zayyar
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
ရှုတင်မှာ ပျော်ရွှင်စွာ သီချင်းတွေ သီဆိုခဲ့ကြတဲ့ အနုပညာရှင်များ
နန်းခင်ဇေယျာအပါဝင် တခြားအနုပညာရှင်တွေ အများကြီး ပါဝင်တဲ့ အနုပညာအဖွဲ့သားတွေဟာ လွန်ခဲ့တဲ့ ၈လခန့်က ပုပ္ပါးမှာ ရုပ်ရှင်သွားရောက် ရိုက်ကူးခဲ့ကြပါတယ် ။ သွားရောက်ရိုက်ကူးကြတဲ့ အနုပညာရှင်တွေကတော့ နန်းခင်ဇေယျာ ၊ ဦးခင်လှိုင်ရဲ့သား နေရဲ ၊ အဆိုတော် သိန်းလင်းစိုး ၊ ထူးခြား ၊ နေမျိုးအောင် နဲ့ နေမျိုးအောင်သား မင်းထိုက်တို့ပဲ ဖြစ်ပါတယ် ။ အနုပညာရှင် တွေအားလုံး ပုပ္ပါးမှာ ရုပ်ရှင်သွားရောက်ရိုက်ကူးကြတာ တကယ်ကို အနုပညာမောင်နှမတွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ အရမ်းကိုပျော်စရာကောင်းတယ် ဆိုတာ နန်းခင်ဇေယျာရဲ့ Live က သက်သေပြနေပါတယ် ပရိသတ်ကြီးရေ..။နန်းခင်ဇေယျာက သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေ Live လွှင့်ပြီး ရှုတင်ခဏနားတုန်း သီချင်းတွေ ပျော်ရွှင်စွာသီဆို ခဲ့ကြတာဖြစ်ပါတယ် ။ စိုင်းစိုင်းရဲ့ နွေရာသီလမ်းခွဲ သီချင်းကို ထူးခြားနဲ့အတူ နေရဲတို့က သီဆိုခဲ့ကြသလို နေမျိုးအောင်ကို စနောက်နေကြတာ ကြည့်ရတဲ့ ပရိသတ်တွေ ပါ အပျော်တွေ ကူးစက်စေပါတယ် ပရိသတ်ကြီးရေ ..။ ဒီလွန်ခဲ့တဲ့ ၈လက ဗီဒီယိုလေးကို သရုပ်ဆောင်နေရဲက သူ့ရဲ့လူမှုကွန်ရက်ကနေ ပြန်လည်မျှဝေပြီး အရမ်းလည်းပျော်စရာကောင်းခဲ့သလို အားလုံးကိုအရမ်း သတိရတယ်လို့ ရေးသားထားတာ တွေ့ရပါတယ် ။ CeleGabar ပရိသတ်ကြီး ကိုလည်း အပျော်တွေကူးစက်အောင် ဒီဗီဒီယိုလေး ကို တဆင့် ပြန်လည်မျှဝေေ ပးလိုက်ပါတယ်နော် ။
Source : Nan Khin Zayyar
Molly @CeleGabar
scroll to top